တိုက်ကွမ်ဒို

တိုက်ကွမ်ဒိုအားကစားသမိုင်း

ကမ္ဘာ့တိုက်ကွမ်ဒိုသမိုင်းအကြောင်းအကျဉ်း

(က) လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀)ကျော်ကစတင်ဖြစ်ပေါ်လာခြင်း။
(ခ) ၁၉၄၅ ခုနှစ် ဝန်းကျင်လောက်မှာ အမျိုးသားရိုးရာကိုယ်ခံပညာရပ်အဖြစ် တစ်နိုင်ငံလုံးသို့ ပျံ့နှ့ံလာခဲ့ခြင်း။
(ဂ) ၁၉၅၅ ခုနှစ်၊ ဧပြီလမှာ Taekwondo ဟု အမည်သတ်မှတ်ပေးခဲ့ရခြင်း။
(ဃ) ၁၉၆၂ ခုနှစ်တွင် Korea တိုက်ကွမ်ဒိုအဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့ခြင်း။
(င) ၁၉၇၃ ခုနှစ်၊ မေလ(၂၈)ရက်နေ့မှာ (၃၅)နိုင်ငံပါဝင်သောကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့ခြင်း။
(စ)၁၉၇၅ ခုနှစ်တွင် အားကစားတိုက်ကွမ်ဒို Sport Taekwondo အဖြစ် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့လာခဲ့သည်။
(ဆ) ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌမှာ Dr.Chung Worn Choue (ဒေါက်တာချောင်ဝမ်ချူ) ဖြစ်ပါသည်။
(ဇ) ၁၉၇၂ ခုနှစ်မှာ Kukkiwon ကျောင်းတော်ဖွင့်လှစ်ခဲ့ခြင်း။
(စျ) ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်ကို Kukkiwon ကျောင်းတော်မှာရှိခြင်း။

မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်၏ နောက်ခံသမိုင်းအကျဉ်း

(က) ၁၉၈၀ ပြည့်နှစ်ဝန်းကျင်မှစတင်ပြီး မြန်မာနိုင်ငံအတွင်းစာပေနှင့် ကိုရီးယားဆောက်လုပ် ရေး ကျွမ်းကျင်သူများမှတဆင့် စတင်ရောက်ရှိလာခြင်း။

(ခ) ၁၉၈၆ ခုနှစ်၊ ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ သရုပ်ပြဖွဲ့တစ်ဖွဲ့ရောက်ရှိသရုပ်ပြခဲ့ရာမှ တိုက်ကွမ်ဒို မြန်မာတို့စတင်သိရှိလာခဲ့ခြင်း ဖြစ်ပါသည်။

(ဂ)၁၉၈၈ခုနှစ်တွင် ကိုရီးယားတိုက်ကွမ်ဒိုနည်းပြ တစ်ဦးနှစ်နိုင်ငံချစ်ကြည်ရေး၊ ယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်အရ ရောက်ရှိလာခဲ့ပြီး တရားဝင်သင်တန်းများဖွင့်လှစ်ကာ တိုက်ကွမ်ဒိုပညာရပ်ကို စတင်သင်ကြားလာခဲ့ခြင်းဖြစ်ပါသည်။

(ဃ) ၁၉၈၉ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့တွင် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) တိုက်ကွမ်ဒိုအားကစားနည်းတွင် ကျား(၁၀)ဦး၊ မ(၄)ဦးတို့ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

၂၀၁၄-၂၀၁၅ပညာသင်နှစ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) တိုက်ကွမ်ဒိုအားကစားနည်း၏တစ်နေ့တာလုပ်ဆောင်ချက်များ

 တိုက်ကွမ်ဒိုအားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်မှာ-

(က) နံနက်(၀၄း၃၀)နာရီအချိန် တာဝန်ကျဆရာမှ နှိုးခရာမှုတ်အိပ်ထခြင်း။

(ခ) နံနက်(၀၅း၁၅)နာရီအချိန် Training မသွားမီတန်းစီလူစစ်ဆေးခြင်းနှင့် မိမိအားကစားရုံသို့ တန်းစီထွက်ခွာခြင်း။

(ဂ) မိမိအားကစားရုံတွင် (၀၅း၃၀)နာရီမှ (၀၆း၄၅)နာရီအထိ လေ့ကျင့်မှုပြုလုပ်ပြီး စားရိပ်သာ တွင် နံနက်စာသုံးဆောင်ပြီး အိပ်ဆောင်သို့ပြန်၍ ခေတ္တအနားပေးပြီး ကျောင်းတက်ရန် ပြင်ဆင်ကြပါသည်။

(ဃ) (ဝရး၃၀)နာရီအချိန် ကျောင်းတက်ရန်လူစစ်တန်းစီခြင်းများ ပြုလုပ်ပြီး ယခုသင်ကြားရန် အတွက် ကျောင်းတက်ကြပါသည်။

(င) (၁၂း၃၀)နာရီအချိန်တွင် ကျောင်းလွှတ်ပြီး စားရိပ်သာတွင်နေ့လည်စာ သုံးဆောင်၍ အိပ်ဆောင်၌ ခေတ္တအနားယူခြင်း။

(စ) (၁၄းဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာမှအိပ်ယာထပ်နှိုးခရာမှုတ်၍ Training သွားရန် ပြင်ဆင်ခြင်းများပြုလုပ်ခြင်း။

(ဆ) (၁၄း၁၅)နာရီအချိန် Training မသွားမီတာဝန်ကျဆရာမှ တန်းစီလူစစ်ဆေးခြင်းများ ပြုလုပ်ပြီး မိမိအားကစားရုံကွင်းများသို့ စနစ်တကျတန်းစီသွားကြပါသည်။

(ဇ) (၁၄း၃၀)နာရီအချိန်မှ (၁၅းဝ၀)နာရီအချိန်ထိ မိမိလေ့ကျင့်ရေးရုံတွင် Mental Training များလေ့ကျင့်ဆောင်ရွက်ပေးခြင်း။

(စျ) (၁၅းဝ၀)နာရီအချိန်တွင် မိမိအားကစားနည်းအလိုက် Training plan အတိုင်း လေ့ကျင့်မှု များ ပြုလုပ်ပြီး (၁ရး၁၅)နာရီအချိန်လေ့ကျင့်မှုရပ်နားပြီး (၁၅)မိနစ်၊ ရုံပတ်ဝန်းကျင် သန့်ရှင်းရေးများပြုလုပ်ပြီး၊ ညနေစာသုံးဆောင်ရန်အတွက် ခေတ္တရပ်နားခြင်းဖြစ်ပါသည်။

(ည) ညနေစာကို (၁၈းဝ၀)နာရီအချိန်မှ (၁၉းဝ၀)နာရီအချိန်ထိ ညနေစာသုံးဆောင်၍ (၁၉းဝ၀) နာရီအချိန် ညစာကြည့်ရန်အတွက် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်း ပြုလုပ်ပြီး (၁၉းဝ၀)နာရီမှ (၂၁းဝ၀)အချိန်ထိ ညစာကျက်၍ (၂ဝးဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်းပြုလုပ်ပြီး နောက်တစ်နေ့အစီအစဉ် နှင့် လိုအပ်တာများမှာကြားပြီးတစ်နေ့တာပြီးဆုံးခြင်းနှင့် ပြီးစေတန်းဖြုတ်ခြင်း၊ အိပ်စက် အနားယူရန်အတွက် ပြင်ဆင်ခြင်းနှင့် (၂ဝးဝ၀)နာရီအချိန် မီးမှိတ်ခရာမှုတ်၍ အိပ်စက် အနားယူခြင်း၊ တစ်နေ့တာပြီးဆုံးခြင်းဖြစ်ပါသည်။

လေ့ကျင့်သင်ကြားမှု: