ရွက်လှေ

ရွက်လှေအားကစားသမိုင်း

မြန်မာနိုင်ငံတွင် ရွက်လှေအားကစား စတင်လှုပ်ရှားသည့်အချိန်ကာလကို ပြန်ပြောင်း တွက်စစ် ကြည့်လျှင် ရန်ကုန်ရွက်လှေအသင်းစတင် သန္ဓေတည်ခဲ့သော ၁၉၂၄ခုနှစ်က စခဲ့သည်ဟုဆိုရပေမည်။

ရန်ကုန်ရွက်လှေအသင်းကို နှစ်(၈၀)ကာလရောက်သည်ထိ အင်္ဂလိပ်ဘုရင်ခံ Sir Charles Innes မှစ၍ နိုင်ငံခြားသား(၁၁)ဦးနှင့် ဦးခင်ဖေကြီးမှအစ မြန်မာ(၁၅)ဦး၊ စုစုပေါင်း ဥက္ကဌ(၂၆)ဦး အလှည့်ကျတာဝန် ယူလှုပ်ရှားလာခဲ့ရာ နိုင်ငံခြားသား ဥက္ကဌများ လက်ထက်ကအထွေထွေ အကန့်အသတ်များရှိခဲ့သဖြင့် ကျယ်ကျယ်ပြန့်ပြန့်မရှိလှပေ။ မြန်မာဥက္ကဌများလက်ထက်တွင်မူ ၁၉၆၂ခုနှစ်လောက်မှစ၍ မြန်မာ့ ရွက်လှေအားကစားသည် အခြားအရှေ့တောင်အာရှနိုင်ငံများသည် မိမိတို့ထက် တိုးတက်လာပြီး မိမိတို့ရွက်လှေအားကစားသည် အောင်ပွဲများနှင့် ဝေးကွာခဲ့ရပေသည်။ အဓိကအကြောင်းတစ်ရပ်မှာ ထိထိရောက်ရောက်အားပေးကူညီပ့ံပိုးမှု အားနည်းခဲ့သောကြောင့်ဖြစ်ပါသည်။

တဖန် ၁၉၉၁ခုနှစ်ခန့်မှစ၍ မြန်မာ့ရွက်လှေအားကစားသည် ဦးမော့လာပြီး အဖက်ဖက်မှသိသိ သာသာပြန်လည်တိုးတက်လာခဲ့ပါသည်။ ပထမဦးစွာ လက်ရှိရန်ကုန်ရွက်လှေအသင်း တည်နေရာ ပတ်ဝန်းကျင်နှင့် အသင်းရုံးတို့ကို ကြည့်လျှင် ရှေးကထက်ထူးထူးခြားခြားတိုးတက်လာသည်ကို တွေ့ရှိရ ပါသည်။ အသင်းရုံးအားတိုးချဲ့ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ ဝန်ထမ်းအိမ်ယာများ အသစ်ဆောက်လုပ်ခြင်း၊ Sunset Bar အသစ်ဆောက်လုပ်ခြင်း၊ Main Bar အား ခေတ်မီစေရန် အဆင့်မြှင့်မွမ်းမံပြင်ဆင်ခြင်း၊ လမ်းတံတားများပြုပြင်ခြင်းစသည့်ဆောက်လုပ်မွမ်းမံထိန်သိမ်းရေး လုပ်ငန်းများကို တာဝန်ခံဥက္ကဌများ နှင့် အသင်းသူ၊ အသင်းသား၊ မိဘများက အဖက်ဖက်မှ ထိထိရောက်ရောက်ဝိုင်းဝန်းပ့ံပိုးကူညီကြကာ စီမံချက်ချ၍ ကိုယ်ဖိရင်ဖိလုပ်ဆောင်ခဲ့ကြသဖြင့် ထူးခြားစွာပြောင်းလဲတိုးတက်လာသည်ကို တွေ့ရှိခဲ့ရပါ သည်။ ၄င်းပြင် အသင်း၏ ဖွဲ့စည်းပုံဥပဒေသစ်ကို ၁၉၉၁ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ခဲ့သည့်အပြင် အသင်း၏ ၁၉၉၂ခုနှစ်တွင် ရရှိခဲ့ပါသည်။

ရွက်လှေအားကစားကဏ္ဍအနေဖြင့်လည်း အဖက်ဖက်မှတိုးတက်ခဲ့ရာ၊ အောက်ပါအတိုင်း အကျဉ်းချုပ်မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

  • အသက်(၁၅)နှစ်အောက် လူငယ်ရွက်လှေကစားနည်းတစ်မျိုးဖြစ်သည့် Optimist OP Class ကို ၁၉၉၁ခုနှစ်မှ စတင်အကောင်ထည်ဖော်နိုင်ခဲ့ခြင်း။
  • ၁၉၉၄ ခုနှစ်တွင် Int’l 420 Class ကစားနည်းကိုစတင်အကောင်အထည်ဖော်ခဲ့ခြင်း။
  • ၁၉၉၃ခုနှစ်မှစ၍ အသင်းမှကြီးမှူး ကျင်းပသည့်နှစ်စဉ်ပြိုင်ပွဲ (Annual Fleet Y.S.C. Championship)ကို မှန်မှန်ကျင်းပနိုင်ခဲ့ခြင်း။
  • ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင် ချောင်းသာကမ်းခြေတွင် ပင်လယ်ပြင်လေ့ကျင့်ရေးသင်တန်း (Sea Training)ကို ၁၉၉၂ခုနှစ်မှစ၍ နှစ်စဉ်ပြုလုပ်နိုင်ခဲ့ခြင်း။
  • နိုင်ငံခြားနည်းပြများငှား၍ သင်တန်းအဆင့်အတန်းမြှင့်တင်ပေးခြင်းနှင့် ပြိုင်ပွဲဝင်အဆင့် ရွက်လှေသင်တန်းများပေးခြင်း။
  • ၁၉၆၉ခုနှစ်ခန့်မှ ၂၀၀၄ခုနှစ်ထိ အပြည်ပြည်ဆိုင်ရာရွက်လှေပြိုင်ပွဲပေါင်း (၃၀)ကျော်တွင် ပါဝင်ဆင်နွှဲခဲ့ပြီး အောင်ပွဲများလည်းရရှိခဲ့ခြင်း။

အပြည်ပြည်ဆိုင်ရာ ရွက်လှေပြိုင်ပွဲများတွင် မြန်မာရွက်လှေအားကစားသမားများ အနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်အောင်ပန်းများ ဆွတ်ခူးနိုင်သကဲ့သို့ အချို့ပြိုင်ပွဲများတွင် အတွေ့အကြုံရရုံမျှသာရရှိခဲ့ပါ သည်။ အောင်ပွဲခံနိုင်သည့် ပွဲများအနက် ၂၀၀၁ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သော(၂၁)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပွဲတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်(၃)ခုနှင့် ကြေးတံဆိပ် (၁)ခုတို့ကို ထိုက်ထိုက်တန်တန်ရရှိကာ အောင်ပွဲများဆင်နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် ရွက်လှေအားကစားနည်းကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ကစားသမား(၁၆)ဦးဖြင့် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ရွေးချယ်၍ စတင်သင်ကြားခဲ့ပါသည်။

ယခုလက်ရှိအား/ကာသိပ္ပံနှင့် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်တို့တွင် တွဲဖက်လေ့ကျင့်လျက်ရှိ ပါသည်။

Record

  • 26th ဆီးဂိမ်းကို အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ မသိင်္ဂီဝင်းရွှေနှင့် မခင်ညိုလင်း သွားရောက်ယှဉ်ပြိုင်ရာ ငွေတံဆိပ်ရရှိခဲ့ (Int” 470 အမျိုးအစားလှေ)
  • ၂၂-၁၀-၂၀၁၁ တွင် နေပြည်တော် ငလိုက်ဆည်တွင် အားကစားနှင့်ကာယပညာသိပ္ပံမှ သင်တန်းသားများ ရွက်လှေစီးသရုပ်ပြခဲ့
  • ၁၆-၂-၂၀၁၂ မှ ၂၅-၂-၂၀၁၂ ထိ မလေးရှားနိုင်ငံ Langkawi တွင် ကျင်းပမည့် 15th Asian Sailing Championship တွင် Int” 420 လှေအမျိုးအစားဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့
  • ၂၁-၄-၂၀၁၄ တွင် 27th ဆီးဂိမ်းအတွက် အားကစားနှင့်ကာယပညာသိပ္ပံမှ အားကစားသမား (၁၂)ဦး ငွေဆောင်တွင် ကြိုတင်သွားရောက်လေ့ကျင့်ခဲ့
  • ၂၄-၈-၂၀၁၂ မှ ၇-၈-၂၀၁၂ ထိ ငွေဆောင်လေ့ကျင့်မှု Windsurfing အားကစားသမား (၆)ဦးလေ့ကျင့်
  • Windsurfing ကစားသမား (၂)ဦး ရဲထက်(နှင့်) ဆက်နိုင်အောင် Singapore Joint Training, Series & Series – 4 ပြိုင်ပွဲသို့ သွားရောက်ခဲ့
  • ၂၃-၁၀-၂၀၁၂ ရက်မှ၍ မန္တလေးသိပ္ပံမှ ကစားသမား (၅)ဦး စတင်ရွေးချယ်ခဲ့
  • ၁၆-၁-၂၀၁၂ မှ ၂၀-၁-၂၀၁၃ ထိ ကျင်းပမည့် SIM 32nd Singapore Open Rsone Asian Chamopinship ပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ဆက်နိုင်အောင်၊ နိုင်လင်းထွန်း၊ ရဲထက်
  • ၁၈-၁-၂၀၁၃ မှ ၂၇-၁-၂၀၁၃ ထိ ကျင်းပမည့် 10th KFC Langkawi Internation Regatta 2013 ပြိုင်ပွဲသို့ အောင်မြတ်မိုး၊ မင်းသီဟအောင်၊ မသိင်္ဂီဝင်းရွှေတို့ သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ထိုပြိုင်ပွဲများတွင်

(၁)     Int” 420 (women) မသိင်္ဂီဝင်းရွှေ (Crew)                      ပထမဆု

(၂)     Windsurfing (Bic Techno) ရဲထက်                               ဒုတိယဆု

(၃)     Windsurfing (Bic Techno) ဆက်နိုင်အောင်                 တတိယဆု

(၄)     Windsurfing (Bic Techno) နိုင်လင်းထွန်း                     စတုတ္ထဆု

(၅)     Optimist Overall မင်းသီဟအောင်                                အဆင့် (၁)

     -    မန္တလေးသိပ္ပံမှ သင်တန်းသူ (၄)ဦးအား ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်ခဲ့

     -    27th ဆီးဂိမ်းတွင် မသိင်္ဂီဝင်းရွှေ Int” 420 (Girls) ကြေးတံဆိပ်ရရှိခဲ့၊ မောင်ဆက်နိုင်အောင်

          Windsurting ရွှေတံဆိပ်ဆုရရှိခဲ့

  • ၂၃-၅-၂၀၁၃ တွင် ရန်ကုန်သိပ္ပံမှ ကစားသမား (၂၅)ဦးနှင့် မန္တလေးသိပ္ပံမှ ကစားသမား (၁၉)ဦး ထပ်မံရွေးချယ်ခဲ့
  • ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကစားသမား (၁၂)ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)မှ ကစားသမား (၄)ဦးကို ထပ်မံရွေးချယ်ခဲ့
  • ၁၂-၁၀-၂၀၁၄ မှ ၈-၁၁-၂၀၁၄ ထိ ထိုင်းနိုင်ငံ မတ္တရာကမ်းခြေတွင် ပူးတွဲလေ့ကျင့်ပြီး         ၁၄-၁၁-၂၀၁၄ မှ ၃၂-၁၁-၂၀၁၄ ထိ ထိုင်းနိုင်ငံ ဖူးခတ်ကမ်းခြေတွင် ကျင်းပမည့် 4th Asian Beach Games ပြိုင်ပွဲသို့

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသူ (၁)ဦး

အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)မှ သင်တန်းသား (၂)ဦး

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရွက်လှေအားကစားနည်းတွင် ကျား(  )ဦး၊မ(  )ဦးတို့ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရွက်လှေအားကစားနည်း၏တစ်နေ့တာလုပ်ဆောင်ချက်များ

ရွက်လှေအားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်မှာ-

(က) နံနက်(၀၄း၃၀)နာရီအချိန် တာဝန်ကျဆရာမှ နှိုးခရာမှုတ်အိပ်ထခြင်း။

(ခ) နံနက်(၀၅း၁၅)နာရီအချိန် Training မသွားမီတန်းစီလူစစ်ဆေးခြင်းနှင့် မိမိအားကစားရုံသို့ တန်းစီထွက်ခွာခြင်း။

(ဂ) မိမိအားကစားရုံတွင် (၀၅း၃၀)နာရီမှ (၀၆း၄၅)နာရီအထိ လေ့ကျင့်မှုပြုလုပ်ပြီး စားရိပ်သာတွင်နံနက်စာသုံးဆောင်ပြီး အိပ်ဆောင်သို့ပြန်၍ ခေတ္တအနားပေးပြီး ကျောင်းတက်ရန် ပြင်ဆင်ကြပါသည်။

(ဃ)(ဝရး၃၀)နာရီအချိန် ကျောင်းတက်ရန်လူစစ်တန်းစီခြင်းများ ပြုလုပ်ပြီး စာသင်ကြားရန် အတွက် ကျောင်းတက်ကြပါသည်။

(င)(၁၂း၃၀)နာရီအချိန်တွင် ကျောင်းလွှတ်ပြီး စားရိပ်သာတွင်နေ့လည်စာ သုံးဆောင်၍ အိပ်ဆောင်၌ ခေတ္တအနားယူခြင်း။

(စ)(၁၄းဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာမှအိပ်ယာထပ်နှိုးခရာမှုတ်၍ Training သွားရန် ပြင်ဆင်ခြင်းများပြုလုပ်ခြင်း။

(ဆ)(၁၄း၁၅)နာရီအချိန် Training မသွားမီတာဝန်ကျဆရာမှ တန်းစီလူစစ်ဆေးခြင်းများ ပြုလုပ်ပြီး မိမိအားကစားရုံကွင်းများသို့ စနစ်တကျတန်းစီသွားကြပါသည်။

(ဇ) (၁၄း၃၀)နာရီအချိန်မှ (၁၅းဝ၀)နာရီအချိန်ထိ မိမိလေ့ကျင့်ရေးရုံတွင် Mental Training များလေ့ကျင့်ဆောင်ရွက်ပေးခြင်း။

(စျ) (၁၅းဝ၀)နာရီအချိန်တွင် မိမိအားကစားနည်းအလိုက် Training plan အတိုင်း လေ့ကျင့်မှု များ ပြုလုပ်ပြီး (၁ရး၁၅)နာရီအချိန်လေ့ကျင့်မှုရပ်နားပြီး (၁၅)မိနစ်၊ ရုံပတ်ဝန်းကျင် သန့်ရှင်းရေးများပြုလုပ်ပြီး၊ ညနေစာသုံးဆောင်ရန်အတွက် ခေတ္တရပ်နားခြင်းဖြစ်ပါသည်။

(ည) ညနေစာကို (၁၈းဝ၀)နာရီအချိန်မှ (၁၉းဝ၀)နာရီအချိန်ထိ ညနေစာသုံးဆောင်၍ (၁၉းဝ၀) နာရီအချိန် ညစာကြည့်ရန်အတွက်တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်း ပြုလုပ်ပြီး (၁၉းဝ၀)နာရီမှ (၂၁းဝ၀)အချိန်ထိ ညစာကျက်၍ (၂ဝးဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်းပြုလုပ်ပြီး နောက်တစ်နေ့အစီအစဉ် နှင့် လိုအပ်တာများမှာကြားပြီးတစ်နေ့တာပြီးဆုံးခြင်းနှင့် ပြီးစေတန်းဖြုတ်ခြင်း၊ အိပ်စက် အနားယူရန်အတွက် ပြင်ဆင်ခြင်းနှင့် (၂ဝးဝ၀)နာရီအချိန် မီးမှိတ်ခရာမှုတ်၍ အိပ်စက် အနားယူခြင်း၊ တစ်နေ့တာပြီးဆုံးခြင်းဖြစ်ပါသည်။

လေ့ကျင့်သင်ကြားမှု: