ပိုက်ကျော်ခြင်း

ပိုက်ကျော်ခြင်းအားကစားသမိုင်းအကျဉ်း

အပြည်ပြည်ဆိုင်ရာပိုက်ကျော်ခြင်းအားကစားနည်းပေါ်ပေါက်လာပုံ

ပိုက်ကျော်ခြင်းကို(၁၅)ရာစုခန့်က မလေးရှားကျွန်းဆွယ်၌ စတင်ကစားခဲ့ပြီး စက်ဝိုင်းပုံသဏ္ဍာန် အုပ်စုဖွဲ့၍ ခြင်းလုံးကိုမြေမကျအောင်ခြေထောက်၊ ရင်ဘတ်၊ ဦးခေါင်းတို့ဖြင့် ထိန်းသိမ်းခတ်ကစားခဲ့ကြ သည်။ အမှတ်ရေတွက်ခြင်းစနစ်ဖြင့် ခတ်ကစားခဲ့ကြသည်။ (မြန်မာတို့ဝိုင်းခြင်းခတ်ကစားနည်းနှင့်ဆင် တူသည်။)

၁၉၂၀ ခုနှစ်တွင် စီပက်ရာဂါ(ခ)ဝိုင်းဖွဲ့ကစားရာမှ ပိုက်ခြား၍ တစ်ဖက်နှင့်တစ်ဖက်ခြင်းလုံး မြေမကျအောင် ကစားလာကြသည်။

၁၉၃၀ ခုနှစ် ကာယလေ့ကျင့်ရေးစာအုပ် “တိဘက်လတ်တိဟန်ကျူးတပ်”ဟုခေါ်သော ကစားနည်း - ရဝပါသောစာအုပ်၊ စာမျက်နှာ ၂၂၅တွင် ပိုက်ခြား၍ကစားရသော စီပက်ရာဂါအကြောင်းကို ကစားနည်းတစ်ခုအနေဖြင့် ပထမဆုံးပုံနှိပ်ထုတ်ဝေပြီး မလေးရှားနိုင်ငံ(FMS-SS) ကျောင်းများ၌ သင်ရိုးညွန်းတမ်းတွင် ထည့်သွင်းထားပါသည်။

၁၉၃၅ ခုနှစ်၊ နဂါရိဆမ်ဘိလပ်ပြည်နယ်တွင် သရုပ်ပြတစ်ခုကျင်းပသည့် ပဥ္စမမြာက် ဂျော့ဘုရင် ၏ ငွေရတုကျင်းပသော အချိန်ဖြစ်နေသဖြင့် စီပက်ရာဂါတျတလိဟုထင်ရှားသည်။

စီပက် - ကန်သည်။

ရာဂါ - ခြင်းလုံး

ဂျာရင်း - ပိုက်

ထို့ကြောင့် ပိုက်ကျော်အစ မလေးကဟု ဆိုစမှတ်ပြုကြသည်။

၁၉၄၅ ခုနှစ်၊ ပီနန်တွင် သရုပ်ပြပွဲကျင်းပသည်။ ထိုမှတဆင့် အရှေ့တောင်အာရှသို့ ပျံ့နှံ့လာ သည်။

၁၉၆၀ ခုနှစ် ပထမဆုံးအကြိမ်ကျွန်းဆွယ်နိုင်ငံများ အစည်းအဝေးခေါ်ယူညှိနှိုင်းသည်။

၁၉၆၅ ခုနှစ် တတိယအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲကို မလေးရှား နိုင်ငံတွင် ကျင်းပရာ(စီပက်ရာဂါဂျင်း)ကို ထည့်သွင်းကျင်းပသည်။ အမည်ပေးခြင်းမှာမလေးအခေါ် (စီပက်=sepak)ကန်သည်နှင့် ထိုင်းအခေါ်(တက်ကရော=takraw)ခြင်းလုံးကို ပေါင်းစပ်၍ (စီပက်တာကရော=Sepaktakraw)ဟု နောက်ဆုံးအမည်သတ်မှတ်ခဲ့ကြသည်။

ASTAF အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ်ကို (၁၉.၁၂.၁၉၆၅)တွင် ဖွဲ့စည်းခဲ့သည်။

ASTAF အပြည်ပြည်ဆိုင်ရာ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ကို ၁၉၉၃ ခုနှစ်၊ မေလတွင် ဖွဲ့စည်းခဲ့သည်။

အဓိကပြောင်းလဲချက်များမှာ ယခင်က ခြင်းလုံးကို ၃လွှာ၊ ၂လွှာ၊ ၁လွှာကြိမ်ခြင်းဖြင့်စ၍ ကစား ကြသည်။

(၁၉၈၄)ခုနှစ်တွင် ပထမအကြိမ် ထိုင်းဘုရင့်ဖလားတွင် “ပလပ်စတစ်ဖိုင်ဘာ” ခြင်းလုံးဖြင့် စတင်ကစားကြသည်။

၄င်း “ပလပ်စတစ်ဖိုင်ဘာ” ခြင်းလုံးကို ထိုင်းနိုင်ငံ Marathon ကုမ္ပဏီမှ စတင်တီထွင်ထုတ်လုပ် ခဲ့သည်။

အမှတ်ပေးခြင်းစနစ်(၂၁)မှတ်၊ (၃)ပွဲကိုစတင်၍ ယခင်ကအသုံးပြုသည်။

၁၉၆၅)ခုနှစ် (၁၅၊ ၁၅၊ ၁၅)အမှတ်ပိုရှိသည့်စနစ်ကို ကစားခဲ့သည်။

(၁၉၉၆)ခုနှစ်တွင် (၁၅၊ ၁၅၊ ၁၅)တတိယပွဲငယ် (၄)မှတ်တူလျှင် (၆)မှတ်သည် နောက်ဆုံး ရမှတ်ဖြစ်သည်။

(၂၀၀၂)ခုနှစ် (၁၄)ကြိမ်မြောက် အာရှပွဲမှစတင်၍ (၂၁၊ ၂၁၊ ၁၅)အမှတ်ပိုရှိသည်။ ကျမှတ်စနစ် ကို စတင်ပြောင်းလဲကျင့်သုံးခဲ့သည်။

မြန်မာနိုင်ငံတွင် ပိုက်ကျော်ခြင်းအားကစားနည်းစတင်ပေါ်ပေါက်လာပုံနှင့် သမိုင်းအကျဉ်း

(၅)ရာစုခန့်က ပျူခေတ်ငွေခြင်းလုံးကို စတင်တွေ့ရှိခဲ့သည်။ ငွေခြင်းလုံးတွေ့ရှိချက်ကို မူတည်၍ ၄င်းခေတ်တွင် စတင်ခဲ့သည်ဟု မှတ်ယူရပါသည်။ ယခုခေတ်ရိုးရာခြင်းလုံးကစားသကဲ့သို့ဖြစ်ပြီး အပန်းဖြေအလှခတ်၊ ကျန်းမာရေးအတွက်သာ ကစားခဲ့ကြခြင်းဖြစ်သည်။

၁၉၆၇)ခုနှစ်တွင် စာရေးဆရာစိန်မျိုးမြင့်သည် ပိုက်ကျော်ခြင်းဆောင်းပါးကို ရေးသားခဲ့သည်။

၁၉၆၇)ခုနှစ်မှ (၁၉၇၂)ခုနှစ်ထိ ကြည်း၊ ရေ၊ လေ ကာကွယ်ရေးဦးစီးချုပ်ဒိုင်းပိုက်ကျော်ခြင်း ပြိုင်ပွဲပြုလုပ်ခဲ့သည်။

၁၉၉၀)ခုနှစ် မြန်မာပြည်တစ်ပတ် တာဝေးစက်ဘီးပြိုင်ပွဲပြုလုပ်စဉ် နေရာအနှံ့ ပိုက်ကျော်ခြင်း ကစားသည်ကို တွေ့ရှိခဲ့ရသည်။

(၁၉၉၀)ခုနှစ်၊ ဒီဇင်ဘာလတွင် ပထမဦးဆုံး ပို်က်ကျော်ခြင်းလေ့လာရေးအဖွဲ့သည် (၇)ကြိမ် မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲသို့ သွားရောက်လေ့လာခဲ့ကြသည်။ ၄င်းအဖွဲ့တွင် ဦးရွှေဘိုစိန်(အား/ကာ)၊ ဦးခင်မောင်မြင့်(ရိုးရာခြင်းအဖွဲ့ချုပ်)၊ ဦးစိုးတင့်(ရိုးရာခြင်းအဖွဲ့ချုပ်)၊ ဦးခင်မြင့် (အားကစားမှူး၊ တွံတေးမြို့နယ်) တို့ပါဝင်ခဲ့ကြသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ယခုရေးသားထုတ်ဝေသော ပိုက်ကျော်ခြင်း အားကစားနည်းပြဌာန်းစာအုပ်နှင့် သင်ရိုးညွှန်းတမ်းစာအုပ်သည် အမှန်စင်စစ် အခြေခံလက်စွဲစာအုပ်ပင် ဖြစ်ပါသည်။ အခြေခံလက်စွဲစာအုပ်ဆိုသည့်အတိုင်း ပိုက်ကျော်ခြင်းအားကစားနည်းကိုစတင်၍ လေ့လာ လိုက်စားလေ့ကျင့်သင်ယူကြမည့်သူများအတွက် ရည်ရွယ်ပါသည်။

သို့ဖြစ်ပါ၍ အဆိုပါစာအုပ်တွင် ပိုက်ကျော်ခြင်းအားကစားနည်း စတင်ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း၊ အခြေခံခတ်ကစားရမည့်ခြေခွင်၊ ခြေဖျား၊ ဒူး၊ ခေါင်းစသည့်တို့ကို စနစ်တကျမည်သို့ မည်ပုံလေ့ကျင့်သင်ယူရမည်ကို အသေးစိတ်ဖော်ပြထားရှိပါသည်။ ထို့အပြင်ပြိုင်ပွဲများပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက်လည်း ပိုက်ကျော်ခြင်းအားကစားနည်း ဥပဒေ(Laws of the game) ကို ထည့်သွင်းပေးထားပါသည်။

ပိုက်ကျော်ခြင်းအားကစားသမားများ ဝတ်စားဆင်ယင်ပုံနှင့် ကွင်းပုံစံများကို ဓာတ်ပုံများဖြင့် ဖော်ပြထားရှိပြီး အခြားသိမှတ်ဖွယ်ရာများအဖြစ် လေ့ကျင့်ရေးပြုလုပ်ပုံပြုလုပ်နည်းများ ပိုက်ကျော်ခြင်း အားကစားနည်းမှ ဆင့်ပွားပေါ်ပေါက်လာသော နှစ်ယောက်တွဲခတ်ကစားခြင်း (double regu)၊ သဲသောင်ပြင်ပိုက်ကျော်ခြင်း(beach takraw)နှင့် ကွင်းသွင်းခြင်းခတ်ကစားနည်း(hoop takraw)များ အကြောင်းကိုလည်း အနည်းငယ်ဖော်ပြထားပါသည်။ Theory ပိုင်းဆိုင်ရာ လေ့လာမှတ်သားမိစေရန် အတွက် လေ့ကျင့်ရန် နမူနာမေးခွန်းများကိုလည်း ထည့်သွင်းပေးထားပါသည်။

ထူးခြားသည့်အချက်တစ်ချက်မှာ အား/ကာသိပ္ပံ(ရန်ကုန်)နှင့် လေ့ကျင့်ရေးသင်တန်းကျောင်း များအတွက် ရည်ရွယ်၍ ရေးသားထားခြင်းဖြစ်သည့်အတွက် ရွေးချယ်ရေးအခြေခံမူများကို ထည့်သွင်း ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ယခုထုတ်ဝေသောစာအုပ်တွင် အတက်နိုင်ဆုံးခေတ်နှင့် လျော်ညီစွာ Upgrate ဖြစ် အောင်ကြိုးစား၍ လေ့လာမှတ်သားမှုများဖြင့် ရေးသားထားသော်လည်း အခြေခံနည်းစနစ်များသည် အချိန်ကာလအတော်ကြာအောင် မပြောင်းလဲစေကာမူ ဥပဒေများ၊ အဆင့်မြင့်နည်းစနစ်များ နည်းပရိယာယ်များ၊ အမှတ်ပေးစည်းမျဉ်းစည်းကမ်းများနှင့် နောက်ထပ်လည်းနှီးနွယ်ဆက်စပ်၍ ကစားနည်းပုံစံအသစ်များ ထပ်မံပေါ်ပေါက်နေဦးမည်ဖြစ်သောကြောင့် ကြိုးစား၍ရှာဖွေရေးသားထုတ်ဝေ နိုင်အောင်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ပိုက်ကျော်ခြင်းအားကစားနည်းတွင် ကျား(  )ဦး၊မ( )ဦးတို့ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ပိုက်ကျော်ခြင်းအားကစားနည်း၏တစ်နေ့တာလုပ်ဆောင်ချက်များ

ပိုက်ကျော်ခြင်းအားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်မှာ-

(က)နံနက်(၀၄း၃၀)နာရီအချိန် တာဝန်ကျဆရာမှ နှိုးခရာမှုတ်အိပ်ထခြင်း။

(ခ)နံနက်(၀၅း၁၅)နာရီအချိန် Training မသွားမီတန်းစီလူစစ်ဆေးခြင်းနှင့် မိမိအားကစားရုံသို့ တန်းစီထွက်ခွာခြင်း။

(ဂ)မိမိအားကစားရုံတွင် (၀၅း၃၀)နာရီမှ (၀၆း၄၅)နာရီအထိ လေ့ကျင့်မှုပြုလုပ်ပြီး စားရိပ်သာ တွင်နံနက်စာသုံးဆောင်ပြီးအိပ်ဆောင် သို့ပြန်၍ ခေတ္တအနားပေးပြီး ကျောင်းတက်ရန် ပြင်ဆင်ကြပါသည်။

(ဃ)(ဝရး၃၀)နာရီအချိန် ကျောင်းတက်ရန်လူစစ်တန်းစီခြင်းများ ပြုလုပ်ပြီး စာသင်ကြားရန် အတွက် ကျောင်းတက်ကြပါသည်။

(င)(၁၂း၃၀)နာရီအချိန်တွင် ကျောင်းလွှတ်ပြီး စားရိပ်သာတွင်နေ့လည်စာ သုံးဆောင်၍ အိပ်ဆောင်၌ ခေတ္တအနားယူခြင်း။

(စ)(၁၄းဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာမှအိပ်ယာထပ်နှိုးခရာမှုတ်၍ Training သွားရန် ပြင်ဆင်ခြင်းများပြုလုပ်ခြင်း။

(ဆ)(၁၄း၁၅)နာရီအချိန် Training မသွားမီတာဝန်ကျဆရာမှ တန်းစီလူစစ်ဆေးခြင်းများ ပြုလုပ်ပြီး မိမိအားကစားရုံကွင်းများသို့ စနစ်တကျတန်းစီသွားကြပါသည်။

(ဇ)(၁၄း၃၀)နာရီအချိန်မှ (၁၅းဝ၀)နာရီအချိန်ထိ မိမိလေ့ကျင့်ရေးရုံတွင် Mental Training များလေ့ကျင့်ဆောင်ရွက်ပေးခြင်း။

(စျ)(၁၅းဝ၀)နာရီအချိန်တွင် မိမိအားကစားနည်းအလိုက် Training plan အတိုင်း လေ့ကျင့်မှု များ ပြုလုပ်ပြီး (၁ရး၁၅)နာရီအချိန်လေ့ကျင့်မှုရပ်နားပြီး (၁၅)မိနစ်၊ ရုံပတ်ဝန်းကျင် သန့်ရှင်းရေးများပြုလုပ်ပြီး၊ ညနေစာသုံးဆောင်ရန်အတွက် ခေတ္တရပ်နားခြင်းဖြစ်ပါသည်။

(ည) ညနေစာကို (၁၈းဝ၀)နာရီအချိန်မှ (၁၉းဝ၀)နာရီအချိန်ထိ ညနေစာသုံးဆောင်၍ (၁၉းဝ၀) နာရီအချိန် ညစာကြည့်ရန်အတွက်တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်း ပြုလုပ်ပြီး (၁၉းဝ၀)နာရီမှ (၂၁းဝ၀)အချိန်ထိ ညစာကျက်၍ (၂ဝးဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်းပြုလုပ်ပြီး နောက်တစ်နေ့အစီအစဉ် နှင့် လိုအပ်တာများမှာကြားပြီးတစ်နေ့တာပြီးဆုံးခြင်းနှင့် ပြီးစေတန်းဖြုတ်ခြင်း၊ အိပ်စက် အနားယူရန်အတွက် ပြင်ဆင်ခြင်းနှင့် (၂ဝးဝ၀)နာရီအချိန် မီးမှိတ်ခရာမှုတ်၍ အိပ်စက် အနားယူခြင်း၊ တစ်နေ့တာပြီးဆုံးခြင်းဖြစ်ပါသည်။

လေ့ကျင့်သင်ကြားမှု: