စစ်တုရင်

စစ်တုရင်သမိုင်း

စစ်တုရင်အားကစားနည်း၏ သမိုင်းအကျဉ်း (ကမ္ဘာ့သမိုင်း)
ထိုးထွင်းဉာဏ်ချင်းယှဉ်ပြိုင်ကစားရာ၌ ရှေးအကျဆုံးဖြစ်၍ ကမ္ဘာ့အနှံ့အပြားတွင် ကစားလျက်ရှိ သောကစားနည်းမှာ စစ်တုရင်ထိုးခြင်းဖြစ်သည်။
စစ်တုရင်ကစားခြင်း၏ မူလစတင်ရာဒေသနှင့်အချိန် ကာလကို သေချာစွာမသိကြရ၍ အယူအဆအမျိုးမျိုးကွဲပြားလျှက်ရှိသည်။ သုတေသီအများက လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်က အိန္ဒိယနိုင်ငံတွင် စတင်ပေါ်ပေါက်လာသည်ဆိုကြသည်။ အိန္ဒိယမှ တဆင့် ပါရှန်း(အီရန်)လူမျိုး၊ အာရပ်လူမျိုးများသို့ အဆင့်ဆင့်ရောက်ရှိခဲ့၍ ထိုမှတဆင့် ၁၀ ရာစုနှစ် မတိုင်မီ ဥရောပသို့ ပြန့်ပွားခဲ့သည်ဟုဆိုကြသည်။ တစ်ချို့က ဥရောပမှ မှတ်တမ်းတစ်ချို့ကို အတည်ပြု ၍ နှစ်ပေါင်း ၁၄ဝဝကျော်ကစတင်ပေါ်ပေါက်လာသည်ဟု ယူဆခဲ့ကြသည်။

 မြန်မာ့စစ်တုရင်သမိုင်းအကျဉ်း

“စစ်တုရင်” ဟူသောဝေါဟာရကို မြန်မာအဘိဓာန်၌ “အကွက်ချထားသောမျဉ်းပေါ်တွင် နယ်ရုပ်၊ မြင်းရုပ်၊ မင်းကြီးရုပ်စသည်ဖြင့် နှစ်ဦးယှဉ်ပြိုင်ကစားရသော ကစားနည်းတစ်မျိုး” ဟူ၍ တွေ့ရပါ သည်။

ပုဂံခေတ်မှစ၍ စစ်တုရင်အားကစားနည်း ပေါ်ပေါက်လာသည်ဟု ယူဆခဲ့ကြသည်။ ပင်းယခေတ်တွင် ထွန်းကားနေပြီဟု ခိုင်လုံသောအထောက်အထားများရှိသည်။ ပင်းယခေတ်တွင် စတုရင်္ဂဗလအမတ်ကြီးဟူ၍ ပေါ်ထွန်းခဲ့ သည် မောင်းထောင် ဆရာတော်၏ ဋီကာနိသျှတွင် “စတုရင်္ဂသ၊ စတုရင်၏” မန်လည်ဆရာတော်၏ မာဃဒေဝလင်္ကာသစ်တွင် “လေးပါးသေနင်စတုရင်ဖြင့်” မုံရွေးဆရာတော်၏ ကုသပျို့တွင် “ခြောက်ဆယ့်လေးအင်စတုရင်၌” ဟူ၍အသီးသီးတွေ့ရသည်။ စတုရင်္ဂ၏ အဓိပ္ပါယ်မှာ အင်္ဂါလေးပါးပင်ဖြစ်သည်။ ခြေလျင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ဆင်တပ်ပါဝင် သော စစ်အင်္ဂါလေးပါးဖြင့် ပေါင်းစုပြီး စစ်တိုက်နည်းကို မှီ၍ တီထွင်ထားသောကစားနည်းဖြစ်သည်။ တချိန်က “စစ်တုရင်” က အရပ်အခေါ် “စစ်ဘုရင်” ဟုခေါ်ဝေါ်ခဲ့ကြဘူးသည်။

ပုဂံခေတ်မှစတင်ပေါ်ပေါက်လာခဲ့သည်။ မြန်မာစစ်တုရင်အားကစားနည်းသည် ခေတ်အဆက် ဆက် ပညာရှင်များက လက်ဆင့်ကမ်းခဲ့ကြသည်။ ကမ္ဘာသုံးစစ်တုရင်သည် ကိုလိုနီခေတ်မှစတင်လာ သည်ဟု ယူဆဘွယ်ရှိသည်။ ရှေးအခါကစစ်တုရင်ပညာကို မင်းညီမင်းသားများ၊ အမတ်ပညာရှိများ၊ အထက်တန်းလွှာများသာ ကစားလေ့ရှိကြသဖြင့် လူတန်းစားအသီးသီးသို့ မကျယ်ပြန့်ခဲ့ပေ။ စစ်တုရင် နှင့် ပတ်သတ်၍ စာအုပ်စာပေရှားပါးခဲ့သဖြင့် မြန်မာနိုင်ငံတွင် စစ်တုရင်အားကစားမှာ ထင်သလောက် မတိုးတက်ခဲ့ပေ။ လွတ်လပ်ရေးရပြီး ခေတ်မှစတင်၍ စစ်တုရင်လောကပြန့်ပွားလာခဲ့ပါသည်။

၁၉၇၂ ခုနှစ်တွင် မြန်မာစစ်တုရင်အဖွဲ့ချုပ် (MCF)ကို စတင်တည်ထောင်ခဲ့သည်။ ယခုအချိန်အထိ မြန်မာစစ်တုရင်သမားများ ကမ္ဘာ့အဆင့်သို့ မရောက်ခဲ့သေးသော်လည်း အာရှတိုက်ရှိ အခြားနိုင်ငံများ၏ စစ်တုရင်အဆင့်အတန်းနှင့် နှိုင်းယှဉ်လျှင် နိမ့်ကျခြင်းမရှိခဲ့ပေ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း တွင် မြန်မာနိုင်ငံသည် အာရှစစ်တုရင်လောကတွင် ပြိုင်ဘက်အသင်းများ၏ လေးစားမှုခံရသည့် အသင်း တစ်သင်းဖြစ်လာခဲ့ပါသည်။

ကမ္ဘာ့သုံးစစ်တုရင် မြန်မာပြည်တွင် နှစ်တစ်ရာကျော်ခန့်ရှိပြီဖြစ်သော်လည်း ကမ္ဘာ့အဆင့်မီရန် အဟောင်းလည်းကြိုးစား အသစ်လည်းမွေးဖွားရန်လိုပါသည်။ လျှောက်နေရုံမျှဖြင့်မပြီးသေး နှေးနေသည့် အခြေအနေတွင် ပြေးလေမှတန်ကာကျလေမည်။

“စစ်တုရင်နှင့် ကင်းကွာသောနေ့ဟူ၍ မရှိစေရ”

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် စစ်တုရင်အားကစားနည်းကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ် တွင် ကျား(၅)ဦးဖြင့် စတင်၍သင်ကြားခဲ့ပါသည်။ ယခုပညာသင်နှစ် ၂၀၁၄-၁၅တွင် ကျား(၆)ဦး၊ မ(၆)ဦး၊ စုစုပေါင်း(၁၂)ဦးဖြင့် သင်ကြားလျက်ရှိပါသည်။အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) စစ်တုရင်အားကစားနည်းတွင် ကျား( ၆ )ဦး၊ မ(၆ )ဦးတို့ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) စစ်တုရင်အားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်များ

စစ်တုရင်အားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်မှာ-

(က) နံနက်(၀၄း၃၀)နာရီအချိန် တာဝန်ကျဆရာမှ နှိုးခရာမှုတ်အိပ်ထခြင်း။

(ခ) နံနက်(၀၅း၁၅)နာရီအချိန် Training မသွားမီတန်းစီလူစစ်ဆေးခြင်းနှင့် မိမိအားကစားရုံသို့ တန်းစီထွက်ခွာခြင်း။

(ဂ)မိမိအားကစားရုံတွင် (၀၅း၃၀)နာရီမှ (၀၆း၄၅)နာရီအထိ လေ့ကျင့်မှုပြုလုပ်ပြီး စားရိပ်သာ တွင် နံနက်စာသုံးဆောင်ပြီး အိပ်ဆောင်သို့ပြန်၍ ခေတ္တအနားပေးပြီး ကျောင်းတက်ရန် ပြင်ဆင်ကြပါသည်။

(ဃ) (ဝရး၃၀)နာရီအချိန် ကျောင်းတက်ရန်လူစစ်တန်းစီခြင်းများ ပြုလုပ်ပြီး စာသင်ကြားရန် အတွက် ကျောင်းတက်ကြပါသည်။

(င) (၁၂း၃၀)နာရီအချိန်တွင် ကျောင်းလွှတ်ပြီး စားရိပ်သာတွင်နေ့လည်စာ သုံးဆောင်၍ အိပ်ဆောင်၌ ခေတ္တအနားယူခြင်း။

(စ)(၁၄းဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာမှအိပ်ယာထပ်နှိုးခရာမှုတ်၍ Training သွားရန် ပြင်ဆင်ခြင်းများပြုလုပ်ခြင်း။

(ဆ) (၁၄း၁၅)နာရီအချိန် Training မသွားမီတာဝန်ကျဆရာမှ တန်းစီလူစစ်ဆေးခြင်းများ ပြုလုပ်ပြီး မိမိအားကစားရုံကွင်းများသို့ စနစ်တကျတန်းစီသွားကြပါသည်။

(ဇ) (၁၄း၃၀)နာရီအချိန်မှ (၁၅းဝ၀)နာရီအချိန်ထိ မိမိလေ့ကျင့်ရေးရုံတွင် Mental Training များလေ့ကျင့်ဆောင်ရွက်ပေးခြင်း။

(စျ) (၁၅းဝ၀)နာရီအချိန်တွင် မိမိအားကစားနည်းအလိုက် Training plan အတိုင်း လေ့ကျင့်မှု များ ပြုလုပ်ပြီး (၁ရး၁၅)နာရီအချိန်လေ့ကျင့်မှုရပ်နားပြီး (၁၅)မိနစ်၊ ရုံပတ်ဝန်းကျင် သန့်ရှင်းရေးများပြုလုပ်ပြီး၊ ညနေစာသုံးဆောင်ရန်အတွက် ခေတ္တရပ်နားခြင်းဖြစ်ပါသည်။

(ည) ညနေစာကို (၁၈းဝ၀)နာရီအချိန်မှ (၁၉းဝ၀)နာရီအချိန်ထိ ညနေစာသုံးဆောင်၍ (၁၉းဝ၀) နာရီအချိန် ညစာကြည့်ရန်အတွက်တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်း ပြုလုပ်ပြီး (၁၉းဝ၀)နာရီမှ (၂၁းဝ၀)အချိန်ထိ ညစာကျက်၍ (၂ဝးဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်းပြုလုပ်ပြီး နောက်တစ်နေ့အစီအစဉ် နှင့် လိုအပ်တာများမှာကြားပြီးတစ်နေ့တာပြီးဆုံးခြင်းနှင့် ပြီးစေတန်းဖြုတ်ခြင်း၊ အိပ်စက် အနားယူရန်အတွက် ပြင်ဆင်ခြင်းနှင့် (၂ဝးဝ၀)နာရီအချိန် မီးမှိတ်ခရာမှုတ်၍ အိပ်စက် အနားယူခြင်း၊ တစ်နေ့တာပြီးဆုံးခြင်းဖြစ်ပါသည်။