အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၄-၂၀၂၅ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Latest News
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း မှ အားကစားနှင့်ကာယပညာဦးစီးဌာန (ရန်ကုန်) တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပြီး၊ သင်တန်းသား/သူ အိပ်ဆောင်များ၊ စားရိပ်သာနှင့် အားကစားကွင်း/ရုံများအား လိုက်လံစစ်ဆေးကြည့်ရှု၍ အားကစားနည်းပြများ၊ သင်တန်းသား/သူများနှင့် တွေ့ဆုံခဲ့မှုမှတ်တမ်း။
(၈.၃.၂၀၂၄)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) တွင် တက်ရောက်ပညာသင်ကြားနေသော သင်တန်းသား/သင်တန်းသူများ လိမ္မာရေးခြားရှိစေရန်၊ စာပေဗဟုသုတများ ကြွယ်ဝစေရန်နှင့် စိတ်ဓါတ်ခွန်အားများ ရရှိစေရန်ရည်ရွယ်၍ နိုင်ငံကျော်စာရေးဆရာ လင်းသိုက်ညွန့်မှ လာရောက်ဟောပြော ပို့ချပေးနေမှုမှတ်တမ်း။
(၈.၂.၂၀၂၄)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်
ဂျပန်နိုင်ငံ Taping အဖွဲ့မှ လာရောက်သင်ကြားပို့ချသည့် Taping & Treatment Guidance နည်းစနစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံဂျုဒိုအဖွဲ့ချုပ် ဥက္ကဌနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ (၇.၂.၂၀၂၄)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများမှ အားကစားနည်းအလိုက် တက်ရောက်သင်ကြားနေသည့် သင်တန်းသား/သူများအား (၁/၂၀၂၄)လအတွက် ကြံ့ခိုင်စွမ်းရည် စစ်ဆေးနေမှုမှတ်တမ်း။ (၂၉.၁.၂၀၂၄)ရက်နေ့၊ ညနေ(၃:၀၀)နာရီအချိန်
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၃-၂၀၂၄ ပညာရေးစုံညီပွဲတော် ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်နေမှုမှတ်တမ်း။ (၁၇.၁.၂၀၂၄) ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားလှုပ်ရှားမှုပြိုင်ပွဲများကို ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ဘောလုံးနှင့် ပြေးခုန်ပစ် အားကစားနည်း (၅)မျိုးဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး၊ ယနေ့ ပြိုင်ပွဲများတွင် ဆုရရှိသော အားကစားသမားများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြေးခုန်ပစ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများမှ တက်ရောက်၍ ဆုရရှိသည့် အားကစားသမားများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပါသည်။
(၄.၁.၂၀၂၄)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်