ကျွမ်းဘား

ကျွမ်းဘားအားကစားနည်းသမိုင်း

ကျွမ်းဘားအားကစားနည်းသည် အားကစားနည်းအားလုံးတို့၏ အခြေခံဖြစ်ပါသည်။ကျွမ်းဘားအားကစားနည်း ဟာ ပျော့ပျောင်းမှု၊ သန်မာမှု၊ လျှင်မြန်မှု၊ ခံနိုင်ရည်စွမ်းအားစသည်တို့ကိုပေါင်းစပ်ပြီး ကစားရသောအားကစားနည်းဖြစ်ပါသည်။
ကျွမ်းဘားသမိုင်းအကျဉ်းကိုဖော်ပြရမည်ဆိုရင် ကျွမ်းဘားအားကစားနည်းသည် 1946ခုနှစ်ကတည်းက အပြည်ပြည်ဆိုင်ရာကျွမ်းဘားအဖွဲ့အစည်းများနှင့် စတင်ဆက်သွယ်နေပါပြီ။ သီပေါမင်း၏ မြေးတော် သော်ဖုရားကြီးက ခေါင်းဆောင်အဖြစ်ပါဝင်ပြီး ၄င်းနှင့်အတူ ဆရာကြီးဦးဇော်ဝိတ်၊ ဆရာကြီးဦးထွန်းငြိမ်း တို့လည်း ပါဝင်ခဲ့တယ်လို့သိရှိခဲ့ရသည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် ကျွမ်းဘားအဖွဲ့ချုပ် မရှိသေးပါ။ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်ကို 1952 ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ နောက်ပိုင်း ဆက်လက် လှုပ်ရှားခဲ့သူများကတော့ ကျွမ်းဘားဖခင်ကြီးဟုပြောလို့ရသည့် ဆရာကြီးဦးစောလှမြင့်၊ ဆရာကြီးဦးမြလွင်၊ ဆရာဦးမောင်မောင်ဆန်း ထိုသူတို့မှတဆင့် ဆရာဦးစိုးမြင့်၊ ဆရာဦးဇော်ဝင်း စသည်တို့က အမွေဆက်ခံ လက်ဆင့်ကမ်းသယ်ဆောင်လာပြီး အပြည်ပြည်ဆိုင်ရာကျွမ်းဘားအဖွဲ့အစည်းများနှင့်ပေါင်းစပ်ပြီး လုပ်ဆောင် လာခဲ့တာ ယနေ့အချိန်ထိ လှုပ်ရှားဆောင်ရွက်နေဆဲဖြစ်ပါသည်။ အရှေ့အာရှကျွန်းဆွယ်မှစပြီး အရှေ့တောင် အာရှအားကစားပြိုင်ပွဲကြီးတွေသာမက အာရှအားကစားပြိုင်ပွဲအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျွမ်းဘားအား   စားနည်းတွင် ကျား(၅)ဦး၊ မ(၅)ဦး တို့ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျွမ်းဘားအားကစားနည်း၏တစ်နေ့တာလုပ်ဆောင်ချက်များ

ကျွမ်းဘားအားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်မှာ-

(က) နံနက်(၀၄း၃၀)နာရီအချိန် တာဝန်ကျဆရာမှ နှိုးခရာမှုတ်အိပ်ထခြင်း။

(ခ) နံနက်(၀၅း၁၅)နာရီအချိန် Training မသွားမီတန်းစီလူစစ်ဆေးခြင်းနှင့် မိမိအားကစားရုံသို့ တန်းစီထွက်ခွာခြင်း။

(ဂ) မိမိအားကစားရုံတွင် (၀၅း၃၀)နာရီမှ (၀၆း၄၅)နာရီအထိ လေ့ကျင့်မှုပြုလုပ်ပြီး စားရိပ်သာ တွင် နံနက်စာသုံးဆောင်ပြီး အိပ်ဆောင်သို့ပြန်၍ ခေတ္တအနားပေးပြီး ကျောင်းတက်ရန် ပြင်ဆင်ကြပါသည်။

(ဃ) (ဝရး၃၀)နာရီအချိန် ကျောင်းတက်ရန်လူစစ်တန်းစီခြင်းများ ပြုလုပ်ပြီး ယခုသင်ကြားရန် အတွက် ကျောင်းတက်ကြပါသည်။

(င)(၁၂း၃၀)နာရီအချိန်တွင် ကျောင်းလွှတ်ပြီး စားရိပ်သာတွင်နေ့လည်စာ သုံးဆောင်၍ အိပ်ဆောင်၌ ခေတ္တအနားယူခြင်း။

(စ) (၁၄းဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာမှအိပ်ယာထပ်နှိုးခရာမှုတ်၍ Training သွားရန် ပြင်ဆင်ခြင်းများပြုလုပ်ခြင်း။

(ဆ) (၁၄း၁၅)နာရီအချိန် Training မသွားမီတာဝန်ကျဆရာမှ တန်းစီလူစစ်ဆေးခြင်းများ ပြုလုပ်ပြီး မိမိအားကစားရုံကွင်းများသို့ စနစ်တကျတန်းစီသွားကြပါသည်။

(ဇ)(၁၄း၃၀)နာရီအချိန်မှ (၁၅းဝ၀)နာရီအချိန်ထိ မိမိလေ့ကျင့်ရေးရုံတွင် Mental Training များလေ့ကျင့်ဆောင်ရွက်ပေးခြင်း။

(စျ) (၁၅းဝ၀)နာရီအချိန်တွင် မိမိအားကစားနည်းအလိုက် Training plan အတိုင်း လေ့ကျင့်မှု များ ပြုလုပ်ပြီး (၁ရး၁၅)နာရီအချိန်လေ့ကျင့်မှုရပ်နားပြီး (၁၅)မိနစ်၊ ရုံပတ်ဝန်းကျင် သန့်ရှင်းရေးများပြုလုပ်ပြီး၊ ညနေစာသုံးဆောင်ရန်အတွက် ခေတ္တရပ်နားခြင်းဖြစ်ပါသည်။

(ည) ညနေစာကို (၁၈းဝ၀)နာရီအချိန်မှ (၁၉းဝ၀)နာရီအချိန်ထိ ညနေစာသုံးဆောင်၍ (၁၉းဝ၀) နာရီအချိန် ညစာကြည့်ရန်အတွက် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်း ပြုလုပ်ပြီး (၁၉းဝ၀)နာရီမှ (၂၁းဝ၀)အချိန်ထိ ညစာကျက်၍ (၂ဝးဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်းပြုလုပ်ပြီး နောက်တစ်နေ့အစီအစဉ် နှင့် လိုအပ်တာများမှာကြားပြီးတစ်နေ့တာပြီးဆုံးခြင်းနှင့် ပြီးစေတန်းဖြုတ်ခြင်း၊ အိပ်စက် အနားယူရန်အတွက် ပြင်ဆင်ခြင်းနှင့် (၂ဝးဝ၀)နာရီအချိန် မီးမှိတ်ခရာမှုတ်၍ အိပ်စက် အနားယူခြင်း၊ တစ်နေ့တာပြီးဆုံးခြင်းဖြစ်ပါသည်။

လေ့ကျင့်သင်ကြားမှု: