လက်ဝှေ့

မြန်မာနိုင်ငံသို့ လက်ဝှေ့အားကစား စတင်ရောက်ရှိလာခြင်း

ကမ္ဘာ့အရှေ့တလွှားဆီသို့ အင်္ဂလိပ်နှင့် အမေရိကန်တပ်များ ကျူးကျော်ရောက်ရှိလာသည့်အခါ လက်ဝှေ့အားကစားနည်းသည်လည်း ၄င်းတို့နှင့်အတူ တပ်တည်းပါလာသည်။ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့  အုပ်စိုးခဲ့စဉ်က သတ္တိကို အရင်းတည်၍ ကစားရပြီး မြန်မာတို့နှင့် လိုက်ဖက်ညီလှသည့် လက်ဝှေ့အားကစားနည်းပညာကို မြန်မာတို့ ရလိုက်ပါသည်။

စစ်ကြိုခေတ်အတွင်း အောက်မြန်မာနိုင်ငံတွင် ရန်ကုန်မြို့ကို မူတည်ကာ ဗြိတိသျှစစ်မှုထမ်းများ နှင့်အတူ အင်္ဂလိပ်ကပြားများ၊ မြန်မာလူငယ်များ၊ ကရင်တိုင်းရင်းသားလူငယ်များ လေ့လာလိုက်စား ကြရာမှ ကရင်လူငယ်အချို့  လူတော်လူကောင်းများ ပေါ်ထွက်လာခဲ့ပါသည်။

အထက်မြန်မာနိုင်ငံတွင် ကွယ်လွန်သူ အာဇာနည်ခေါင်းဆောင်ဆရာကြီး ဦးရာဇတ် မြန်မာ လူငယ်တို့၏ စိ်တ်နေစိတ်ထား သတ္တိနှင့် လိုက်ဖက်ညီသည့် လက်ဝှေ့အားကစားနည်းကို နိုင်ငံခြား နည်းပြတစ်ဦးဖြစ်သူ မစ္စတာဘီဖစ်ရှားအား ငှားရမ်း၍ မန္တလေးမြို့  အမျိုးသားကျောင်းတွင် လက်ဝှေ့  လေ့ကျင့်ရေးခန်းမဖွင့်ကာ လက်ဝှေ့ပညာများ သင်ယူစေခဲ့ပါသည်။ အမျိုးသားကျောင်းမှ လက်ဝှေ့ကျော်များအဖြစ် (ဘချစ်၊ ဘသစ်၊ လှတင်၊ ခင်ညို၊ ဘရွှေ၊ ချစ်အုန်း၊ သိန်းမောင်၊ သန်းနိုင်၊  ဘညိမ်း၊ ဘိုနီ၊ ထွန်းအေး)တို့  စစ်ကြိုခေတ်တွင် ပေါ်ထွက်လာခဲ့ပါသည်။

မန္တလေးရဲတပ်ဖွဲ့မှလည်း ဆရာကြီး ဘီဖစ်ရှား၏ သင်ကြားပြသမှုကြောင့် ရဲလက်ဝှေ့ကျော်များ ဖြစ်သည့် ကံထူး၊ သန်းရင်၊ စောဘာ စသည့် အကျော်အမော်များ မွေးထုတ်ခဲ့ပါသည်။

စစ်ပြီးခေတ်တွင် လက်ဝှေ့အားကစားကို မြန်မာလူငယ်တို့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာ လိုက်စားခဲ့ပါသည်။ လက်ဝှေ့အားကစားဖြင့် မြန်မာ့သတ္တိ၊ မြန်မာ့အစွမ်းတို့ကို ကမ္ဘာကသိအောင် ပြသ နိုင်သည်အထိ အောင်မြင်မှုများ ရရှိလာခဲ့ပါသည်။

 

မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် စတင်ဖြစ်ပေါ်လာပုံ

မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်ကို (၁၉၄၇) ခုနှစ်၊ ဇန်နဝါရီလအတွင်း ရန်ကုန်မြို့တွင် စတင်ဖွဲ့ စည်း ခဲ့ပါသည်။ ၄င်းနှစ် အပြည်ပြည်ဆိုင်ရာလက်ဝှေ့အဖွဲ့ချုပ်သို့ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ခဲ့ပါသည်။ မြန်မာအမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲကို (၁၉၇၄)ခုနှစ်မှာပင် ပထမဆုံးအကြိမ် ကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်သည် အဖွဲ့ချုပ်ဖွဲ့စည်းသည်နှင့် လက်ဝှေ့အားကစားအဆင့််အတန်း တိုးတက်မြင့်မားရေးကို ဆောင်ရွက်ခဲ့ရာတွင် မြန်မာ့လက်ရွေးစင်လက်ဝှေ့အသင်းအား အပြည်ပြည် ဆိုင်ရာ အားကစားပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး လက်ဝှေ့ပြိုင်ပွဲများ အပြန်အလှန် ယှဉ်ပြိုင်စေခြင်း၊ အရှေ့ တောင်အာရှအားကစားပြိုင်ပွဲများ၊ အာရှအားကစားပြိုင်ပွဲများ သာမက ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲအထိပါ စေလွှတ်ယှဉ်ပြိုင်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
လက်ဝှေ့အားကစား (၁၉၉၇ - ၁၉၉၈)မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။

လက်ရှိသင်တန်းသား (၁၀)ဦး၊ သင်တန်းသူ (၈)ဦး၊ စုစုပေါင်း (၁၈)ဦး၊ နည်းပြ ကျား(၃)ဦး၊ မ(၁)ဦး၊ စုစုပေါင်း (၄)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဂေါက်သီးအားကစားနည်းတွင် ကျား(၁၀)ဦး၊ မ(၁၀)ဦးတို့ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

 

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)လက်ဝှေ့အားကစားနည်း၏တစ်နေ့တာလုပ်ဆောင်ချက်များ

လက်ဝှေ့အားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်မှာ-

(က) နံနက်(၀၄း၃၀)နာရီအချိန် တာဝန်ကျဆရာမှ နှိုးခရာမှုတ်အိပ်ထခြင်း။

(ခ) နံနက်(၀၅း၁၅)နာရီအချိန် Training မသွားမီတန်းစီလူစစ်ဆေးခြင်းနှင့် မိမိအားကစားရုံသို့ တန်းစီထွက်ခွာခြင်း။

(ဂ) မိမိအားကစားရုံတွင် (၀၅း၃၀)နာရီမှ (၀၆း၄၅)နာရီအထိ လေ့ကျင့်မှုပြုလုပ်ပြီး စားရိပ်သာ တွင် နံနက်စာသုံးဆောင်ပြီး အိပ်ဆောင်သို့ပြန်၍ ခေတ္တအနားပေးပြီး ကျောင်းတက်ရန် ပြင်ဆင်ကြပါသည်။

(ဃ) (ဝရး၃၀)နာရီအချိန် ကျောင်းတက်ရန်လူစစ်တန်းစီခြင်းများ ပြုလုပ်ပြီး စာသင်ကြားရန် အတွက် ကျောင်းတက်ကြပါသည်။

(င) (၁၂း၃၀)နာရီအချိန်တွင် ကျောင်းလွှတ်ပြီး စားရိပ်သာတွင်နေ့လည်စာ သုံးဆောင်၍ အိပ်ဆောင်၌ ခေတ္တအနားယူခြင်း။

(စ) (၁၄းဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာမှအိပ်ယာထပ်နှိုးခရာမှုတ်၍ Training သွားရန် ပြင်ဆင်ခြင်းများပြုလုပ်ခြင်း။

(ဆ) (၁၄း၁၅)နာရီအချိန် Training မသွားမီတာဝန်ကျဆရာမှ တန်းစီလူစစ်ဆေးခြင်းများ ပြုလုပ်ပြီး မိမိအားကစားရုံကွင်းများသို့ စနစ်တကျတန်းစီသွားကြပါသည်။

(ဇ) (၁၄း၃၀)နာရီအချိန်မှ (၁၅းဝ၀)နာရီအချိန်ထိ မိမိလေ့ကျင့်ရေးရုံတွင် Mental Training များလေ့ကျင့်ဆောင်ရွက်ပေးခြင်း။

(စျ) (၁၅းဝ၀)နာရီအချိန်တွင် မိမိအားကစားနည်းအလိုက် Training plan အတိုင်း လေ့ကျင့်မှု များ ပြုလုပ်ပြီး (၁ရး၁၅)နာရီအချိန်လေ့ကျင့်မှုရပ်နားပြီး (၁၅)မိနစ်၊ ရုံပတ်ဝန်းကျင် သန့်ရှင်းရေးများပြုလုပ်ပြီး၊ ညနေစာသုံးဆောင်ရန်အတွက် ခေတ္တရပ်နားခြင်းဖြစ်ပါသည်။

(ည) ညနေစာကို (၁၈းဝ၀)နာရီအချိန်မှ (၁၉းဝ၀)နာရီအချိန်ထိ ညနေစာသုံးဆောင်၍ (၁၉းဝ၀) နာရီအချိန် ညစာကြည့်ရန်အတွက်တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်း ပြုလုပ်ပြီး (၁၉းဝ၀)နာရီမှ (၂၁းဝ၀)အချိန်ထိ ညစာကျက်၍ (၂ဝးဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်းပြုလုပ်ပြီး နောက်တစ်နေ့အစီအစဉ် နှင့် လိုအပ်တာများမှာကြားပြီးတစ်နေ့တာပြီးဆုံးခြင်းနှင့် ပြီးစေတန်းဖြုတ်ခြင်း၊ အိပ်စက် အနားယူရန်အတွက် ပြင်ဆင်ခြင်းနှင့် (၂ဝးဝ၀)နာရီအချိန် မီးမှိတ်ခရာမှုတ်၍ အိပ်စက် အနားယူခြင်း၊ တစ်နေ့တာပြီးဆုံးခြင်းဖြစ်ပါသည်။

လေ့ကျင့်သင်ကြားမှု: