အလေးမ

မြန်မာ့အလေးမသမိုင်း(အကျဉ်း)

မြန်မာ့အားကစားအစ အလေးမနှင့်ကာယဗလမှ ဟုဆိုရမည်ဖြစ်သည်။ ၎င်းနည်းတူ အလေးမ အားကစားသည်လည်း ကာယဗလက စတင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
ကာယဗလ ဦးရှိန်သည် ဗုဒ္ဓဘာသာကျောင်းသားလေးဘဝမှ စာပေနယ်မှ အားကစားပြိုင်ပွဲများ၊ ကာယဗလပြိုင်ပွဲများ ပေါ်ပေါက် လာစေရန် လှုံ့ဆော်အားထုတ်ကြိုးပမ်းခဲ့သည်။ ဦးရှိန်သည် ကျောင်းနေဘက်သူငယ်ချင်း ကိုဖိုးချမ်းနှင့် တွေ့ပြီး ဗက်ပတစ်ကောလိပ်ခေါ် ဂျပ်ဆင်ကောလိပ် (ယုဒဿန်ကောလိပ်)၌ သင်ကြားရသည့် ဂရိနှင့် ရောမရာဇဝင် စာအုပ်များတွင် ခေတ်ဟောင်း အိုလံပစ်ပွဲတော်များ ကျင်းပခြင်း၊ ကစားခုန်စား၊ ဓားခုတ်လှံထိုး နပမ်းပြိုင်ပွဲများအကြောင်းကို ဖတ်ရှု ရသည့်အခါ ဇာတိမာန်စိတ်ဓာတ်နိုးကြား တက်ကြွ လာပြီး ကာယဗလကိုယ်လက်ကြံ့ခိုင်ရေး၊ ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်ရန် စိုင်းပြင်းလာခဲ့ သည်။ ယင်းအချိန်မှစ၍ ဦးရှိန်သည် သူငယ်ချင်းများနှင့် ကာယဗလအလေးမ အသင်းတစ်သင်းကို ထူထောင်ပြီး ကာယဗလလေ့ကျင့်ခဲ့ ကြသည်။ ဦးရှိန်နှင့် ရှီရှောင်ဆိုသူတို့ပေါ်ထွန်းလာခဲ့သည်။

၁၉၂၀ ခုနှစ်တွင် ဗြိတိန်သျှအစိုးရ ရန်ကုန်တက္ကသိုလ်ဥပဒေကို စပိတ်မှောက်တိုက်ပွဲဆင်နွဲ ရာတွင် ဦးရှိန်၏ သူငယ်ချင်းကိုဖိုးချမ်းပါဝင်ခဲ့ရာ ဦးရှိန်မှာလည်း ကိုယ်စွမ်းရှိသမျှ ပါဝင်ကူညီ ဆောင်ရွက်လာခဲ့သည်။ ၎င်းနောက် ဂျီစီဘီအေမြန်မာအသင်းချုပ်ကြီး ပေါ်ပေါက်ခဲ့ပြီး ဝံသာနုဟူသော စာတမ်းထိုးလျှက် အမျိုးသားရေးနှင့် နိုင်ငံရေးလှုပ်ရှားမှုအရှိန်အဟုန်သည် တဖြည်း ဖြည်းပြင်းထန် လာခဲ့ပြီး နယ်ချဲ့တော်လှန်ရေး၊ အမျိုးသားလှုပ်ရှားမှုကို ဆင်နွဲရန်အတွက် ကျန်းမာကြံ့ခိုင်သော လူငယ် လူရွယ်များပေါ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် အလေးမ၊ ကာယဗလနှင့် ကျန်းမာကြံ့ခိုင်သော လူငယ်များ ပေါ်ထွန်းလာအောင် ဆောင်ရွက်ခဲ့ကြသည်။ ဦးရှိန်၏ တပည့်များ ဖြစ်သော မောင်လှမောင်၊ ကိုညွန့်ဖေ (မောင်ဗမာ)၊ တက္ကသိုလ်ကျောင်းသား ကိုဘသာစသည့် လူငယ်များပေါ်ပေါက်ခဲ့သည်။

ဦးရှိန်က ဦးဆောင်၍ ၁၉၂၆ ခုနှစ်တွင် မြန်မာနိုင်ငံအပျော်တမ်းအလေးမအသင်း(MYANMAR AMATEUR WLIFTING ASSOCIATION) ကိုဖွဲ့စည်းခဲ့ကြသည်။ ဥက္ကဋ္ဌမှာ ဝတ်လုံတော်ရ ဦးဘဒွန်ဖြစ်ပြီး အတွင်းရေးမှူးမှာ တက္ကသိုလ်ကျောင်းသား စတီဗင်ဆင်တို့မှာ ဆောင်ရွက်ခဲ့ကြသည်။ ယခုဆို နှစ်ပေါင်း (၈၄) ကျော်ခဲ့ပြီးဖြစ်သည်။

  • ၁၉၂၈ ခုနှစ်တွင် အလေးမပြိုင်ပွဲကို ရန်ကုန်မြို့မ ယောင်္ကျားလေးကျောင်း၌ ပထမဦးစွာ ကျင်းပနိုင်ခဲ့သည်။
  • ၁၉၃၀ ခုနှစ်တွင် ဆေးကျောင်းအဆောက်အအုံ၌ ဝေါလ်တာချစ်ထွန်း၊ ဆာရှီး၊ ဆာစံဖိုး၏သား အိုးဒဗလျူပို တို့ချိန်းပွဲအလေးမပြိုင်ပွဲ ကျင်းပခဲ့ရာ ၀ါလ်တာချစ်ထွန်းက ဒိုင်လူကြီးဖြစ် ဆောင်ရွက်ပေးခဲ့သည်။ ပွဲကြည့်ပရိတ်သတ်များထဲမှ ကျောင်းဆရာလေး ကိုဇော်ဝိတ်နှင့် ဟင်နရီ စမိုက်(ဗိုလ်မှူးကြီးလှအောင်) တို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
  • နိုဝင်ဘာမှ တစ်ကြိမ် “အာရှစံချိန်ချိုး”ပွဲ ကျင်းပရာ ဇော်ဝိတ်က ၂၁၈ ပေါင်မပြီး အာရှစံချိန်ကို ပထမဦးဆုံးအကြိမ် မ-ပြနိုင်ခဲ့သည်။
  • ၁၉၃၁ ခုနှစ်၊ သြဂုတ်လ(၃)ရက်နေ့ ဂျူဗလီဟောတွင် မ-နည်း(၃)မျိုးပါဝင်သော ပထမဦးဆုံး အလေးမပြိုင်ပွဲကို ကျင်းပခဲ့သည်။
  • ၁၉၃၃ ခုနှစ်၊ နိုင်ဝင်ဘာလ (၁၉)ရက်နေ့တွင် မြို့မကျောင်း၌ အလေးမစံချိန်ပြိုင်ပွဲကျင်းပ ခဲ့ရာ အမ်အေဦးမောင်ကြီး၊ ဥပဒေပြုအဖွဲ့ အတွင်းရေးမှူးဦးဘဒွန်း၊ အမျိုးသားပညာဝန် ဦးဖိုးကျား စသည့် အထက်ကရ ပုဂ္ဂိုလ်များမှ
    ဂုဏ်ပြုအားပေးခဲ့ကြသည်။
  • ထိုအချိန်က ဗြိတိသျှကိုလိုနီဘဝသို့ ကျရောက်နေသည့်အချိန် မြန်မာကို အိန္ဒိယ အင်ပါယာအလေးမပြိုင်ပွဲကို မြန်မာအလေးမအဖွဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့သည်။
  • မြန်မာအဖွဲ့မှာ - ကာယဗလ ဦးရှိန်၊ ဝတ်လုံတော်ရ ဦးချန်းထွန်း၊ တိုးတက်ရေး ဦးစိန်၊ခြေလျှင်ဦးအုန်းခင်၊ ဇော်ဝိတ်၊ စံသင်နှင့် ထွန်းမြင့်တို့ပါဝင်ပြီး ဦးချန်ထွန်းက အဖွဲ့ခေါင်းဆောင်၊ ဦးအုန်းခင်က အတွင်းရေးမှူး၊ ဦးရှိန်က နည်းပြအဖြစ် ပါဝင်ဦးစီးပြီး သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
  • ၎င်းပြိုင်ပွဲတွင် ၈-စတုန်းတန်းတွင် စံသင်ကလည်းကောင်း၊ ၉-စတုန်းတန်းတွင် ထွန်းမြင့်ကလည်းကောင်း၊ ၁၂-စတုန်းတန်းနှင့် ဟဲဗီးဝိတ်တန်းတွင် ဇော်ဝိတ်ကလည်းကောင်း၊ အိန္ဒိယ အင်ပါယာချန်ပီယံဘွဲ့များကို ရရှိခဲ့ကြပြီး ဇော်ဝိတ်အား ဂျာမနီနိုင်ငံ၊ ဘာလင် ကမ္ဘာ့အိုလံပစ်သို့ သွားရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံခဲ့ရသည်။
  • ၁၉၃၆ ခုနှစ်၊ (၁၁)ကြိမ်မြောက် ဘာလင်အိုလံပစ်ပြိုင်ပွဲကို အိန္ဒိယအင်ပါယာနိုင်ငံသား အဖြစ် ပင်ရှာပီအုပ်ပေါင်းဆောင်း၍ အိန္ဒိယနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ရသည်။ ပထမဦးဆုံး ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲသို့ မြန်မာ့နိုင်ငံသားအလေးမသမား “ဇော်ဝိတ်ကြီး” ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှစ၍ မြန်မာ့ အလေးမသမိုင်း မော်ကွန်းတင်ပြီး ယနေ့အထိ ဆက်လက်ရှင်သန်လျှက် ရှိပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကို ၁၉၉၀ ပြည့်နှစ်တွင် ကျိုက္ကဆံ အားကစား ကွင်းကြီး၌ စတင်ဖွင့်လှစ်ခဲ့ပြီး အားကစားနည်းပြသင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ နိုင်ငံတော် အကြီးအကဲ ၏ လမ်းညွှန်ချက်နှင့်အညီ အားကစားဒီပလိုမာသင်တန်း၊ လက်ထောက် နည်းစနစ်မှူး သင်တန်း၊ အားကစားသမားလူငယ်ထူးချွန်သူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၁၉၉၃ ခုနှစ်တွင် မျိုးဆက်သစ် အားကစားလေ့ကျင့်ရေးသင်တန်း အခြေခံ (၆)လနှင့် အဆင့်မြင့် (၄)လ သင်တန်း အမှတ်စဉ် (၁)မှ (၄)ထိ အခြေခံအဆင့်မြင့်တွဲလျက် ရေတိုသင်တန်း (Shorterm Training Course) များဖွင့်လှစ်ခဲ့ပါ သည်။

၁၉၉၇ ခုနှစ်၊ သြဂုတ်လ(၇)ရက်နေ့တွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းကြီးကို အဆင့်မြင့်လျက် အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ဟု လမ်းကြောင်းနှစ်သွယ်စနစ်ဖြင့် ပ ဉ္စမတန်းမှ ဒသမတန်းအထိ ပရဝုဏ်အတွင်း အခြေခံပညာအထက် တန်းကျောင်းကြီး တစ်ကျောင်းဖွင့်လှစ်ကာ ရေရှည်သင်တန်းကြီးကို ထူးချွန်အားကစားသမားများ မွေးထုတ်ရန်နှင့် ဉာဏအရည်အချင်းမြင့်မားသော အားကစားသမားများပေါ်ထွန်းလာစေရန် ဖွင့်လှစ် လေ့ကျင့်ပေးခဲ့ပါသည်။အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အလေးမအားကစားနည်းတွင် ကျား(  )ဦး၊မ(  )ဦးတို့ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အလေးမအားကစားနည်း၏တစ်နေ့တာလုပ်ဆောင်ချက်များ

 အလေးမအားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်မှာ-

(က) နံနက်(၀၄း၃၀)နာရီအချိန် တာဝန်ကျဆရာမှ နှိုးခရာမှုတ်အိပ်ထခြင်း။

(ခ)  နံနက်(၀၅း၁၅)နာရီအချိန် Training မသွားမီတန်းစီလူစစ်ဆေးခြင်းနှင့် မိမိအားကစားရုံသို့ တန်းစီထွက်ခွာခြင်း။

(ဂ)  မိမိအားကစားရုံတွင် (၀၅း၃၀)နာရီမှ (၀၆း၄၅)နာရီအထိ လေ့ကျင့်မှုပြုလုပ်ပြီး စားရိပ်သာ တွင် နံနက်စာသုံးဆောင်ပြီး အိပ်ဆောင်သို့ပြန်၍ ခေတ္တအနားပေးပြီး ကျောင်းတက်ရန် ပြင်ဆင်ကြပါသည်။     

(ဃ) (ဝရး၃၀)နာရီအချိန် ကျောင်းတက်ရန်လူစစ်တန်းစီခြင်းများ ပြုလုပ်ပြီး စာသင်ကြားရန် အတွက် ကျောင်းတက်ကြပါသည်။

(င)  (၁၂း၃၀)နာရီအချိန်တွင် ကျောင်းလွှတ်ပြီး စားရိပ်သာတွင်နေ့လည်စာ သုံးဆောင်၍ အိပ်ဆောင်၌ ခေတ္တအနားယူခြင်း။

(စ)  (၁၄းဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာမှအိပ်ယာထပ်နှိုးခရာမှုတ်၍ Training သွားရန် ပြင်ဆင်ခြင်းများပြုလုပ်ခြင်း။

(ဆ) (၁၄း၁၅)နာရီအချိန် Training မသွားမီတာဝန်ကျဆရာမှ တန်းစီလူစစ်ဆေးခြင်းများ ပြုလုပ်ပြီး မိမိအားကစားရုံကွင်းများသို့ စနစ်တကျတန်းစီသွားကြပါသည်။

(ဇ)  (၁၄း၃၀)နာရီအချိန်မှ (၁၅းဝ၀)နာရီအချိန်ထိ မိမိလေ့ကျင့်ရေးရုံတွင် Mental Training များလေ့ကျင့်ဆောင်ရွက်ပေးခြင်း။

(စျ)  (၁၅းဝ၀)နာရီအချိန်တွင် မိမိအားကစားနည်းအလိုက် Training plan အတိုင်း လေ့ကျင့်မှု များ ပြုလုပ်ပြီး (၁ရး၁၅)နာရီအချိန်လေ့ကျင့်မှုရပ်နားပြီး (၁၅)မိနစ်၊ ရုံပတ်ဝန်းကျင် သန့်ရှင်းရေးများပြုလုပ်ပြီး၊ညနေစာသုံးဆောင်ရန်    အတွက် ခေတ္တရပ်နားခြင်းဖြစ်ပါသည်။

(ည) ညနေစာကို (၁၈းဝ၀)နာရီအချိန်မှ (၁၉းဝ၀)နာရီအချိန်ထိ ညနေစာသုံးဆောင်၍ (၁၉းဝ၀) နာရီအချိန် ညစာကြည့်ရန်အတွက် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်း ပြုလုပ်ပြီး (၁၉းဝ၀)နာရီမှ (၂၁းဝ၀)အချိန်ထိ ညစာကျက်၍ (၂ဝးဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်းပြုလုပ်ပြီး နောက်တစ်နေ့အစီအစဉ် နှင့် လိုအပ်တာများမှာကြားပြီးတစ်နေ့တာပြီးဆုံးခြင်းနှင့် ပြီးစေတန်းဖြုတ်ခြင်း၊ အိပ်စက် အနားယူရန်အတွက် ပြင်ဆင်ခြင်းနှင့် (၂ဝးဝ၀)နာရီအချိန် မီးမှိတ်ခရာမှုတ်၍ အိပ်စက် အနားယူခြင်း၊ တစ်နေ့တာပြီးဆုံးခြင်းဖြစ်ပါသည်။

လေ့ကျင့်သင်ကြားမှု: