B.Sc (Sports)
အားကစားပညာအထူးပြုဘာသာရပ် B.Sc (Sport) အား ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ဒဂုံတက္ကသိုလ်၌ စတင်ဖွင့်လှစ်ပညာသင်ကြားစေခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန်လ(၁)ရက်နေ့မှစတင်၍ ၂၀၂၂-၂၀၂၃ နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက်နှင့် ပထမနှစ်ဝက်တွင် ကျောင်းသား/သူ (၇၆)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ကျောင်းသား/သူအင်အားစာရင်း
ကျား | + | မ | = | ပေါင်း | |
ပထမနှစ် | ၇ | + | ၈ | = | ၁၅ |
ဒုတိယနှစ်(ပထမနှစ်ဝက်) | ၅ | + | ၉ | = | ၁၄ |
ဒုတိယနှစ်(ဒုတိယနှစ်ဝက်) | ၇ | + | ၆ | = | ၁၃ |
တတိယနှစ် | ၃ | + | ၇ | = | ၁၀ |
ပထမနှစ်(ဂုဏ်ထူးတန်း) | - | + | ၄ | = | ၄ |
စတုတ္ထနှစ် | ၁၁ | + | ၅ | = | ၁၆ |
ဒုတိယနှစ်(ဂုဏ်ထူးတန်း) | - | + | ၂ | = | ၂ |
တတိယနှစ်(ဂုဏ်ထူးတန်း) | ၂ | + | - | = | ၂ |
စုစုပေါင်း | ၃၅ | + | ၄၁ | = | ၇၆ |
၂၀၂၃ ခုနှစ်၊ ဇွန်လမှ ယနေ့အထိ B.Sc(Sport) ရန်ကုန်ရှိ ဝန်ထမ်းအင်အားစာရင်း
ကျား | + | မ | = | ပေါင်း | |
လက်ထောက်ညွှန်ကြားရေးမှူး | ၁ | + | - | = | ၁ |
ဦးစီးအရာရှိ | - | + | ၁ | = | ၁ |
အားကစားမှူး | - | + | ၁ | = | ၁ |
နည်းပြ(နည်းစနစ်) | ၄ | + | ၂ | = | ၆ |
စုစုပေါင်း | ၅ | + | ၄ | = | ၉ |
B.Sc (Sport) ကျောင်းသား/သူများ၏ တစ်နေ့တာလုပ်ဆောင်ချက်များ
B.Sc (Sport) ကျောင်းသား/သူများ၏ တစ်နေ့တာလုပ်ဆောင်ချက်မှာ -
(က) နံနက် (၀၅:ဝ၀)နာရီအချိန်တွင် အိပ်ရာထခြင်း။
(ခ) နံနက် (၀၅:၃၀)နာရီမှ (၀၆:၃၀)နာရီအထိ ကာယလေ့ကျင့်ခန်းလေ့ကျင့်မှုများပြုလုပ်ခြင်း။
(ဂ) နံနက် (၀၆:၃၀)နာရီမှ (ဝ၇:၃၀)နာရီအထိ စားရိပ်သာတွင်နံနက်စာသုံးဆောင်ပြီး အိပ်ဆောင်သို့ပြန်၍ ကျောင်းတက်ရန်ပြင်ဆင်ကြပါသည်။
(ဃ) နံနက် (ဝ၇:၃၀)နာရီ တွင် အား/ကာသိပ္ပံမှ ဒဂုံတက္ကသိုလ်သို့ ကျောင်းတက်ရန် လူစစ်တန်းစီခြင်းများပြုလုပ်ပြီး စာသင်ကြားရန်အတွက်
ဒဂုံတက္ကသိုလ်သို့သွားရောက်ကြပါသည်။
(င) နံနက် (၀၈:၄၅)နာရီမှ နေ့လည် (၁၂:၂၀)နာရီအတွင်း ဒဂုံတက္ကသိုလ်တွင် စာသင်ကြားပါသည်။
(စ) နေ့လည် (၁၂:၂၀)နာရီမှ (၁၂:၅၀) အချိန်ထိ နေ့လည်စားပြီး တက္ကသိုလ်တွင် စာသင်ကြားသည့် အတန်းကျန်၍၊ ကျန်အတန်းများ ဒဂုံတက္ကသိုလ်မှ အား/ကာသိပ္ပံသို့ ပြန်လာပါသည်။
အား/ကာသိပ္ပံ(ရန်ကုန်)တွင် ကျန်အားကစားဘာသာများစာသင်ကြားပါသည်။
(ဆ) (၁၂:၅၀) နာရီမှ (၁၆:၀၀) နာရီအတွင်း အား/ကာသိပ္ပံ (ရန်ကုန်)တွင် စာသင်ကြားပါသည်။
(ဇ) (၁၅:၀၀) နာရီမှ (၁၇:၃၀) နာရီအတွင်း ကိုယ်ပိုင်အချိန်တွင် လက်တွေ့လေ့ကျင့်ခန်းလုပ်ကြပါသည်။
(စျ) (၁၇:၃၀) နာရီမှ (၁၈း၃၀) နာရီထိ စားရိပ်သာတွင် ညစာစားပါသည်။
(ည) (၁၈:၃၀) နာရီမှ (၁၉:ဝ၀) နာရီထိ အိပ်ဆောင်တွင် ခေတ္တနားပါသည်။
(ဋ) (၁၉:ဝ၀) နာရီမှ (၂၁:ဝ၀) နာရီထိ စာကျက်ချိန်ဖြစ်ပါသည်။
(ဌ) (၂၂:ဝ၀) နာရီအချိန်တွင် ညအိပ်ရာဝင်ရပါသည်။