မြားပစ်

မြားပစ်အားကစားသမိုင်း

လေးနှင့် မြားပစ်ခတ်ခြင်း အတတ်ပညာသည် ရှေးနှစ်ပေါင်း (၂၀၀၀၀) နှစ်သောင်းကျော်၊ ကျောက်ခေတ် လူသားဘဝမှာပင် စတင်ခဲ့ကြောင်း ကျောက်ခေတ်ဂူများ၏ နံရံပေါ်ရှိ ဆေးရေး ပန်းချီများအရ သိရှိခဲ့ရပါသည်။
ကျောက်ခေတ်လူသားများ သည် လေးနှင့် မြားကို အမဲလိုက်ရန် သားကောင်ကြီးများ၏ ရန်ကိုကာကွယ်ရန် ရှေးဦးစွာ အသုံးပြုခဲ့ကြပါသည်။ နောက်ပိုင်း ယဉ်ကျေးမှု တိုးတက်လာသောခေတ်ကာလများတွင် အမဲလိုက်ရန် မိမိကိုယ်မိမိကာကွယ်ရန်သာမက စစ်ပွဲများတွင် လေးနှင့် မြားကို အသုံးပြုလာကြပါသည်။လေးနှင့် မြား တီထွင်သုံးစွဲခြင်းကို ကမ္ဘာပေါ်ရှိ အာရှ၊ ဥရောပ၊ အမေရိက၊ အာဖရိကနှင့် သြစတြေးလျတိုက်များရှိ လူမျိုးပေါင်းစုံ၏ သမိုင်းကြောင်းများတွင် တွေ့ရှိနိုင်ပါသည်။ အမဲလိုက်ခြင်း၊ စစ်တိုက်ခြင်း ရန်ကိုခုခံကာကွယ်ခြင်းတို့အတွက် အသုံးပြုရန် လေးနှင့် မြားပစ်ကျွမ်းကျင်မှုရှိရေးအတွက် လေ့ကျင့်ခြင်းမှတစ်ဆင့် မြားပစ်ပြိုင်ပွဲများကို ကမ္ဘာအနှံ့လူမျိုးအသီးသီးတွင် ပုံသဏ္ဍာန်မျိုးစုံဖြင့် ကျင်းပ ခဲ့ရာမှ မြားပစ်အားကစားနည်း ပေါ်ထွန်းလာခဲ့ပါသည်။

ကမ္ဘာတစ်ဝှမ်းလုံးရှိ မြားပစ်ပြိုင်ပွဲအနေဖြင့် ၁၉၀၀ ပြည့်နှစ် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ ကျင်းပသော ဒုတိယ အကြိမ် အိုလံပစ်အားကစားပြိုင်ပွဲ၌ အမျိုးသမီးမြားပစ်ပြိုင်ပွဲထည့်သွင်းကျင်းပခြင်းဖြင့် အိုလံပစ် အားကစား သမိုင်းတွင် ပထမဆုံးအမျိုးသမီး အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့သော သမိုင်း မှတ်တိုင်ကို မြားပစ် အားကစားနည်းမှ စိုက်ယူခဲ့ပါသည်။ ပထမအကြိမ် အိုလံပစ်အားကစားပြိုင်ပွဲတွင် အားကစားနည်းအားလုံး၌ အမျိုးသားများသာ ပါဝင်ယှဉ်ပြိုင်စေခဲ့ပါသည်။

၁၉၃၁ ခုနှစ်တွင် ပိုလန်နိုင်ငံဝါဆောမြို့၌ ကမ္ဘာ့မြားပစ်အဖွဲ့ချုပ်ကို အဖွဲ့ဝင်နိုင်ငံ (၇)နိုင်ငံ ဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ယခု ၂၀၁၂ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၆၀)နိုင်ငံရှိနေပြီ ဖြစ်ပါ သည်။

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ကို (၁၉၉၅)ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ပထမဦးဆုံး ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ မဏိဇောတဓရ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ (ဥက္ကဋ္ဌ-ဇေကမ႓ာကုမ္ပဏီ) ဖြစ်ပါသည်။ ပထမဦးဆုံးအတွင်းရေးမှူးမှာ ဦးဘန်နီတင်အောင် (ဒုတိယညွှန်ကြား ရေးမှူး၊ အား/ကာဦးစီးဌာန) ဖြစ်ပါ သည်။ ဖွဲ့စည်းတည်ထောင်သောနှစ်မှာပင် ကမ္ဘာ့မြားပစ်အဖွဲ့ချုပ်၊ အာရှမြားပစ်အဖွဲ့ချုပ်တို့နှင့် ဆက်သွယ်၍ အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းခံရကာ ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပပြု လုပ်သော (၁၈)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ၊ မြားပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် နိုင်ငံတကာပြိုင်ပွဲသို့ စတင်ဝင် ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။

၂၀၀၅ ခုနှစ်၊ (၂၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဖိလစ်ပိုင်)၊ မြားပစ်ပြိုင်ပွဲ တွင် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ မြန်မာ့လက်ရွေးစင် Re curve  အားကစားသမားဇော်ဝင်းထိုက်သည် အမျိုးသား တစ်ဦးချင်း ရှုံးထွက်ပွဲစဉ်၌ ပထမရွှေတံဆိပ်ဆုကိုလည်းကောင်း၊ ၂၀၀၉ ခုနှစ်၊ (၂၅)ကြိမ် မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ (လာအို) မြားပစ်ပြိုင်ပွဲ Compound အမျိုးသမီးအသင်း လိုက် ရှုံးထွက်ပြိုင်ပွဲတွင် အောင်ငှိမ်း၊ လှလှစံ၊ ခင်လေးနုတို့အသင်းက ပထမရွှေတံဆိပ်ဆုကို လည်းကောင်း၊ ၂၀၁၁ ခုနှစ်၊ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (အင်ဒိုနီးရှား) မြားပစ်ပြိုင်ပွဲတွင် Compound  အမျိုးသမီးတစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲတွင် အောင်ငှိမ်းက ရွှေတံဆိပ်ဆု ကိုလည်းကောင်း၊ Compound အမျိုးသမီးအသင်းလိုက် ရှုံးထွက်ပြိုင်ပွဲတွင် အောင်ငှိမ်း၊ လှလှစံ၊ ယောစိမ်းယတို့အသင်းက ရွှေတံဆိပ်ဆုကို လည်းကောင်း၊ Compound အမျိုးသား/အမျိုးသမီး Mix Team ပြိုင်ပွဲတွင် ရဲမင်းဆွေနှင့် အောင်ငှိမ်းတို့ အသင်းက ပထမရွှေတံဆိပ်ဆုကိုလည်းကောင်း၊ စုစုပေါင်းရွှေတံဆိပ် (၅)ဆုကို မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် သက်တမ်း (၁၆)နှစ်ကာလတွင် နိုင်ငံတော် အတွက် ထိုက်ထိုက်တန်တန်ရယူပေးခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ပါသည်။

အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ (ဥက္ကဋ္ဌ-ဇေကမ္ဘာကုမ္ပဏီ) သည် ၁၉၉၅ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ဂုဏ်ထူးဆောင် ဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ယူခဲ့ပါသည်။ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ကို ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဝဏ္ဏကျော်ထင် ဦးတင့်ဆန်း (ဥက္ကဋ္ဌ-ACE) ကုမ္ပဏီ၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ထိ အဂ္ဂသီရိသုဓမ္မ မဏိဇောတဓရ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ (ဥက္ကဋ္ဌ-ဇေကမ္ဘာကုမ္ပဏီ)၊ ၂၀၁၂မှ ယနေ့အထိ ဒေါက်တာဖြိုးကိုကိုတင့်ဆန်းသည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး ၁၉၉၈ ခုနှစ်မှ ၂၀၁၄ ထိ အတွင်းရေးမှူးအဖြစ် ဦးကျော်ဦး (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အားကစားဝန်ကြီးဌာန)၊ ၂၀၁၄ ခုနှစ်မှ ယနေ့ထိ ဦးသက်လွင်ဦး (ဒုတိယညွှန်ကြားရေးမှူး၊ အားကစားဝန်ကြီးဌာန)တို့မှ တာဝန်ယူကာ မြန်မာမြားပစ်အဆင့်အတန်းနှင့် နိုင်ငံတော်၏ အားကစားအဆင့်အတန်းများကို တိုးတက်ဖွံ့ဖြိုး အောင်မြင်ရေးအတွက် အစွမ်းကုန် ကြိုးစားအားထုတ် ဆောင်ရွက်လျှက်ရှိပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် မြားပစ်အားကစားနည်းကို ၁၉၉၈ ခုနှစ်မှစ၍ လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ မြားပစ်အားကစားနည်းတွင် အားကစားသမား ကျား (၅)ဦး၊ အားကစားသမား မ (၅)ဦး စုစုပေါင်းအားကစား သမား (၁၀)ဦးကို နည်းပြ ကျား(၂)ဦး၊ မ (၁)ဦး၊ စုစုပေါင်းနည်းပြ (၃)ဖြင့် လေ့ကျင့်သင်ကြားပေးလျှက် ရှိပါသည်။အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) မြားပစ်အားကစားနည်းတွင် ကျား( ၆ )ဦး၊ မ( ၆) ဦးတို့ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။
 
အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) မြားပစ်အားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်များ

 မြားပစ်အားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်မှာ-
(က) နံနက်(၀၄:၃၀)နာရီအချိန် တာဝန်ကျဆရာမှ နှိုးခရာမှုတ်အိပ်ထခြင်း။
(ခ) နံနက်(၀၅:၁၅)နာရီအချိန် Training မသွားမီတန်းစီလူစစ်ဆေးခြင်းနှင့် မိမိအားကစားရုံသို့ တန်းစီထွက်ခွာခြင်း။
(ဂ)မိမိအားကစားရုံတွင်(၀၅:၃၀)နာရီမှ(၀၆:၄၅)နာရီအထိလေ့ကျင့်မှုပြုလုပ်ပြီးစားရိပ်သာတွင်နံနက်စာသုံးဆောင်ပြီး အိပ်ဆောင်သို့ပြန်၍ ခေတ္တအနားပေးပြီး ကျောင်းတက်ရန် ပြင်ဆင်ကြပါသည်။
(ဃ) (၀၇:၃၀)နာရီအချိန် ကျောင်းတက်ရန်လူစစ်တန်းစီခြင်းများ ပြုလုပ်ပြီး စာသင်ကြားရန် အတွက် ကျောင်းတက်ကြပါသည်။
(င) (၁၂:၃၀)နာရီအချိန်တွင် ကျောင်းလွှတ်ပြီး စားရိပ်သာတွင်နေ့လည်စာ သုံးဆောင်၍ အိပ်ဆောင်၌ ခေတ္တအနားယူခြင်း။
(စ) (၁၄:ဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာမှအိပ်ယာထပ်နှိုးခရာမှုတ်၍ Training သွားရန် ပြင်ဆင်ခြင်းများပြုလုပ်ခြင်း။
(ဆ) (၁၄:၁၅)နာရီအချိန် Training မသွားမီတာဝန်ကျဆရာမှ တန်းစီလူစစ်ဆေးခြင်းများ ပြုလုပ်ပြီး မိမိအားကစားရုံကွင်းများသို့ စနစ်တကျတန်းစီသွားကြပါသည်။
(ဇ) (၁၄:၃၀)နာရီအချိန်မှ (၁၅:ဝ၀)နာရီအချိန်ထိ မိမိလေ့ကျင့်ရေးရုံတွင် Mental Training များလေ့ကျင့်ဆောင်ရွက်ပေးခြင်း။
(စျ) (၁၅:ဝ၀)နာရီအချိန်တွင် မိမိအားကစားနည်းအလိုက် Training plan အတိုင်း လေ့ကျင့်မှု များ ပြုလုပ်ပြီး (၁ရး၁၅)နာရီအချိန်လေ့ကျင့်မှုရပ်နားပြီး (၁၅)မိနစ်၊ ရုံပတ်ဝန်းကျင် သန့်ရှင်းရေးများပြုလုပ်ပြီး၊ ညနေစာသုံးဆောင်ရန်အတွက် ခေတ္တ ရပ်နားခြင်းဖြစ်ပါသည်။
(ည) ညနေစာကို (၁၈:ဝ၀)နာရီအချိန်မှ (၁၉:ဝ၀)နာရီအချိန်ထိ ညနေစာသုံးဆောင်၍ (၁၉:ဝ၀) နာရီအချိန် ညစာကြည့်ရန်အတွက်တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်း ပြုလုပ်ပြီး (၁၉:ဝ၀)နာရီမှ (၂၁:ဝ၀)အချိန်ထိ ညစာကျက်၍ (၂ဝ:ဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်းပြုလုပ်ပြီး နောက်တစ်နေ့အစီအစဉ် နှင့် လိုအပ်တာများမှာကြားပြီးတစ်နေ့တာပြီးဆုံးခြင်းနှင့် ပြီးစေတန်းဖြုတ်ခြင်း၊ အိပ်စက် အနားယူရန်အတွက် ပြင်ဆင်ခြင်းနှင့် (၂ဝ:ဝ၀)နာရီအချိန် မီးမှိတ်ခရာမှုတ်၍ အိပ်စက် အနားယူခြင်း၊ တစ်နေ့တာပြီးဆုံးခြင်းဖြစ်ပါသည်။