ဘော်လီဘော

ဘော်လီဘောအားကစားသမိုင်း

ဘော်လီဘောအားကစားနည်းသည် ကမ္ဘာပေါ်ရှိအဖွဲ့လိုက်ယှဉ်ပြိုင်ကစားရသော အောင်မြင်မှု အများဆုံးရရှိသော အားကစားနည်းများအနက် လူအများကိုဆွဲဆောင်၍ အထူးစိတ်ဝင်စားမှုခံရသော အားကစားနည်း တစ်ခုဖြစ်သည်။
၂၀၀၉ ခုနှစ်အထိ အပြည်ပြည်ဆိုင်ရာဘော်လီဘောအဖွဲ့ချုပ်တွင် အဖွဲ့ဝင်နိုင်ငံပေါင်း (၂၁၉) နိုင်ငံရှိပြီး လူအများကြိုက်နှစ်သက်မှုအပိုင်းတွင်လည်း ဒုတိယ၊ တတိယ လိုက်သည့် အားကစားနည်းဖြစ်သည်။ ဤကဲ့သို့ နိုင်ငံပေါင်းများစွာက စိတ်ပါဝင်စားကြသည်မှာ ဘော်လီဘောအားကစားနည်းသည် အလွန်မြန်ဆန်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသည့်အပြင် အင်နှင့်အားနှင့်ပေါက်ကွဲလှုပ်ရှားကစားရခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် အကောင်းဆုံးတတ်ကျွမ်းမှု၊ အကောင်းဆုံးစိတ်ဓါတ်၊ အကောင်းဆုံးဖန်တီးနိုင်စွမ်း၊ အကောင်းဆုံးအနုပညာရသ ပေးစွမ်းပြီး လူသား တစ်ဦး၏ ငုတ်လျှိုးနေသော စွမ်းပကားများကို ဖော်ထုတ်ပေးသည်။

သမိုင်းအကျဉ်း

ဘော်လီဘောအားကစားနည်းကို ၁၉၈၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ မက်ဆက်ချူးဆက် ပြည်နယ်၊ ဟိုးလ်ယုတ်မြို့ရှိ ခရစ်ယာန်လူငယ်အသင်း (Y.M.C.A)၏    ကာယပညွှန်ကြားရေးမှူး ဝီလျံဂျီမော်ဂန်ဆိုသူက စတင်တီထွင်ခဲ့သည်။ ထိုစဉ်က ခေတ်စားနေသောအားကစားနည်းများထဲမှ တင်းနစ်ပိုက်နှင့် ဘတ်စကက်ဘော အတွင်းမှ ကျွတ်ကိုသင့်လျော်သည့်အရွယ်အစားပြုလုပ်ကာ အသုံးပြုခဲ့သည်။ ကစားနည်းအမည်ကို “မင်တိုနက််”ဟု ခေါ်ဆိုခဲ့သည်။ ၁၈၉၆ ခုနှစ်တွင် စပရင်းဖီးလ်မြို့ ၌ သရုပ်ပြပွဲကစားခဲ့ရာမှ ဘောလုံးသည် ပိုက်အထက်လေပြင်တွင် လှုပ်ရှားဝဲပျံနေသည်ကို အကြောင်းပြ ၍ ပရော်ဖက်ဆာအေတီဟေးစတက်ဆိုသူက “Volleyball” ဟု အဆိုပြု၍ သတ်မှတ်ခေါ်ဆိုခဲ့သည်။

Y.M.C.A  အသင်များ၏ စည်းရုံးကြိုးပမ်းမှုဖြင့် ကမ္ဘာအနှံ့အပြားကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိ လာရာမှ ၁၉၄၆ ခုနှစ်တွင် ကမ္ဘာ့အဆင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာဘော်လီဘောအဖွဲ့ချုပ်ကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ အဖွဲ့ဝင်နိုင်ငံပေါင်း (၁၄)နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ အဖွဲ့ချုပ်မှ ကြီးမှူး၍ ကမ္ဘာ့အဆင့်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ သည်။ အိုလံပစ်ပြိုင်ပွဲအဖြစ် ၁၉၆၄ ခုနှစ်၊ (၁၈)ကြိမ်မြောက် တိုကျိုအိုလံပစ်ပြိုင်ပွဲမှစတင်၍ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများ ထည့်သွင်း ကျင်းပခဲ့သည်။ လက်ရှိအဖွဲ့ချုပ်ကို ၁၉၈၆ ခုနှစ်၍ ဆွစ်ဇာလန်နိုင်ငံ၊ လော့စန်းန်မြို့၌ ပြောင်းရွှေ့ဖွင့်လှစ်ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဂျီဇောင်ဝေ (Jizhomg Wai)ဆိုသူက ၂၀၀၈ ခုနှစ်မှ စတင်ကာ တာဝန်ယူဆောင်ရွက်လျှက်ရှိသည်။

မြန်မာနိုင်ငံနှင့်ဘော်လီဘောအားကစားနည်း

၁၉၂၀ ခုနှစ်၊ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ လက်အောက်၌ရှိစဉ် ဗြိတိသျှစစ်တပ်မှ စစ်ပုလိပ်များ၊ ဂေါ်ယာစစ်သားများ၊  YMCA အသင်းများနှင့်အတူ စတင်ရောက်ရှိလာသည်။ ၁၉၄၆ ခုနှစ်တွင် မဟာမိတ်တပ် များရောက်ရှိလာရာ ၄င်းတို့နှင့်အတူ ထပ်မံပါရှိလာ၍ ပိုမိုကျယ်ပြန့်လာသည်။

၁၉၅၁ ခုနှစ်တွင် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေးကောင်စီမှ ဘော်လီဘောအားကစားနည်းဥပဒေများ ရေးဆွဲသတ်မှတ်ပြီး ဒေသန္တရပြိုင်ပွဲ များစတင်ကျင်းပပြုလုပ်ခဲ့သည်။ ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့၌ ရန်ကုန်မြို့ BAA ကစားကွင်းတွင် “မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်” ကို စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်။

၁၉၅၈ ခုနှစ်တွင် အာရှဘော်လီဘောအဖွဲ့ချုပ်သို့ ဝင်ရောက်ပြီး ၄င်းမှတစ်ဆင့် အပြည်ပြည်ဆိုင် ရာဘော်လီဘောအဖွဲ့ချုပ်နှင့် စတင်ဆက်သွယ်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဘော်လီဘောအဖွဲ့ချုပ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခဲ့သည်။ နိုင်ငံတကာပြိုင်ပွဲအဖြစ် ပထမအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲမှ စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပြည်တွင်းပြိုင်ပွဲ အဖြစ် ၁၉၅၆ ခုနှစ်တွင် အမျိုးသား တံခွန်စိုက်ပြိုင်ပွဲများကို စတင်ကျင်းပခဲ့သည်။ ပြည်နယ်တိုင်းပြိုင်ပွဲ များကိုမူ ၁၉၆၃ ခုနှစ်မှ စတင်ကာကျင်းပ ပြုလုပ်ခဲ့သည်။

၁၉၉၇ ခုနှစ်မှစတင်၍ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းအပြင် အားကစားလေ့ကျင့်ရေး သင်တန်းတွင် ဘော်လီဘောအားကစားသမားများကို ရွေးချယ်လေ့ကျင့်ပေးခဲ့သည်။ မြန်မာ့ လက်ရွေးစင်၊ လူငယ်လက်ရွေးစင်များအဖြစ် အားကစားသမား (၆၀)ကျော် မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ လူငယ်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့ပြီး အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ကြေးတံဆိပ်ရရှိခဲ့ သည့်ပြိုင်ပွဲများတွင် နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ခဲ့ကြပါသည်။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် သင်တန်းသား (၁၂)ဦး၊ သင်တန်းသူ (၁၀)ဦး စုစုပေါင်း (၂၂)ဦးအား နည်းပြ (၃)ဦးမှ တာဝန်ယူလေ့ကျင့် သင်ကြားပေးလျှက်ရှိပါသည်။အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဘော်လီဘောအားကစားနည်းတွင် ကျား(  )ဦး၊မ(  )ဦးတို့ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဘော်လီဘောအားကစားနည်း၏တစ်နေ့တာလုပ်ဆောင်ချက်များ

 ဘော်လီဘောအားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်မှာ-

(က) နံနက်(၀၄း၃၀)နာရီအချိန် တာဝန်ကျဆရာမှ နှိုးခရာမှုတ်အိပ်ထခြင်း။

(ခ) နံနက်(၀၅း၁၅)နာရီအချိန် Training မသွားမီတန်းစီလူစစ်ဆေးခြင်းနှင့် မိမိအားကစားရုံသို့ တန်းစီထွက်ခွာခြင်း။

(ဂ) မိမိအားကစားရုံတွင် (၀၅း၃၀)နာရီမှ (၀၆း၄၅)နာရီအထိ လေ့ကျင့်မှုပြုလုပ်ပြီး စားရိပ်သာ တွင် နံနက်စာသုံးဆောင်ပြီး အိပ်ဆောင်သို့ပြန်၍ ခေတ္တအနားပေးပြီး ကျောင်းတက်ရန် ပြင်ဆင်ကြပါသည်။

(ဃ) (ဝရး၃၀)နာရီအချိန် ကျောင်းတက်ရန်လူစစ်တန်းစီခြင်းများ ပြုလုပ်ပြီး စာသင်ကြားရန် အတွက် ကျောင်းတက်ကြပါသည်။

(င) (၁၂း၃၀)နာရီအချိန်တွင် ကျောင်းလွှတ်ပြီး စားရိပ်သာတွင်နေ့လည်စာ သုံးဆောင်၍ အိပ်ဆောင်၌ ခေတ္တအနားယူခြင်း။

(စ) (၁၄းဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာမှအိပ်ယာထပ်နှိုးခရာမှုတ်၍ Training သွားရန် ပြင်ဆင်ခြင်းများပြုလုပ်ခြင်း။

(ဆ) (၁၄း၁၅)နာရီအချိန် Training မသွားမီတာဝန်ကျဆရာမှ တန်းစီလူစစ်ဆေးခြင်းများ ပြုလုပ်ပြီး မိမိအားကစားရုံကွင်းများသို့ စနစ်တကျတန်းစီသွားကြပါသည်။

(ဇ) (၁၄း၃၀)နာရီအချိန်မှ (၁၅းဝ၀)နာရီအချိန်ထိ မိမိလေ့ကျင့်ရေးရုံတွင် Mental Training များလေ့ကျင့်ဆောင်ရွက်ပေးခြင်း။

(စျ)(၁၅းဝ၀)နာရီအချိန်တွင် မိမိအားကစားနည်းအလိုက် Training plan အတိုင်း လေ့ကျင့်မှု များ ပြုလုပ်ပြီး (၁ရး၁၅)နာရီအချိန်လေ့ကျင့်မှုရပ်နားပြီး (၁၅)မိနစ်၊ ရုံပတ်ဝန်းကျင် သန့်ရှင်းရေးများပြုလုပ်ပြီး၊ ညနေစာသုံးဆောင်ရန်အတွက် ခေတ္တရပ်နားခြင်းဖြစ်ပါသည်။

(ည) ညနေစာကို (၁၈းဝ၀)နာရီအချိန်မှ (၁၉းဝ၀)နာရီအချိန်ထိ ညနေစာသုံးဆောင်၍ (၁၉းဝ၀) နာရီအချိန် ညစာကြည့်ရန်အတွက် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်း ပြုလုပ်ပြီး (၁၉းဝ၀)နာရီမှ (၂၁းဝ၀)အချိန်ထိ ညစာကျက်၍ (၂ဝးဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်းပြုလုပ်ပြီး နောက်တစ်နေ့အစီအစဉ် နှင့် လိုအပ်တာများမှာကြားပြီးတစ်နေ့တာပြီးဆုံးခြင်းနှင့် ပြီးစေတန်းဖြုတ်ခြင်း၊ အိပ်စက် အနားယူရန်အတွက် ပြင်ဆင်ခြင်းနှင့် (၂ဝးဝ၀)နာရီအချိန် မီးမှိတ်ခရာမှုတ်၍ အိပ်စက် အနားယူခြင်း၊ တစ်နေ့တာပြီးဆုံးခြင်းဖြစ်ပါသည်။

လေ့ကျင့်သင်ကြားမှု: