ကရာတေးဒို

ကရာတေးဒိုအားကစားသမိုင်း

ကရာတေးဒို၏ အဓိပ္ပာယ် ။ ။ “ကရာတေး” နှင့် “ကရာတေးဒို” သည် တစ်ခုတည်းဖြစ်သည်။ “ကရာတေးဒို”က ပိုမိုပြည့်စုံသော အမည်ဖြစ်ပြီး “ကရာတေး”ဟု အလွယ်တကူ ခေါ်ဆိုခြင်းဖြစ်ပါသည်။“ဒို”သည် ဂျပန်လူမျိုးတို့၏  Phillosophy ဖြစ်ပြီး Way of life “ဘဝတစ်သက်တာ ကျင့်ကြံအားထုတ်ရမည့် နည်းလမ်း”ဟု အဓိပ္ပာယ်ရပါသည်။ ဂျပန်ကိုယ်ခံပညာအမည် များ၏ နောက်တွင် “ဒို” ဖြင့်အဆုံးသတ်လေ့ရှိပါသည်။

ဥပမာ - ဂျူဒို (Judo)၊ အိုက်ကီဒို (Aiki do)၊ ကင်ဒို (kendo)

(က) ကမ္ဘာ့ကရာတေးဒိုသမိုင်း(အကျဉ်း)

၁။ကရာတေးဒိုသည် ဂျပန်လူမျိုးတို့၏ရိုးရာကိုယ်ခံပညာမှ ကမ႓ာ့အားကစားအဖြစ်ပြောင်းလဲလာခြင်း ဖြစ်ပါသည်။

၂။၁၉၀၅ ခုနှစ်တွင် ဂျပန်နိုင်ငံ အိုကီနာဝါဒေသရှိ အလယ်တန်းကျောင်းများအတွက် ကာယပညာတစ်ရပ် အဖြစ် စတင်ပြဋ္ဌာန်းခဲ့ပါသည်။

၃။ ၁၉၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ပထမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ရိုးရာကိုယ်ခံပညာတစ်ရပ် အနေဖြင့် ထည့်သွင်းသရုပ်ပြသရာမှ ဂျပန်တစ်ပြည်လုံးသို့ စတင်ပျံ့နှံ့ခဲ့သည်။

၄။ အထူးသဖြင့် တိုကျိုမြို့ရှိ နာမည်ကြီးတက္ကသိုလ်များတွင် ကရာတေးဒိုကလပ်အသင်းများ ပေါ်ထွက်လာခဲ့ သည်။

၅။၁၉၅၇ ခုနှစ်တွင် ဂျပန်နိုင်ငံလုံးဆိုင်ရာ ပထမဆုံးကရာတေးဒိုပြိုင်ပွဲကို တိုကျိုမြို့၌ စတင်ကျင်းပနိုင်ခဲ့ သည်။

၆။ ၁၉၆၄ ခုနှစ်တွင် “ဂျပန်နိုင်ငံကရာတေးဒိုအဖွဲ့ချုပ်” Federation of All Japan Karatedo Organizations (FAJKO) ကို ဖွဲ့စည်းခဲ့သည်။ (ယခုအခါ Japan Karatedo Federation (JKF) ဟုခေါ်ဆိုပါသည်။)

၇။ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံ၌ အခြေစိုက်သော မဟာမိတ်တပ်များတွင် ကရာတေးဒိုပညာရပ်သည် အထူးရေပန်းစားလျက် သင်တန်းများဖွင့်လှစ်သင်ကြားပေးရသည်အထိ ပြည်ပနိုင်ငံသားများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ပါသည်။

၈။ယင်းပြည်ပနိုင်ငံသားများမှတစ်ဆင့် ကရာတေးဒိုပညာရပ်သည် ကမ္ဘာအရပ်ရပ်သို့ ပျံ့နှ့ံခဲ့ပါသည်။

၉။ ၁၉၇၀ ခုနှစ်တွင် (၃၃)နိုင်ငံပါဝင်သော “ပထမအကြိမ်ကမ္ဘာ့ကရာတေးဒိုပြိုင်ပွဲ”ကို တိုကျိုမြို့၌ ကျင်းပနိုင် ခဲ့ပြီး “ကမ္ဘာ့ကရာတေးဒိုအဖွဲ့ချုပ်” World Union of Karatedo Organizations (WUKO) ကိုဖွဲ့စည်းနိုင် ခဲ့ပါသည်။ (၁၉၉၄ ခုနှစ်တွင် International Olympic Committee(IOC)၏ညွှန်ကြားချက်အရ “World Karate Federation” (WKF)ဟု အမည်ပြောင်းခဲ့ပြီးဖြစ်ပါသည်။)

၁၀။ ၁၉၈၅ ခုနှစ်တွင် IOC က WUKO ကို ကမ႓ာ့ကိုယ်စားပြု တစ်ခုတည်းသော အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုခဲ့ပါသည်။

၁၁။ ၁၉၇၀ ခုနှစ်မှစတင်၍ (၂)နှစ်တစ်ကြိမ် အလှည့်ကျစနစ်ဖြင့် အဖွဲ့ဝင်နိုင်ငံများတွင် ကမ္ဘာ့ကရာတေးဒိုပြိုင်ပွဲ ကို ကျင်းပပေးခဲ့ရာ ၂၀၀၄ခုနှစ်တွင် “(၁၇)ကြိမ်မြောက် ကမ္ဘာ့ကရာတေးဒိုပြိုင်ပွဲကို” မက္ကဆီကို နိုင်ငံ၌ ကျင်းပခဲ့ပြီးဖြစ်ပါသည်။

၁၂။ “ကရာတေးဒို” ကို အာရှဒေသဆိုင်ရာ ပြိုင်ပွဲဝင်အားကစားနည်း တစ်ရပ်အနေဖြင့် ၁၉၈၇ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ပြုလုပ်ခဲ့သော (၁၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (14th SEA Games)တွင်လည်းကောင်း၊ ၁၉၉၄ ခုနှစ် ဂျပန်နိုင်ငံ Hiroshima မြို့၌ ပြုလုပ်ခဲ့သော (12th ASIAN Games) တွင်လည်းကောင်း စတင်ထည့်သွင်းကျင်းပခဲ့ပြီး ဖြစ်ပါသည်။

(ခ) မြန်မာ့ကရာတေးဒိုသမိုင်း(အကျဉ်း)

၁။ ၁၉၈၉ ခုနှစ်၊ ဇွန်လ(၁၂)ရက်တွင် “မြန်မာနိုင်ငံကရာတေးဒိုအဖွဲ့ချုပ်” ကို နိုင်ငံတော်က တရားဝင်ဖွဲ့စည်း ပေးခဲ့ပြီး မြန်မာ့ကရာတေးဒိုအားကစားနည်း တိုးတက်ပြန့်ပွားရေးနှင့် နိုင်ငံတော်ကအလေးထားပါဝင် ယှဉ်ပြိုင်လျှက်ရှိသော “အရှေ့တောင်အာရှအားကစားပြိုင်ပွဲ” (South East Asia Games- SEA Games) အပါအဝင်အပြည်ပြည်ဆိုင်ရာ ကရာတေးဒိုပြိုင်ပွဲများတွင် အောင်နိုင်မှုများရရှိ၍ နိုင်ငံဂုဏ်ဆောင်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

၂။ ၁၉၈၉ ခုနှစ် (၁၅)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှစတင်၍ မြန်မာ့ကရာတေးဒို အားကစားသမားများ အပြည်ပြည်ဆိုင်ရာ ကရာတေးဒိုပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါသည်။

၃။ အခြေခံကရာတေးဒိုသင်တန်းများ ဖွင့်လှစ်သင်ကြားခြင်းကို တစ်နိုင်ငံလုံး၌ ကျယ်ကျယ်ပြန့်ပြန့်စည်းရုံး လုပ်ဆောင်၍ လူသစ်တန်းကရာတေးဒိုပြိုင်ပွဲ၊ နှစ်စဉ်တိုင်းဒေသကြီးနှင့် ပြည်နယ်ကရာတေးဒိုပြိုင်ပွဲ၊ Japan Cupပြိုင်ပွဲ၊ သက်ငယ်တန်းကရာတေးဒိုပြိုင်ပွဲ၊ ကမ႓ာ့အိုလံပစ်နေ့အထိမ်းအမှတ်ကရာတေးဒိုပြိုင်ပွဲ၊ ကျောင်းပေါင်းစုံကရာတေးဒိုပြိုင်ပွဲ၊ အမျိုးသားတံခွန်စိုက် ကရာတေးဒိုပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိပါ သည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် ကရာတေးဒိုအားကစားနည်းကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ် တွင် ကျား(၅)ဦး၊ မ(၅)ဦးဖြင့် စတင်၍သင်ကြားခဲ့ပါသည်။ ယခုပညာသင်နှစ် ၂၀၁၄-၁၅တွင် ကျား(၁၀)ဦး၊ မ(၁၀)ဦး၊ စုစုပေါင်း(၁၂)ဦးဖြင့် သင်ကြားလျက်ရှိပါသည်။အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကရာတေးဒိုအားကစားနည်းတွင် ကျား( )ဦး၊မ( )ဦးတို့ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကရာတေးဒိုအားကစားနည်း၏တစ်နေ့တာလုပ်ဆောင်ချက်များ

ကရာတေးဒိုအားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်မှာ-

(က) နံနက်(၀၄း၃၀)နာရီအချိန် တာဝန်ကျဆရာမှ နှိုးခရာမှုတ်အိပ်ထခြင်း။

(ခ) နံနက်(၀၅း၁၅)နာရီအချိန် Training မသွားမီတန်းစီလူစစ်ဆေးခြင်းနှင့် မိမိအားကစားရုံသို့ တန်းစီထွက်ခွာခြင်း။

(ဂ) မိမိအားကစားရုံတွင် (၀၅း၃၀)နာရီမှ (၀၆း၄၅)နာရီအထိ လေ့ကျင့်မှုပြုလုပ်ပြီး စားရိပ်သာ တွင် နံနက်စာသုံးဆောင်ပြီး အိပ်ဆောင်သို့ပြန်၍ ခေတ္တအနားပေးပြီး ကျောင်းတက်ရန် ပြင်ဆင်ကြပါသည်။

(ဃ) (ဝရး၃၀)နာရီအချိန် ကျောင်းတက်ရန်လူစစ်တန်းစီခြင်းများ ပြုလုပ်ပြီး ယခုသင်ကြားရန် အတွက် ကျောင်းတက်ကြပါသည်။

(င) (၁၂း၃၀)နာရီအချိန်တွင် ကျောင်းလွှတ်ပြီး စားရိပ်သာတွင်နေ့လည်စာ သုံးဆောင်၍ အိပ်ဆောင်၌ ခေတ္တအနားယူခြင်း။

(စ) (၁၄းဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာမှအိပ်ယာထပ်နှိုးခရာမှုတ်၍ Training သွားရန် ပြင်ဆင်ခြင်းများပြုလုပ်ခြင်း။

(ဆ) (၁၄း၁၅)နာရီအချိန် Training မသွားမီတာဝန်ကျဆရာမှ တန်းစီလူစစ်ဆေးခြင်းများ ပြုလုပ်ပြီး မိမိအားကစားရုံကွင်းများသို့ စနစ်တကျတန်းစီသွားကြပါသည်။

(ဇ) (၁၄း၃၀)နာရီအချိန်မှ (၁၅းဝ၀)နာရီအချိန်ထိ မိမိလေ့ကျင့်ရေးရုံတွင် Mental Training များလေ့ကျင့်ဆောင်ရွက်ပေးခြင်း။

(စျ) (၁၅းဝ၀)နာရီအချိန်တွင် မိမိအားကစားနည်းအလိုက် Training plan အတိုင်း လေ့ကျင့်မှု များ ပြုလုပ်ပြီး (၁ရး၁၅)နာရီအချိန်လေ့ကျင့်မှုရပ်နားပြီး (၁၅)မိနစ်၊ ရုံပတ်ဝန်းကျင် သန့်ရှင်းရေးများပြုလုပ်ပြီး၊ ညနေစာသုံးဆောင်ရန်အတွက် ခေတ္တရပ်နားခြင်းဖြစ်ပါသည်။

(ည) ညနေစာကို (၁၈းဝ၀)နာရီအချိန်မှ (၁၉းဝ၀)နာရီအချိန်ထိ ညနေစာသုံးဆောင်၍ (၁၉းဝ၀) နာရီအချိန် ညစာကြည့်ရန်အတွက် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်း ပြုလုပ်ပြီး (၁၉းဝ၀)နာရီမှ (၂၁းဝ၀)အချိန်ထိ ညစာကျက်၍ (၂ဝးဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်းပြုလုပ်ပြီး နောက်တစ်နေ့အစီအစဉ် နှင့် လိုအပ်တာများမှာကြားပြီးတစ်နေ့တာပြီးဆုံးခြင်းနှင့် ပြီးစေတန်းဖြုတ်ခြင်း၊ အိပ်စက် အနားယူရန်အတွက် ပြင်ဆင်ခြင်းနှင့် (၂ဝးဝ၀)နာရီအချိန် မီးမှိတ်ခရာမှုတ်၍ အိပ်စက် အနားယူခြင်း၊ တစ်နေ့တာပြီးဆုံးခြင်းဖြစ်ပါသည်။

လေ့ကျင့်သင်ကြားမှု: