စက်ဘီး

စက်ဘီးသမိုင်းနှင့် စက်ဘီးစီးအားကစား

ရှေးများအရ ရှေးအီဂျစ်နိုင်ငံတွင် ဘီးနှစ်ဘီးတပ်ယာဉ်များ ထိုခေတ်ကာလတွင် ရှိခဲ့ကြောင်း သိရ သည်။ ၄င်းယာဉ်များသည် စက်ဘီးသမိုင်း၏ အစဖြစ်နိုင်သည်။ 1416 ရာစုအနုပညာ၊ စာပေထွန်းကား သော အလယ်ခေတ်များနှင့် ပြန်လည်ဆန်းသစ်သော ခေတ်ကာ (Renaissance Period) များ မတိုင်မီ ဘီးနှစ်ဘီးတပ်ယာဉ်များ ရှိခဲ့ကြောင်း၊ အထောက်အထားမတွေ့ရပါ။

1790 ခုနှစ်တွင် ပြင်သစ်နိုင်ငံပါရီမြို့မှာ ဆစ်ဖ်ရပ်မြို့စားကြီး Count of Civrac ထွင်ခဲ့သော (Celerifere) စက်ဘီးမှာ အစောဆုံးစက်ဘီးဟု ယူဆရဖွယ်ရှိသည်။

1816 ခုနှစ်တွင် ဂျာမန်လူမျိုး ဝေါ်တရေ့စ် (Von Drais) ၏ စက်ဘီး၊ Draisienne ပေါ်ပေါက် လာပြီး မကြာမီ အပျော်စီးနှင့်ပြိုင်ပွဲဝင်ရန်အတွက် စက်ဘီးများကို သုံးလာကြသည်။ ထိုခေတ် စက်ဘီး စီးသူများသည် တစ်ဦးနှင့် တစ်ဦးပြိုင်ရန်အတွက် စက်ဘီးများကို သုံးလာကြသည်။

ပြိုင်ပွဲများ (Competitions)

ပထမဆုံး ကြီးကြပ်ပြုလုပ်သော ပြိုင်ပွဲကို “Grand Prix of the City of Amiens” ကို ပြင်သစ် နိုင်ငံအေမင်းစ်မြို့တွင် ကျင်းပခဲ့ပြီး၊ ၄င်းပြိုင်ပွဲကို ပြင်သစ်လူမျိုး Cavigneux နိုင်ခဲ့သည်။ 1818 ခုနှစ် ဧပြီလ (၅)ရက်နေ့တွင် ပဲရစ်စ်မြို့ “ Jardin du Luxembourg” ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များကို မီတာ ၆၀၀ အကွာအဝေးကို ပြိုင်ခဲ့ကြသည်။ 1868 ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ဂျိမ်းစ်မိုး James Moore သည် ပထမဦးဆုံးသော အပြည်ပြည်ဆိုင်ရာပြိုင်ပွဲဝင်အနေဖြင့် “St. Cloud Grand Prix” (စိန့်တက်လောက်ဂရော်န်ပရိ)ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ၄င်းသည် 1869 ခုနှစ်တွင် ကီလိုမီတာ 130 ဝေးသော ပထမအကြိမ် Paris-Rouen ပြိုင်ပွဲကို တစ်နာရီပျမ်းမျှ 12.4 ကီလိုမီတာနှုန်းဖြင့် နင်းပြီး နိုင်ခဲ့ သည်။ နေရာတိုင်းရှိ စက်ဘီးကွင်းများတွင် “Bol Dor” ဟုခေါ် ၂၄ နာရီ ခံနိုင်ရည်စစ်သော ပြိုင်ပွဲများ လုပ်လာခဲ့ကြသည်။ ဤခက်ခဲသော အားရစရာကောင်းသော ပြိုင်ပွဲများကို ပရိသတ်အများအပြား လာရောက်အားပေးခဲ့ကြသည်။ ပြည်သူလူထု၏ စိတ်ဝင်စားမှုကို သတင်းစာဆရာများ သိလာသောအခါ သတင်းစာတိုက်ကြီးများသည် “၂၄”နာရီပြိုင်ပွဲများကို လမ်းမများပေါ်တွင် ကျင်းပလာခဲ့ကြသည်။ သိပ်မကြာမီ 1891 ခုနှစ်တွင် ပြင်သစ်နိုင်ငံတွင် ကီလိုမီတာ 580 ရှည်သော “Bordeaux Parix” ပြိုင်ပွဲ စလုပ်လာကြသည်။ ၄င်းနှစ်တွင်ပင် 1200 ကီလိုမီတာ ဝေးသော Paris Brest ပြိုင်ပွဲကို ကျင်းပခဲ့ကြ သည်။ သတင်းစာတိုက်ကြီးများ ပြည်သူလူထု၏ စိတ်ဝင်စားမှုကို သတင်းစာဆရာများ သိလာသော အခါ သတင်းစာတိုက်ကြီးများသည် “၂၄”နာရီပြိုင်ပွဲများကို လမ်းမများပေါ်တွင် ကျင်းပလာခဲ့ကြသည်။

1903 ခုနှစ်တွင် Henry Desgranges သည် ၄င်းထုတ်ဝေသော 1 Auto သတင်းစာပိုမိုရောင်း အားကောင်းလာစေလိုသော စိတ်ကူးဖြင့် Tour de France ပြိုင်ပွဲကို ကျင်းပခဲ့သည်။ မကြာမီ 1908 ခုနှစ်တွင် ပထမအကြိမ် Tour of Belgium ပြိုင်ပွဲကို ကျင်းပပြီး 1909 ခုနှစ်တွင် ပထမအကြိမ် Tour of Italy ပြိုင်ပွဲကို ကျင်းပခဲ့ကြသည်။

ထို့အတူ ကွင်းအတွင်း ပြိုင်ပွဲတွင် အင်္ဂလိပ်လူမျိုး Doods သည် ပထမဆုံးတစ်နာရီနင်းသော စံချိန်တင်ခဲ့သည်။ ၄င်းသည် တစ်နာရီ (မိနစ် ၆ဝအတွင်း)တွင် 25.598 ကီလိုမီတာနင်းနိုင်ခဲ့သည်။ နောက်ပိုင်းဆက်တိုက် နိုင်ငံပေါင်းစုံတွင် ထိုစံချိန်ထက်သာအောင် လူအမြောက်အများ တစ်ယောက်ပြီး တစ်ယောက် စံချိန်သစ်တင်လာကြသည်။ စံချိန်ရှင်အချို့၏ အမည်များမှာ Fausto Coppi, Jacques Anquetil, Eddy Merckx, Moser, Andurain, Tony Rominger, Boardman တို့ဖြစ်သည်။ Boardman သည် မန်ချက်စတာ စက်ဘီးကွင်းတွင် တစ်နာရီတွင် 56.375 ကီလိုမီတာ နင်းနိုင်ခဲ့သည်။အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) စက်ဘီးအားကစားနည်းတွင် ကျား(၁၂)ဦး၊ မ(၁၂)ဦး တို့ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) စက်ဘီးအားကစားနည်း၏တစ်နေ့တာလုပ်ဆောင်ချက်များ

စက်ဘီးအားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်မှာ-

(က) နံနက်(၀၄း၃၀)နာရီအချိန် တာဝန်ကျဆရာမှ နှိုးခရာမှုတ်အိပ်ထခြင်း။

(ခ) နံနက်(၀၅း၁၅)နာရီအချိန် Training မသွားမီတန်းစီလူစစ်ဆေးခြင်းနှင့် မိမိအားကစားရုံသို့ တန်းစီထွက်ခွာခြင်း။

(ဂ) မိမိအားကစားရုံတွင် (၀၅း၃၀)နာရီမှ (၀၆း၄၅)နာရီအထိ လေ့ကျင့်မှုပြုလုပ်ပြီး စားရိပ်သာ တွင် နံနက်စာသုံးဆောင်ပြီး အိပ်ဆောင်သို့ပြန်၍ ခေတ္တအနားပေးပြီး ကျောင်းတက်ရန် ပြင်ဆင်ကြပါသည်။

(ဃ) (ဝရး၃၀)နာရီအချိန် ကျောင်းတက်ရန်လူစစ်တန်းစီခြင်းများ ပြုလုပ်ပြီး စာသင်ကြားရန် အတွက် ကျောင်းတက်ကြပါသည်။

(င) (၁၂း၃၀)နာရီအချိန်တွင် ကျောင်းလွှတ်ပြီး စားရိပ်သာတွင်နေ့လည်စာ သုံးဆောင်၍ အိပ်ဆောင်၌ ခေတ္တအနားယူခြင်း။

(စ) (၁၄းဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာမှအိပ်ယာထပ်နှိုးခရာမှုတ်၍ Training သွားရန် ပြင်ဆင်ခြင်းများပြုလုပ်ခြင်း။

(ဆ) (၁၄း၁၅)နာရီအချိန် Training မသွားမီတာဝန်ကျဆရာမှ တန်းစီလူစစ်ဆေးခြင်းများ ပြုလုပ်ပြီး မိမိအားကစားရုံကွင်းများသို့ စနစ်တကျတန်းစီသွားကြပါသည်။

(ဇ) (၁၄း၃၀)နာရီအချိန်မှ (၁၅းဝ၀)နာရီအချိန်ထိ မိမိလေ့ကျင့်ရေးရုံတွင် Mental Training များလေ့ကျင့်ဆောင်ရွက်ပေးခြင်း။

(စျ) (၁၅းဝ၀)နာရီအချိန်တွင် မိမိအားကစားနည်းအလိုက် Training plan အတိုင်း လေ့ကျင့်မှု များ ပြုလုပ်ပြီး (၁ရး၁၅)နာရီအချိန်လေ့ကျင့်မှုရပ်နားပြီး (၁၅)မိနစ်၊ ရုံပတ်ဝန်းကျင် သန့်ရှင်းရေးများပြုလုပ်ပြီး၊ ညနေစာသုံးဆောင်ရန်အတွက် ခေတ္တရပ်နားခြင်းဖြစ်ပါသည်။

(ည) ညနေစာကို (၁၈းဝ၀)နာရီအချိန်မှ (၁၉းဝ၀)နာရီအချိန်ထိ ညနေစာသုံးဆောင်၍ (၁၉းဝ၀) နာရီအချိန် ညစာကြည့်ရန်အတွက်တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်း ပြုလုပ်ပြီး (၁၉းဝ၀)နာရီမှ (၂၁းဝ၀)အချိန်ထိ ညစာကျက်၍ (၂ဝးဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်းပြုလုပ်ပြီး နောက်တစ်နေ့အစီအစဉ် နှင့် လိုအပ်တာများမှာကြားပြီးတစ်နေ့တာပြီးဆုံးခြင်းနှင့် ပြီးစေတန်းဖြုတ်ခြင်း၊ အိပ်စက် အနားယူရန်အတွက် ပြင်ဆင်ခြင်းနှင့် (၂ဝးဝ၀)နာရီအချိန် မီးမှိတ်ခရာမှုတ်၍ အိပ်စက် အနားယူခြင်း၊ တစ်နေ့တာပြီးဆုံးခြင်းဖြစ်ပါသည်။

လေ့ကျင့်သင်ကြားမှု: