ဘောလုံး (မ)

ကမ္ဘာ့ဘောလုံးအားကစားသမိုင်းအကျဉ်း

ဘောလုံးအားကစားနည်းကို ကမ္ဘာပေါ်တွင် (၁၉)ရာစုခန့်က အင်္ဂလန်နိုင်ငံမှ စတင်ခဲ့သည်ဟု ဆိုပါသည်။ စတင်ကစားစဉ်အခါက လူဦးရေကန့်သတ်ချက်မရှိ၊ နေရာသတ်မှတ်ချက်မရှိ၊ စည်းကမ်း သတ်မှတ်ချက်မရှိ ကစားခဲ့ကြပါသည်။ ဤသို့ကစားရင်းဖြင့် တစ်ရွာမှ တစ်ရွာသို့ပင် ရောက်တတ်ကြ သည်ဟု ဆိုပါသည်။ ထို့ကြောင့် သက်ဦးဆံပိုင်ဘုရင်ကပင် တားမြစ်သည်အထိ စိတ်ဝင်စားစွာကစားခဲ့ ကြပါသည်။

ထိုမှ စက်မှုတော်လှန်ရေးကြီး ဖြစ်ပွားပြီး စက်ရုံ၊ အလုပ်ရုံများတည်ထောင်ကာ ဘောလုံးအသင်းများ ဖွဲ့စည်းကစားခဲ့ကြသည်။ ဥပဒေ၊ စည်းကမ်းသတ်မှတ်ချက်များ ရေးဆွဲပြီး ကစားလာကြသည်။

ကမ္ဘာအရပ်ရပ်သို့လည်း ဗြိတိသျှသင်္ဘောများ ရောက်ရှိပြီး သင်္ဘောသားများ ဆိပ်ကမ်းဆင်း ဘောလုံးကစားရာမှ ဒေသအနှံ့ ပျံ့နှံ့ရောက်ရှိခဲ့သည်။ ကမ္ဘာ့အရှေ့ဖျားနိုင်ငံများသို့လည်း ဗြိတိသျှကုန် သင်္ဘောများ ဆိပ်ကမ်းဆင်း ဘောလုံးကစားသည်မှ အတုယူ ပျံ့နှံ့ခဲ့ပါသည်။

၁၉၀၄ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် (FIFA)ကို တည်ထောင်ပြီး နိုင်ငံတကာ ပြိုင်ပွဲများ စနစ်တကျ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။

 

မြန်မာ့ဘောလုံးသမိုင်းအကျဉ်း

ဘောလုံးကစားနည်း ကမ္ဘာ့နိုင်ငံများသို့ ပျံ့နှံ့ရောက်ရှိခဲ့သည့်နည်းတူ မြန်မာနိုင်ငံအတွင်း သို့လည်း ဗြိတိသျှအရင်းရှင်ကုန်သည်များ၊ သာသနာပြုများမှ တဆင့် ပျံ့နှံ့ရောက်ရှိခဲ့ပါသည်။ မည်သည့်နှစ်၊ မည်သည့်အချိန်ကာလက စတင်ရောက်ရှိလာသည်ကို တိတိကျကျမပြောနိုင်သော်လည်း မြန်မာနိုင်ငံတွင် ၁၈ဝဝပြည့်နှစ်ခန့်က စတင်၍ ဘောလုံးကစားနေပြီဖြစ်ကြောင်း သိရှိရပါသည်။

၁၈၉၅ခုနှစ်တွင် မြန်မာပြည်ဘောလုံးအသင်းများ အဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၈၉၈ခုနှစ်တွင် ဘီအေအေ (ခေါ်) မြန်မာပြည်အားကစားအသင်းကြီး အမည်သို့ ပြောင်းလဲဖွဲ့စည်းကာ ဘောလုံး ပြိုင်ပွဲများ စနစ်တကျကစားနိုင်ရန် စတင်ကြိုးပမ်းခဲ့ပါသည်။

ဘောလုံးပြိုင်ပွဲများကို စီနီယာတန်းနှင့် ဂျူနီယာတန်းဟူ၍ ခွဲခြားသတ်မှတ်ကာ ၁၉ဝဝပြည့်နှစ် တွင် စီနီယာ ပထမတန်း အမှတ်ပေးဘောလုံးပြိုင်ပွဲနှင့် ဂျူနီယာတန်းရှုံးထွက်ဗိုလ်လုပွဲများကို ကျင်းပပြု လုပ်ခဲ့ပါသည်။ ၁၉ဝဝခုနှစ်၊ စီနီယာ ဒုတိယတန်းဟူ၍ တိုးချဲ့ကာ ပြိုင်ပွဲများ ကျင်းပခဲ့ပါသည်။ စီနီယာပထမတန်းနှင့် စီနီယာဒုတိယတန်းဟူ၍ အတန်းနှစတန်းရှိသော်လည်း တန်းတင်၊ တန်းချစနစ်ကို ၁၉၆၂ခုနှစ်မှစတင် ပြုလုပ်ခဲ့ပါသည်။

ယခင်က ဘောလုံးပြိုင်ပွဲများကို မိုင်ဒါကွင်း(ယခုမြို့မကွင်း)တွင် ကျင်းပခဲ့သော်လည်း ၁၉၁ဝပြည့်နှစ်တွင် ဘီအေအေကွင်း (ယခုအောင်ဆန်းကွင်း) တည်ဆောက်ပြီးစီးသောအခါ ပြိုင်ပွဲများကို အောင်ဆန်းကွင်းတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

၁၈၉၈ခုနှစ်တွင် ဖွဲ့စည်းခဲ့သော မြန်မာပြည်အားကစားအသင်းကြီးသည် ဘောလုံး အားကစားနည်းသာမက ခရစ်ကက်၊ ဟော်ကီ၊ တင်းနစ်၊ ပြေးခုန်ပစ်နှင့် ကြက်တောင်စသည့် အားကစားနည်းများကိုလည်း ဦးဆောင်ကျင်းပပေးရပါသည်။ ထို့ကြောင့် ဘောလုံးအားကစားနည်း တမျိုးကိုသာ အလေးထားဆောင်ရွက်ရန်အတွက် ၁၉၄ရခုနှစ်၊ မေလ(၁၇)ရက်နေ့တွင် မြန်မာနိုင်ငံ အပျော်တမ်းဘောလုံးအဖွဲ့ချုပ်ကို ဖွဲ့စည်းပြီး ၁၉၆၂ခုနှစ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပါ သည်။

၁၉၆၄ခုနှစ် နောက်ပိုင်းတွင် စီနီယာနှင့် ဂျူနီယာဟူ၍ မခွဲတော့ပဲ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းနှင့် စတုတ္ထတန်းဟူ၍ လေးတန်းထားရှိခဲ့ပါသည်။ ၁၉၉၅-၉၆ခုနှစ်၊ ဘောလုံးရာသီမှ စတင်၍ အဆင့်မြင့်တန်း၊ ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်းဟူ၍ လေးတန်းသတ်မှတ်ကာ ယနေ့တိုင် ယှဉ်ပြိုင်လျှက်ရှိ်ပါသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (၂၀၀၇-၂၀၀၈)ခုနှစ် ဒုတိယတန်း၊ တတိယတန်း ရှုံးထွက်ပြိုင်ပွဲတွင် အား/ကာသိပ္ပံ(ရန်ကုန်) အမျိုးသားဘောလုံးအသင်းမှ ပထမဆုရရှိခဲ့ပါ သည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် ဘောလုံးအားကစားနည်းကို ၁၉၉ရခုနှစ်မှ ယခု အချိန်ထိ U-16 ကျား(၂၃)ဦး၊ U-14(၂၃)ဦး၊ မ(၂၅)ဦး၊ စုစုပေါင်း(၇၁)ဦးဖြင့် လေ့ကျင့်သင်ကြား ပေးလျက်ရှိပါသည်။အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဘောလုံးအားကစားနည်းတွင် ကျား(  )ဦး၊မ(  )ဦးတို့ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

 

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဘောလုံးအားကစားနည်း၏တစ်နေ့တာလုပ်ဆောင်ချက်များ

ဘောလုံးအားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်မှာ-

(က) နံနက်(၀၄း၃၀)နာရီအချိန် တာဝန်ကျဆရာမှ နှိုးခရာမှုတ်အိပ်ထခြင်း။

(ခ) နံနက်(၀၅း၁၅)နာရီအချိန် Training မသွားမီတန်းစီလူစစ်ဆေးခြင်းနှင့် မိမိအားကစားရုံသို့ တန်းစီထွက်ခွာခြင်း။

(ဂ) မိမိအားကစားရုံတွင် (၀၅း၃၀)နာရီမှ (၀၆း၄၅)နာရီအထိ လေ့ကျင့်မှုပြုလုပ်ပြီး စားရိပ်သာ တွင် နံနက်စာသုံးဆောင်ပြီး အိပ်ဆောင်သို့ပြန်၍ ခေတ္တအနားပေးပြီး ကျောင်းတက်ရန် ပြင်ဆင်ကြပါသည်။

(ဃ) (ဝရး၃၀)နာရီအချိန် ကျောင်းတက်ရန်လူစစ်တန်းစီခြင်းများ ပြုလုပ်ပြီးစာသင်ကြားရန် အတွက် ကျောင်းတက်ကြပါသည်။

(င) (၁၂း၃၀)နာရီအချိန်တွင် ကျောင်းလွှတ်ပြီး စားရိပ်သာတွင်နေ့လည်စာ သုံးဆောင်၍ အိပ်ဆောင်၌ ခေတ္တအနားယူခြင်း။

(စ) (၁၄းဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာမှအိပ်ယာထပ်နှိုးခရာမှုတ်၍ Training သွားရန် ပြင်ဆင်ခြင်းများပြုလုပ်ခြင်း။

(ဆ) (၁၄း၁၅)နာရီအချိန် Training မသွားမီတာဝန်ကျဆရာမှ တန်းစီလူစစ်ဆေးခြင်းများ ပြုလုပ်ပြီး မိမိအားကစားရုံကွင်းများသို့ စနစ်တကျတန်းစီသွားကြပါသည်။

(ဇ)(၁၄း၃၀)နာရီအချိန်မှ (၁၅းဝ၀)နာရီအချိန်ထိ မိမိလေ့ကျင့်ရေးရုံတွင် Mental Training များလေ့ကျင့်ဆောင်ရွက်ပေးခြင်း။

(စျ) (၁၅းဝ၀)နာရီအချိန်တွင် မိမိအားကစားနည်းအလိုက် Training plan အတိုင်း လေ့ကျင့်မှု များ ပြုလုပ်ပြီး (၁ရး၁၅)နာရီအချိန်လေ့ကျင့်မှုရပ်နားပြီး (၁၅)မိနစ်၊ ရုံပတ်ဝန်းကျင် သန့်ရှင်းရေးများပြုလုပ်ပြီး၊ ညနေစာသုံးဆောင်ရန်အတွက် ခေတ္တရပ်နားခြင်းဖြစ်ပါသည်။

(ည) ညနေစာကို (၁၈းဝ၀)နာရီအချိန်မှ (၁၉းဝ၀)နာရီအချိန်ထိ ညနေစာသုံးဆောင်၍ (၁၉းဝ၀) နာရီအချိန် ညစာကြည့်ရန်အတွက်တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်း ပြုလုပ်ပြီး (၁၉းဝ၀)နာရီမှ (၂၁းဝ၀)အချိန်ထိ ညစာကျက်၍ (၂ဝးဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်းပြုလုပ်ပြီး နောက်တစ်နေ့အစီအစဉ် နှင့် လိုအပ်တာများမှာကြားပြီးတစ်နေ့တာပြီးဆုံးခြင်းနှင့် ပြီးစေတန်းဖြုတ်ခြင်း၊ အိပ်စက် အနားယူရန်အတွက် ပြင်ဆင်ခြင်းနှင့် (၂ဝးဝ၀)နာရီအချိန် မီးမှိတ်ခရာမှုတ်၍ အိပ်စက် အနားယူခြင်း၊ တစ်နေ့တာပြီးဆုံးခြင်းဖြစ်ပါသည်။

လေ့ကျင့်သင်ကြားမှု: