သင်တန်းသားရွေးချယ်ရေးအစီအစဉ်

၁။လျှောက်လွှာများနှင့် အထောက်အထား (ထောက်ခံစာ) (Data Qualification) များ စစ်ဆေးခြင်း။

၂။ဆေးစစ်ဆေးခြင်း (Medical Checkup)
    သာမာန်ကိုယ်ခန္ဓာကြီးထွားမှု (အရပ်၊ ကိုယ်အလေးချိန်) (Normal Growth)  အကဲဖြတ် စစ်ဆေးခြင်း။

၃။    အထွေထွေကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်း (Physical  Fitness)
    (က)    မီတာ (၁၀၀)                                    (လျှင်မြန်မှု)
    (ခ)     လက်ထောက်မှောက်တွန်းတင်            (အပေါ်ပိုင်းခွန်အား)
    (ဂ)     ရပ်လျှက်အလျားခုန်                          (အောက်ပိုင်းခွန်အား)
    (ဃ)     အိပ်ထမတင်                                   (ဝမ်းဗိုက်ကြက်သား)
    (င)      မီတာ (၄၀၀) မ၊ မီတာ (၈၀၀) ကျား    (ခံနိုင်ရည်စွမ်းအား)

၄။    ပညာရေးအဆင့် ဉာဏ်ရည်စစ်ဆေးခြင်း (အလယ်တန်း/အထက်တန်းအဆင့်)

၅။    တာဝန်ရှိသူနည်းပြဆရာများမှ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ ကိုယ်ခန္ဓာပုံစံ အချိုးအစား၊ ကိုယ်လက်     အင်္ဂါချို့ယွင်းမှုရှိ/မရှိ၊ အသက်အပိုင်းအခြားအလိုက် ရှိသင့်ရှိထိုက် သည့် ခန္ဓာကိုယ်ဖွဲ့     စည်းပုံ၊အရိုးအဆစ်ကြက်သားဖွံ့ဖြိုးမှုစသည်တို့ကိုတစ်ဦးချင်းအသေးစိတ်စစ်ဆေးသုံးသပ်     ပြီး ပဏာမ ရွေးချယ်ခြင်း။

၆။    ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်ကြီး၊ ဒုညွှန်ကြားရေးမှူး(ဆေး)၊ လ/ထညွှန်ကြားရေးမှူး     (လေ့ကျင့်ရေး) နှင့် ရွေးချယ်ရေးဘုတ်အဖွဲ့မှ တစ်ဦးချင်း လူတွေ့စစ်ဆေး အကဲဖြတ်     ခြင်း၊ နှုတ်မေးစစ်ဆေးခြင်း၊ လူမှုရေးအချက်အလက်များစစ်ဆေးခြင်း၊ အားကစားဆိုင်ရာ     မေးမြန်း ဆောင်ရွက်ခြင်း နှင့် ဒုတိယအဆင့် ပဏာမရွေးချယ်ခြင်း။

၇။     I.Q Test ပြုလုပ်ခြင်း။

၈။    ကူးစက်ရောဂါများ N.H.L တွင် စစ်ဆေးခြင်း။

၉။    သွေးစစ်အောင်မြင်သူများအား အပြီးသတ်ရွေးချယ်ခြင်းနှင့် အင်အားတင်ပြအတည်     ပြုခြင်း။

၁၀။    စိတ်အခြေအနေစစ်ဆေးခြင်း  (Psycho  Test)

၁၁။    စခန်းသွင်းခြင်းနှင့် ကျောင်းစည်းကမ်းသတ်မှတ်ချက်များ၊ အထွေထွေကိစ္စရပ်များအား     ကျောင်းအုပ်ကြီး၊ ဒု-ကျောင်းအုပ်ကြီး(လေ့ကျင့်ရေး)၊ လ/ထညွှန်ကြားရေးမှူး (လေ့ကျင့်  ရေး) မှ ရှင်းလင်းပြောပြခြင်း။

အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းအတွက် သင်တန်းသားများ၏ အရည်အချင်းကန့်သတ်ချက်

၁။     ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။
၂။    နှစ်စဉ် ဇွန်လ(၁) ရက်နေ့တွင် အား/ပညာပေါင်းစပ်သင်တန်းအတွက် –

      သတ္တမတန်း           -      အသက် (၁၂နှစ်မှ ၁၃နှစ်)အတွင်း

      အရပ်                    -      ကျား (၅ပေ ၄လက်မ)၊ မ (၅ပေ ၂လက်မ)

     ကိုယ်အလေးချိန်     -      ကျား (၁၀၀)ပေါင် ၊ မ (၉၅) ပေါင်

     အဋ္ဌမတန်း              -      အသက် (၁၃နှစ်မှ ၁၅နှစ်)အတွင်း

     အရပ်                     -      ကျား (၅ပေ ၆လက်မ)၊ မ (၅ပေ ၄လက်မ)

    ကိုယ်အလေးချိန်      -      ကျား (၁၁၀)ပေါင် ၊ မ (၁၀၀) ပေါင်

၃။    ကျန်းမာကြံ့ခိုင်ပြီး အရပ်အမောင်းကောင်းသူ။
၄။    သတ္တမတန်း၊ အဌမတန်း၊ တက်ရောက်နေသော ကျောင်းသား/သူများ ဖြစ်ရမည်။

လေ့ကျင့်သင်ကြားပေးမည့် အားကစားနည်းများ

(၁) အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း     - မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘိလိယက်၊ လက်ဝှေ့၊ စစ်တုရင်၊ စက်ဘီး၊ ဘောလုံး၊ ဖူဆယ်

                                                                          ဂေါက်သီး၊ ကျွမ်းဘား၊ ဂျူဒို၊ ကရာတေးဒို၊ ရွက်လှေ၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ ရေကူး၊ စားပွဲတင်တင်းနစ်၊

                                                                          တိုက်ကွမ်ဒို၊ တင်းနစ်၊ ဘော်လီဘော၊ ဗိုဗီနမ်၊ အလေးမ၊ ဝူရှူး၊ ကနူး/ကယက်၊ ရိုးရာလှေ၊ အပြည်ပြည်ဆိုင်ရာလှေ၊

                                                                          Squash၊ နပန်း၊ ဘေ့စ်ဘော၊ ရိုးရာလက်ဝှေ့၊ ဘိုးလင်း။

 

ထောက်ပံ့မှုနှင့် အခွင့်အရေးများ

(၁)နေ့စဉ်စားသောက်ရေးကို ကိုယ်တိုင်ယူ (ဘူဖေး) စနစ်ဖြင့် ကျွေးပါမည်။
(၂)ကျောင်းဝတ်စုံ၊ လေ့ကျင့်ရေးဝတ်စုံ၊ ပြိုင်ပွဲဝတ်စုံ၊ ထမင်းစားဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် လစဉ်ထောက်ပံ့ကြေးများ ပံ့ပိုးပေးပါမည်။
(၃)အားကစားထူးချွန်သူများကို ဤဝန်ကြီးဌာန၌ နည်းပြ(နည်းစနစ်)ရာထူး၊ ဦးစီးအရာရှိရာထူးများကို ခန့်အပ်ထားပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူများကို B.Sc (Sport) ဘွဲ့ရရှိသည်အထိ စရိတ်ငြိမ်းဆက်လက် ပညာသင်ကြားပေးပါမည်။
(၄)ပညာရေးတိုးတက်လာစေရန်အတွက် အဋ္ဌမတန်းနှင့် ဒသမတန်းကို Special တန်း သတ်မှတ်၍ အထူးအစီအစဉ်ဖြင့် (စာသင်ဝိုင်းစနစ်ဖြင့်) သင်ကြားပေးပါမည်။

ဆက်သွယ်ရန်

သင်တန်းဝင်ခွင့်လျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ ပြည်နယ်/တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရုံးများမှတဆင့် လျှောက်လွှာပုံစံများဖြည့်စွက်ပြီး လိုအပ်သောအထောက်အထားများ ပြည့်စုံစွာဖြင့် မြို့နယ်၊ ခရိုင်မှတဆင့် ပြည်နယ်/တိုင်းဒေသကြီးရုံးများ၌ (၅.၁.၂၀၁၅) ရက်နေ့မှ (၂၃.၃.၂၀၁၅) ရက်နေ့အတွင်း လျှောက်ထားနိုင်ပါသည်။ အသေးစိတ်ကို အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) (ဖုန်း - ၀၁ ၄၀၀၀၀၆၊ ၀၁ ၄၀၀၀၃၇) နှင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်/တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနရုံးများနှင့် ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။

ရွေးချယ်ရေးကာလ

(၁) အောက်မြန်မာပြည်ရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ရွေးချယ်ရေးအဖွဲ့များ ကွင်းဆင်းပြီး ပဏာမရွေးချယ်ခြင်း
      ကာလ - ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှ စ၍ ဆောင်ရွက်နေပါသည်။

(၂)  တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပဏာမရွေးချယ်ထားသူများကို အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)တွင် အပြီးသတ်ရွေးချယ်ခြင်း
      ကာလ - ၁၄.၄.၂၀၁၄ မှ ၂၁.၅.၂၀၁၄ အထိ