၂၀၁၇ ခုနှစ်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ (တောင်ကြီး)ကျောင်းများ ပြိုင်ပွဲ (စက်ဘီး)

စက်ဘီးအားကစားနည်း

            အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး) အားကစားပြိုင်ပွဲကို နေပြည်တော်နှင့် ရန်ကုန်တွင် (၂၇. ၁၂.၂၀၁၇) ရက်နေ့မှ (၂.၈.၂၀၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ထိုပြိုင်ပွဲသို့ အုပ်ချုပ်ကွပ်ကဲသူ (၆)ဦး၊ နည်းပြ (၈၁)ဦး၊ ပြိုင်ပွဲဝင်အားကစားသမား ကျား (၂၅၇)ဦး၊ မ (၂၆၀)ဦး စုစုပေါင်း (၅၁၇)ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၏ ဆုရရှိမှုအခြေအနေမှာ ရွှေတံဆိပ် (၁၁၂)ခု၊ ငွေတံဆိပ် (၁၀၇)ခု၊ ကြေးတံဆိပ် (၁၁၈) ခု စုစုပေါင်း (၃၃၇) ခုရရှိခဲ့ပါသည်။

     စက်ဘီးအားကစားနည်းမှ  ရွှေ (၄)၊ ငွေ (၄)၊ ကြေး (၃)၊ စုစုပေါင်း (၁၁) ခုရရှိခဲ့ပါသည်။