Latest News

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျန်းမာ‌ရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနသို့ အ‌မေရိကန်‌ဒေါ်လာ ၆၀၀၀၀၀‌ကျော် တန်ဖိုးရှိ အားကစားပစ္စည်းများ‌  ပေးအပ်ပွဲလှူဒါန်းပွဲအခမ်းအနားကို၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့ ညနေ(၄)နာရီက ရန်ကုန်မြို့၊ တာ‌မွေမြိုနယ်၊ ကျိုက္ကဆံဝင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) အစည်း အဝေးခန်းမ၌ပြုလုပ်သည်။ အဆိုပါလှူဒါန်းပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသံအမတ်ကြီး ကိုယ်စား၊ စီးပွား‌ရေးသံမှူး Mr.Tha Shu Fu နှင့်တာ၀န်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးကျော်စိုးမိုး၊ ရန်ကုန်တိုင်း‌ဒေသကြီး အားကစာ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ဝန်ထမ်းများနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို (၉.၆.၂၀၁၉) နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ တက်ရောက်ဖွင့်လှစ် အမှာစကားပြောကြားပေးခဲ့ပြီး၊ အခမ်းအနားတွင် အလှူရှင်များမှ အလှူငွေများပေးအပ်ခြင်း၊ အားကစားသရုပ်ပြသခြင်းများအား အားပေးကြည့်ရှု၍ အားကစားနည်းအလိုက် အားကစားပစ္စည်းများ ခင်းကျင်းပြသမှုများအား လိုက်လံကြည့်ရှုခဲ့ပါသည်။ (၃.၆.၂၀၁၉)

အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့ နေ့လည် (၁းဝ၀)နာရီတွင် အားကစားနှင့်ကာယပညာသိပ္ပံ၊ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ဝန်ထမ်းများအား ငွေသားနှင့် အသုံးအဆောင်ပစ္စည်းများ ကံစမ်းမဲဖောက်ပေးခဲ့ပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ တက်ရောက်ဖွင့်လှစ် အမှာစကားပြောကြားပေးခဲ့ပြီး၊
အခမ်းအနားတွင် အလှူရှင်များမှ အလှူငွေများပေးအပ်ခြင်း၊ အားကစားသရုပ်ပြသခြင်းများအား အားပေးကြည့်ရှု၍ အားကစားနည်းအလိုက် အားကစားပစ္စည်းများ ခင်းကျင်းပြသမှုများအား လိုက်လံကြည့်ရှုခဲ့ပါသည်။ (၁.၆.၂၀၁၈))

စက်ဘီးအားကစားနည်း

            အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး) အားကစားပြိုင်ပွဲကို နေပြည်တော်နှင့် ရန်ကုန်တွင် (၂၇. ၁၂.၂၀၁၇) ရက်နေ့မှ (၂.၈.၂၀၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages