Latest News

၂၀၁၅ ခုနှစ်၊ ဒဂုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျိုက္ကဆံကွင်း၌ ၂၄.၂.၂၀၁၅ ရက်နေ့ နံနက် ၇း၀၀ နာရီမှ နေ့လည် ၁၂း၀၀ နာရီအထိ အပြေး (၆)မျိုး၊ အခုန် (၃) မျိုး၊ အပစ် (၃)မျိုး ဖြင့် ပြိုင်ပွဲကျင်းပပေးခဲ့ရာတွင် ဘာသာရပ်အလိုက် အသင်း (၁၀)သင်းမှ လူဦးရေ (၂၅၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ ကြပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သွေးသစ်ရွေးချယ်ရေးအတွက် (ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်း၊ သုံးခွ၊ သန်လျင်၊ ဒဂုံအရှေ့၊ အနောက်ပိုင်းခရိုင်၊ မြောက်ဥက္ကလာ၊ လှည်းကူး၊  အင်းစိန်မြို့နယ်) များသို့ သွားရောက်ကွင်းဆင်း ပဏာမရွေးချယ်ခဲ့ပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ရှိ သင်တန်းသား/သူများအား အားကစားလေ့ကျင့်ချိန်တွင် အာဟာရပြည့်ဝစေရန်အတွက် Sunlife Active for Work *forte မှ အာဟာရပြည့် ရေဆူဆေးပြားများကို (၁၃.၂.၂၀၁၅) ရက်နေ့တွင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ရှိ ပြေးခုန်ပစ်ကွင်း၌ လာရောက်တိုက်ကျွေးခဲ့ပါသည်။

(၆၈)ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် သုံးမျိုးစုံပြိုင်ပွဲကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ကြာသပတေးနေ့ တွင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ရှိ ပြေးခုန်ပစ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုပြိုင်ပွဲတွင် ပြေးခုန်ပစ်ပြိုင်ပွဲ (၁၄) မျိုးနှင့် သုံးမျိုးစုံပြိုင်ပွဲ ရေကူး မီတာ ၃၀၀၊ စက်ဘီး မီတာ ၈၀၀၀၊ တာဝေး မီတာ ၂၀၀၀ ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုကြေးငွေများကို Sys

အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးနှင့် ၀န်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ (၁၅း၃၀) အချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ကျိုက္ကဆံကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) လစဉ်လေ့ကျင့်ရေးတိုးတက်အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်၊ ဗုဒ္ဓဟူးနေ့တွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ကျိုက္ကဆံကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သွေးသစ်ရွေးချယ်ရေးအတွက် (ရခိုင်ပြည်နယ်၊ သံတွဲမြို့) များသို့ (၂၉.၁.၂၀၁၅ ရက်နေ့မှ ၂.၂.၂၀၁၅ ရက်နေ့အထိ) သွားရောက်ကွင်းဆင်း ပဏာမရွေးချယ်ခဲ့ပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သွေးသစ်ရွေးချယ်ရေးအတွက် (ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်၊ မြောင်းမြ) များသို့ (၂၉.၁.၂၀၁၅ ရက်နေ့မှ ၂.၂.၂၀၁၅ ရက်နေ့အထိ) သွားရောက်ကွင်းဆင်း ပဏာမရွေးချယ်ခဲ့ပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သွေးသစ်ရွေးချယ်ရေးအတွက် (ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်နှင့် ဟင်္သတခရိုင်) များသို့ (၂၉.၁.၂၀၁၅ ရက်နေ့မှ ၂.၂.၂၀၁၅ ရက်နေ့အထိ) သွားရောက်ကွင်းဆင်း ပဏာမရွေးချယ်ခဲ့ပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ (၂၈)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲကို (၂၈. ၁. ၂၀၁၅ ရက်နေ့မှ ၃၀. ၁. ၂၀၁၅) ရက်နေ့အထိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပြည်နယ်တိုင်းအလိုက် ရဲတပ်ဖွဲ့ကိုယ်စားပြု ပြေးခုန်ပစ် ပြိုင်ပွဲကို အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ မိမိပြည်နယ်တိုင်းကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရရှိခဲ့ပါသည်။

Pages