ရေကူး

ရေကူးအားကစားသမိုင်း

(BC-9)ရာစုမှ (BC-400)ရာစုအထိ အီဂျစ်နိုင်ငံမှ တံဆိပ်တုံးများတွင် ရေကူးသည့်ပုံများကို စတင်တွေ့ရှိ ရသည်။ရေကူးရာတွင် အထောက်အကူပြုစေရန်အတွက် ကောက်ရိုးထုံးခါးပတ်များကို အသုံးပြုကြသည်။
(BC-310)တွင် စစ်သားဘဝများအတွက် ရေကူးသင်တန်းကျောင်းကို “ ရောမ” စစ်ပညာသင်ကျောင်းမှာ စဖွင့်သည်။ ကိုင်ဇာဘုရင်လက်ထက် (BC-27 ရာစုမှ AD 476)အထိ ကြီးမားသော ရေစိမ်ကန်တွင် ကူးလေ့ရှိသည်။ ကလေးများကိုလည်း မိခင်နှင့်ယဉ်ပါးစေရန်အတွက် စိမ်ပေးကြသည်။ ရေကူးသည့်ပုံများကိုလည်း နံရံနှင့် အိုးခွက်များတွင် ရေးထားကြသည်။ တိရိစ္ဆာန်များရေကူးပုံကို အလွတ်ကူးပုံအဖြစ် ရေးဆွဲခဲ့ကြသည်။

538 ခုနှစ်တွင် နီကိုလောင်(စ်)ဝင်(န်)မာန် (Nikolous wynmann)က ရေကူးပညာစာအုပ်ကို လက်တင် ဘာသာဖြင့် စတင်ထုတ်ဝေခဲ့သည်။ ၄င်း၏စာအုပ်ထဲတွင် ကောက်ရိုးထုံးအသုံးပြု၍ ဖားသတ္တဝါပုံကို အတုယူပြီး ကူးခတ်ပုံ၊ လက်ပစ်ကူး (အလွတ်ကူး)ကို တိရိစ္ဆာန်များ၏ ရေတဖွားဖွားနှင့် ကူးခတ်ခြင်းကို အတုယူ၍ ကူးခတ်ပုံများ ပါဝင်သည်။

1798 ခုနှစ်တွင် ဂျာမန်လူမျိုး ဂွတ်မွတ် (Guts mut)က အတတ်ပညာပိုင်းဆိုင်ရာ ရေကူးစာစောင်များ ထုတ်ဝေခဲ့သည်။ 1878 တွင် ဟဲမန်းလေးတဲဘက် (Hermann Leder Barg)က ပက်လက်ကူးအသုံးချနည်းကို ရေးခဲ့သည်။ 1910 တွင် (ပရက်၊ ဘာလင်၊ ဗီယာနာ)မြို့များမှ တပ်တွင်းပညာသင်ကျောင်းမှ ရေကူးသင်တန်းစဖွင့်ခဲ့သည်။ 1908, July 19 ရက်နေ့မှာ ရေကူးစပြိုင်ကြသည်။ လန်ဒန်အိုလံပစ်အားကစားပြိုင်ပွဲမှ အပြည်ပြည် ဆိုင်ရာ အပျော်တမ်းရေကူးအဖွဲ့ချုပ် (FINA) ပေါ်ပေါက်ခဲ့သည်။

ရည်ရွယ်ချက်။ ရေကူးအားကစားတိုးတက်ပြုပြင်ပြောင်းလဲဲရေးအတွက် ဖွဲ့စည်းထားသည့် ကမ္ဘာ့ အမြင့်ဆုံးသော ရေကူးအဖွဲ့အစည်းတစ်ခုအဖြစ် ရည်ရွယ်သည်။

မြန်မာရေကူးသမိုင်းကြောင်း

  • 1950 နှင့် 1953 ကြားမှာ ရေကူးဝါသနာပါသူ လူတစ်စုက ရေကူးအားကစားကို စတင်အကောင် အထည်ဖော်သည်။
  • 1959 တွင် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်အဖြစ် စတင်တည်ထောင်သည်။
  • မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်သည် ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်တွင် တည်ရှိသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ လက်ရွေးစင်သို့ရောက်ရှိသူစာရင်း

မောင်အောင်ကျော်မိုး၂၀၀၅ ခုနှစ်၊ ဖိလစ်ပိုင် SEA Games သို့ ဝင်ရောက်ယှဉ်ပြိုင် နိုင်သည်။

၂။မောင်သက်ပိုင်တိုး၂၀၀၅ ခုနှစ်၊ ဖိလစ်ပိုင် SEA Games သို့ သုံးမျိုးစုံပြိုင်ပွဲ ယှဉ်ပြိုင်နိုင်သည်။

၃။မောင်ခင်မောင်သန့်၂၀၀၅ ခုနှစ်၊ ဖိလစ်ပိုင် SEA Games သို့ သုံးမျိုးစုံပြိုင်ပွဲယှဉ်ပြိုင်နိုင်သည်။

၄။မောင်သက်ကိုကိုထွန်း နိုင်ငံတကာသက်တမ်းလိုက်ပွဲ (ထိုင်း) ဒုတိယ (၁)၊ တတိယ (၁)

၅။ မဇင်ဧရယ်မောင် နိုင်ငံတကာသက်တမ်းလိုက်ပွဲ (ထိုင်း) ဒုတိယ (၁)၊ တတိယ (၁)

၆။ မောင်အောင်မျိုးဦး နိုင်ငံတကာသက်တမ်းလိုက်ပွဲ (ထိုင်း) ဒုတိယ (၁)၊ တတိယ (၁)

၂၀၁၃ ခုနှစ်၊ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် 27th SEA Games ပြိုင်ပွဲ ယှဉ်ပြိုင်နိုင်သည်။

၇။ မောင်ဝင်းထိုက် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ ခေါ်ယူထားသည်။

၈။ မောင်ဟိန်းထွန်းဆန်း မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ ခေါ်ယူထားသည်။

၉။ မောင်ကျော်ဖြိုးဝေ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ ခေါ်ယူထားသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရေကူးအားကစားနည်းတွင် ကျား(၁၂)ဦး၊မ(၁၀)ဦးတို့ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

၂၀၁၄-၂၀၁၅ပညာသင်နှစ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရေကူးအားကစားနည်း၏တစ်နေ့တာလုပ်ဆောင်ချက်များ

 ရေကူးအားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်မှာ-

(က) နံနက်(၀၄း၃၀)နာရီအချိန် တာဝန်ကျဆရာမှ နှိုးခရာမှုတ်အိပ်ထခြင်း။

(ခ) နံနက်(၀၅း၁၅)နာရီအချိန် Training မသွားမီတန်းစီလူစစ်ဆေးခြင်းနှင့် မိမိအားကစားရုံသို့ တန်းစီထွက်ခွာခြင်း။

(ဂ) မိမိအားကစားရုံတွင် (၀၅း၃၀)နာရီမှ (၀၆း၄၅)နာရီအထိ လေ့ကျင့်မှုပြုလုပ်ပြီး စားရိပ်သာ တွင် နံနက်စာသုံးဆောင်ပြီး အိပ်ဆောင်သို့ပြန်၍ ခေတ္တအနားပေးပြီး ကျောင်းတက်ရန် ပြင်ဆင်ကြပါသည်။

(ဃ) (ဝရး၃၀)နာရီအချိန် ကျောင်းတက်ရန်လူစစ်တန်းစီခြင်းများ ပြုလုပ်ပြီး စာသင်ကြားရန် အတွက် ကျောင်းတက်ကြပါသည်။

(င) (၁၂း၃၀)နာရီအချိန်တွင် ကျောင်းလွှတ်ပြီး စားရိပ်သာတွင်နေ့လည်စာ သုံးဆောင်၍ အိပ်ဆောင်၌ ခေတ္တအနားယူခြင်း။

(စ)(၁၄းဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာမှအိပ်ယာထပ်နှိုးခရာမှုတ်၍ Training သွားရန် ပြင်ဆင်ခြင်းများပြုလုပ်ခြင်း။

(ဆ) (၁၄း၁၅)နာရီအချိန် Training မသွားမီတာဝန်ကျဆရာမှ တန်းစီလူစစ်ဆေးခြင်းများ ပြုလုပ်ပြီး မိမိအားကစားရုံကွင်းများသို့ စနစ်တကျတန်းစီသွားကြပါသည်။

(ဇ) (၁၄း၃၀)နာရီအချိန်မှ (၁၅းဝ၀)နာရီအချိန်ထိ မိမိလေ့ကျင့်ရေးရုံတွင် Mental Training များလေ့ကျင့်ဆောင်ရွက်ပေးခြင်း။

(စျ) (၁၅းဝ၀)နာရီအချိန်တွင် မိမိအားကစားနည်းအလိုက် Training plan အတိုင်း လေ့ကျင့်မှု များ ပြုလုပ်ပြီး (၁ရး၁၅)နာရီအချိန်လေ့ကျင့်မှုရပ်နားပြီး (၁၅)မိနစ်၊ ရုံပတ်ဝန်းကျင် သန့်ရှင်းရေးများပြုလုပ်ပြီး၊ ညနေစာသုံးဆောင်ရန်အတွက် ခေတ္တရပ်နားခြင်းဖြစ်ပါသည်။

(ည) ညနေစာကို (၁၈းဝ၀)နာရီအချိန်မှ (၁၉းဝ၀)နာရီအချိန်ထိ ညနေစာသုံးဆောင်၍ (၁၉းဝ၀) နာရီအချိန် ညစာကြည့်ရန်အတွက်တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်း ပြုလုပ်ပြီး (၁၉းဝ၀)နာရီမှ (၂၁းဝ၀)အချိန်ထိ ညစာကျက်၍ (၂ဝးဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်းပြုလုပ်ပြီး နောက်တစ်နေ့အစီအစဉ် နှင့် လိုအပ်တာများ မှာကြားပြီး တစ်နေ့တာပြီးဆုံးခြင်းနှင့် ပြီးစေတန်းဖြုတ်ခြင်း၊ အိပ်စက် အနားယူရန်အတွက် ပြင်ဆင်ခြင်းနှင့် (၂ဝးဝ၀)နာရီအချိန် မီးမှိတ်ခရာမှုတ်၍ အိပ်စက် အနားယူခြင်း၊ တစ်နေ့တာပြီးဆုံးခြင်းဖြစ်ပါသည်။

လေ့ကျင့်သင်ကြားမှု: