ဘိလိယက်/စနူကာ

 ဘိလိယက်အားကစားသမိုင်း

၁။ မြန်မာနိုင်ငံတွင် ဘိလိယက်ကစားခြင်းဖွံ့ဖြိုးခဲ့သည်မှာ နှစ်ပေါင်း (၁၀၀)ကျော်ခဲ့ပေပြီ။ Pre-warနှင့် Post-war ပြီးခါစအချိန်က မြန်မာနိုင်ငံအဝှမ်း ဘိလိယက်ကလပ်အသင်းများ တည်ထောင်ပြီး၊ မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်း အထူးအလေးပေးကစားခဲ့ကြသည်ကို တွေ့ရှိရပါသည်။ သို့သော်လည်း လွန်ခဲ့သောနှစ် (၄၀) ခန့်ဆီမှစ၍ မှေးမှိန်လာခဲ့ပြီး သာမန်ကစားနည်းတစ်ခုအဖြစ်သာ တွေ့ရှိရပါသည်။

၂။ မြန်မာနိုင်ငံတွင် ဘိလိယက်ကစားနည်းရယ်လို့ အသိမှတ်ပြုချိန် (၁၉၉၆) ခုနှစ်၊ ဧပြီလ (၁၁)ရက်နေ့၌ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်စတင်တည်ထောင်၍ ဥက္ကဌမှာ မန္တလေးဘီယာပိုင်ရှင် ဦးရဲမြင့် ဖြစ်ပြီး၊ အတွင်းရေးမှူးမှာ ဦးအေးဝင်း (OJA) ကလပ်အသင်းမှဖြစ်ပါသည်။ အဖွဲ့ချုပ်တည်ထောင်ပြီးချိန် မြန်မာနိုင်ငံ၌ ဘိလိယက်စင်တာများ ပေါ်လာပြီး ပြိုင်ပွဲများကို အငယ်တန်း၊ အကြီးတန်း၊ အလွတ်တန်း၊ လက်ရွေးစင်တန်း စသည့်ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ပါသည်။ သို့သော်လည်း အားကစားနှင့်ကာယ ပညာဦးစီးဌာနလက်အောက်တွင် မရှိခဲ့သည့်အတွက် ထိုက်သင့်သလောက်သာ အောင်မြင်ခဲ့ပါသည်။ ယခုအခါ နိုင်ငံတော်မှ အားပေးကူညီလာခဲ့သည်နှင့်အညီ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ကြီး ပေါ်ထွန်းလာခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနတွင် အဖွဲ့ချုပ်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်ကို တွေ့ရှိရပေမည်။

ဘိလိယက်ပြိုင်ပွဲသမိုင်းအကျဉ်း

၃။ ဘိလိယက်ပြိုင်ပွဲကို ၁၉၉၆ ခုနှစ်၊ မေလနှင့် ဇွန်လများတွင် အဖွဲ့ချုပ်မှကြီးမှူးကျင်းပခဲ့သော ဘိလိယက်တစ်ဦးချင်း(တံခွန်စိုက်) အငယ်တန်းနှင့် ဘိလိယက်တစ်ဦးချင်း(တံခွန်စိုက်)အကြီးတန်းပြိုင်ပွဲများ စတင်ကျင်းပခဲ့ပြီး၊ အငယ်တန်းတစ်ဦးချင်းပြိုင်ပွဲ ပထမ-ကျော်ဦး၊ ဒုတိယ-ဝင်းရွှေနှင့် အကြီးတန်းတစ်ဦးချင်း ပြိုင်ပွဲ ပထမ-ဝင်းမြင့်၊ ဒုတိယ-ကျော်ဦးတို့က ထိုပြိုင်ပွဲတွင် ပထမဦးဆုံးဆုရ ကစားသမားများဖြစ်ပြီး၊ လက်ရွေးစင်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ထိုပွဲကို အခြေခံ၍ ၄င်းကစားသမားများကို နိုင်ငံတကာ အတွေ့အကြုံများရရှိစေရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကျင်းပသော ဘင်္ဂလားဒေ့ရှ် ဥက္ကဌဖလား (၆)နိုင်ငံ စနူကာပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်စေလွှတ်ခဲ့ပါသည်။

ဘိလိယက်ကစားနည်းဥပဒေ

၄။အားကစားနည်းတစ်ရပ်ဖြစ်ထွန်းပြန့်ပွားလာစေရန်အတွက် အရေးကြီးဆုံးအချက်မှာ ကစားနည်း ဥပဒေပင်ဖြစ်သည်။ ဘိလိယက်နှင့်စနူကာကစားရာတွင် နည်းဥပဒေများသည် အထူးပင် ကျယ်ပြန့်ပြီး အငြင်းပွားဖွယ်ကိစ္စများ မကြာခဏကြုံတွေ့ရတတ်ပေသည်။ ထို့အတွက် မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ်သည် နိုင်ငံအတွင်း တပြေးညီ အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး ဘိလိယက်နှင့်စနူကာနည်းဥပဒေများကို ထုတ်ဝေရခြင်းဖြစ်ပေသည်။

အားကစားဝန်ကြီးဌာန ဖွဲ့စည်းဖြစ်တည်လာပုံနှင့် အဖွဲ့ချုပ်အရေးပါလာပုံ

၅။အားကစားဝန်ကြီးဌာနကို ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ တတိယ အကြိမ်အမျိုးသားအားကစားပွဲတော်၊ ပြည်နယ်နှင့်တိုင်း၊ ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲကို ၁၉၉၇ ခုနှစ်အစတွင် အဖွဲ့ချုပ်နှင့် ပူးပေါင်းကာ စတင်ကျင်းပခဲ့ပါသည်။ ထိုအခါမှစ၍ အဖွဲ့ချုပ်သည် အားကစားဝန်ကြီးဌာန၏ လက်အောက်ခံ အဖြစ် ရပ်တည်ခဲ့သည်ကို တွေ့ရှိရပါသည်။ အဖွဲ့ချုပ်သည် ပြည်နယ်နှင့်တိုင်းအသီးသီးမှ ရွက်ပုန်းသီးကစားသမားများကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ယခုအခါ နိုင်ငံတော်၏ လမ်းညွှန်မှုအရ အားကစားဝန်ကြီးဌာနနှင့် အဖွဲ့ချုပ်တို့ ပူးပေါင်း၌အောင်မြင်သော အားကစားနည်းတစ်ရပ် ပေါ်ထွက်လာ သည်ကို တွေ့မြင်ရပေသည်။

ဘိလိယက်ကစားနည်းမှ မျိုးဆက်သစ်ပေါ်ထွက်ရေး

၆။ အားကစားဝန်ကြီးဌာနမှ လမ်းညွှန်မှုအရ အားကစားနှင့်ကာယပညာသိပံ(ရန်ကုန်)တွင် ဘိလိယက် နှင့် စနူကာကစားနည်းကို မျိုးဆက်သစ်များ ပေါ်ထွက်နိုင်ရန်အတွက် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စတင် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဘိလိယက်နှင့်စနူကာသင်တန်းသား (၅)ဦး သတ်မှတ်၍ လေ့ကျင့်သင်ကြားပေး လျှက်ရှိပါသည်။  မြန်မာ့လက်ရွေးစင်မျိုးဆက်သစ်များ ပေါ်ထွက်နိုင်ရန် နိုင်ငံတော်မှ အကုန်အကျခံကာ ကျွေးမွေးပြုစုပျိုးထောင်နေသည်ကို ယခုအခါ မျက်မြင်ကိုယ်တွေ့တွေ့မြင်နိုင်ကြောင်း တင်ပြအပ်ပေသည်။  အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဘိလိယက်/စနူကာအားကစားနည်းတွင် ကျား(၄)ဦး၊ မ(၄)ဦးတို့ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

 

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဘိလိယက်/စနူကာအားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်များ

ဘိလိယက်/စနူကာအားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်မှာ-
(က)နံနက်(၀၄း၃၀)နာရီအချိန် တာဝန်ကျဆရာမှ နှိုးခရာမှုတ်အိပ်ထခြင်း။
(ခ)နံနက်(၀၅း၁၅)နာရီအချိန် Training မသွားမီတန်းစီလူစစ်ဆေးခြင်းနှင့် မိမိအားကစားရုံသို့ တန်းစီထွက်ခွာခြင်း။
(ဂ)မိမိအားကစားရုံတွင် (၀၅း၃၀)နာရီမှ (၀၆း၄၅)နာရီအထိ လေ့ကျင့်မှုပြုလုပ်ပြီး စားရိပ်သာ တွင် နံနက်စာသုံးဆောင်ပြီး အိပ်ဆောင်သို့ပြန်၍ ခေတ္တအနားပေးပြီး ကျောင်းတက်ရန် ပြင်ဆင်ကြပါသည်။
(ဃ)(ဝရး၃၀)နာရီအချိန် ကျောင်းတက်ရန်လူစစ်တန်းစီခြင်းများ ပြုလုပ်ပြီး စာသင်ကြားရန် အတွက် ကျောင်းတက်ကြပါသည်။
(င)(၁၂း၃၀)နာရီအချိန်တွင် ကျောင်းလွှတ်ပြီး စားရိပ်သာတွင်နေ့လည်စာ သုံးဆောင်၍ အိပ်ဆောင်၌ ခေတ္တအနားယူခြင်း။
(စ)(၁၄းဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာမှအိပ်ယာထပ်နှိုးခရာမှုတ်၍ Training သွားရန် ပြင်ဆင်ခြင်းများပြုလုပ်ခြင်း။
(ဆ)(၁၄း၁၅)နာရီအချိန် Training မသွားမီတာဝန်ကျဆရာမှ တန်းစီလူစစ်ဆေးခြင်းများ ပြုလုပ်ပြီး မိမိအားကစားရုံကွင်းများသို့ စနစ်တကျတန်းစီသွားကြပါသည်။
(ဇ)(၁၄း၃၀)နာရီအချိန်မှ (၁၅းဝ၀)နာရီအချိန်ထိ မိမိလေ့ကျင့်ရေးရုံတွင် Mental Training များလေ့ကျင့်ဆောင်ရွက်ပေးခြင်း။
(စျ)(၁၅းဝ၀)နာရီအချိန်တွင် မိမိအားကစားနည်းအလိုက် Training plan အတိုင်း လေ့ကျင့်မှု များ ပြုလုပ်ပြီး (၁ရး၁၅)နာရီအချိန်လေ့ကျင့်မှုရပ်နားပြီး (၁၅)မိနစ်၊ ရုံပတ်ဝန်းကျင် သန့်ရှင်းရေးများပြုလုပ်ပြီး၊ ညနေစာသုံးဆောင်ရန်အတွက် ခေတ္တ      ရပ်နားခြင်းဖြစ်ပါသည်။
(ည)ညနေစာကို (၁၈းဝ၀)နာရီအချိန်မှ (၁၉းဝ၀)နာရီအချိန်ထိ ညနေစာသုံးဆောင်၍ (၁၉းဝ၀) နာရီအချိန် ညစာကြည့်ရန်အတွက်တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်း ပြုလုပ်ပြီး (၁၉းဝ၀)နာရီမှ (၂၁းဝ၀)အချိန်ထိ ညစာကျက်၍ (၂ဝးဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်းပြုလုပ်ပြီး နောက်တစ်နေ့အစီအစဉ် နှင့် လိုအပ်တာများမှာကြားပြီးတစ်နေ့တာပြီးဆုံးခြင်းနှင့် ပြီးစေတန်းဖြုတ်ခြင်း၊ အိပ်စက် အနားယူရန်အတွက် ပြင်ဆင်ခြင်းနှင့် (၂ဝးဝ၀)နာရီအချိန် မီးမှိတ်ခရာမှုတ်၍ အိပ်စက် အနားယူခြင်း၊ တစ်နေ့တာပြီးဆုံးခြင်းဖြစ်ပါသည်။