သေနတ်ပစ်

သေနတ်ပစ်အားကစားသမိုင်း

အားကစားနည်းပေါင်းများစွာရှိသည့်အနက် သေနတ်ပစ်အားကစားနည်းတွင် ပစ်ခေတ်စဉ် အမျိုးအစား(EVENTS)အများဆုံးအားကစားနည်းတွင် ပါဝင်ပါသည်။အခြားအားကစားနည်းအများစု ထက် ထူးခြားချက်မှာ ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်မှုနှင့် အသက်အရွယ်ပိုင်းခြားမှုသည် သေနတ်ပစ် ထူးချွန်မှုနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင် ရာကို မျှတစွာအသုံးပြုနိုင်မှုအပေါ်မူတည်သောကြောင့် ဖြစ်ပါသည်။

သေနတ်ပစ်အားကစားနည်းသည် အခြားသောအားကစားနည်းထက် ထူးခြားချက်တစ်ရပ်မှာ ကန့်သတ်ချက်/တားမြစ်ချက်အများဆုံး အားကစားနည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူကို သေစေနိုင်သောလက်နက်ဖြင့် ပြိုင်ပွဲပြုလုပ်ထားခြင်းကြောင့်ဖြစ်သည်။ သေနတ်ပစ်အားကစားနည်း၏ အားသာချက်မှာ အခြားအားကစားနည်းများထက် နိုင်ငံတော်လွတ်လပ်မှုနှင့် အချုပ်အခြာအာဏာကို ထိပါးနှောက်ယှက်သူများအား ကာကွယ်ရေးအတွက်များစွာ အကျိုးပြုနိုင်ခြင်းဖြစ်သည်။

ယခုအခါတွင် ကမ႓ာ့နိုင်ငံအသီးသီးသည် (၂၀)ရာစုအလယ်ပိုင်းကျော်လွန်သည့် အချိန်နှင့်မတူ ဘဲ(၂၀)ရာစုနောက်ပိုင်းတွင် နိုင်ငံပေါင်း(၁၅၀)ကျော် ပါဝင်ယှဉ်ပြိုင်လာသောကြောင့် စိတ်ပါဝင်စားမှုပိုမို စွာကျင်းပပြုလုပ်ကြပါသည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဆင့်တွင် (၁၉)ကြိမ်မြောက် အားကစားပြိုင်ပွဲ၌ နိုင်ငံပေါင်းစုံပါဝင်ယှဉ်ပြိုင်လာကြပါသည်။

မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်သည် (၁၉၆၀)ခုနှစ်မှ (၁၉၇၀)ခုနှစ်အတွင်း အရှေ့တောင် အာရှကျွန်းဆွယ်အဆင့်တွင် ထိပ်တန်းမှပါဝင်ခဲ့ပါသည်။ (၁၉၉၀)ခုနှစ်နောက်ပိုင်းတွင် ပြန်လည် တိုးတက်လာခဲ့ပါသည်။ သို့သော် သေနတ်ပစ်ပြိုင်ပွဲ(ပြည်တွင်း)ကျင်းပမှုအပိုင်းနှင့် သေနတ်ပစ် အထောက်အကူပြုပစ္စည်းပိုင်း ပြည့်ဝမှုမရှိသေးသဖြင့် အဆင့်မြင့်မားစွာ တိုးတက်ထူးချွန်မှု မရရှိသေးပါ။

သေနတ်ပစ်အားကစားနည်းသည်လည်း အခြားအားကစားနည်းများထက် အဆောင်အဦးပိုင်း၊ လက်နက်/ခဲယမ်းပိုင်း အထောက်အကူပစ္စည်းပိုင်းနှင့် နည်းစနစ်(နည်းပြ)ပိုင်းကုန်ကျစရိတ်အများဆုံး ဖြစ်ပါသည်။ သေနတ်ပစ်အားကစားသမားတစ်ဦးအတွက် ပြည့်စုံစွာလုပ်ပေးမည်ဆိုလျှင် အနည်းဆုံး(၅) သိန်းခန့်ရင်းနှီးပြုလုပ်ရမည်ဖြစ်ပါသည်။ သေနတ်ပစ်ထူးချွန်သော နိုင်ငံများသည် ချမ်းသာသောနိုင်ငံများ သာဖြစ်ကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် သေနတ်ပစ်အားကစားကို စိတ်ပါဝင်စားသူများနှင့် လုပ်ဆောင် နိုင်သူများအနေဖြင့် အရှေ့တောင်အာရှအဆင့်တွင် ထိပ်တန်းမှပါဝင်ကြသည်။ သေနတ်ပစ်အားကစား အား နိုင်ငံတော်အစိုးရတစ်ခုတည်းမှ ဝိုင်းဝန်းလုပ်ဆောင်မှသာ အဆင့်မြင့်သော အားကစားနည်းဖြစ်ပေါ် လာနိုင်ပါသည်။အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သေနတ်ပစ်အားကစားနည်းတွင် ကျား(၆)ဦး၊မ(၆)ဦးတို့ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

၂၀၁၄-၂၀၁၅ပညာသင်နှစ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သေနတ်ပစ်အားကစားနည်း၏တစ်နေ့တာလုပ်ဆောင်ချက်များ

 သေနတ်ပစ်အားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်မှာ-

(က) နံနက်(၀၄း၃၀)နာရီအချိန် တာဝန်ကျဆရာမှ နှိုးခရာမှုတ်အိပ်ထခြင်း။

(ခ) နံနက်(၀၅း၁၅)နာရီအချိန် Training မသွားမီတန်းစီလူစစ်ဆေးခြင်းနှင့် မိမိအားကစားရုံသို့ တန်းစီထွက်ခွာခြင်း။

(ဂ) မိမိအားကစားရုံတွင် (၀၅း၃၀)နာရီမှ (၀၆း၄၅)နာရီအထိ လေ့ကျင့်မှုပြုလုပ်ပြီး စားရိပ်သာ တွင် နံနက်စာသုံးဆောင်ပြီး အိပ်ဆောင်သို့ပြန်၍ ခေတ္တအနားပေးပြီး ကျောင်းတက်ရန် ပြင်ဆင်ကြပါသည်။

(ဃ) (ဝရး၃၀)နာရီအချိန် ကျောင်းတက်ရန်လူစစ်တန်းစီခြင်းများ ပြုလုပ်ပြီး စာသင်ကြားရန် အတွက် ကျောင်းတက်ကြပါသည်။

(င)(၁၂း၃၀)နာရီအချိန်တွင် ကျောင်းလွှတ်ပြီး စားရိပ်သာတွင်နေ့လည်စာ သုံးဆောင်၍ အိပ်ဆောင်၌ ခေတ္တအနားယူခြင်း။

(စ) (၁၄းဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာမှအိပ်ယာထပ်နှိုးခရာမှုတ်၍ Training သွားရန် ပြင်ဆင်ခြင်းများပြုလုပ်ခြင်း။

(ဆ) (၁၄း၁၅)နာရီအချိန် Training မသွားမီတာဝန်ကျဆရာမှ တန်းစီလူစစ်ဆေးခြင်းများ ပြုလုပ်ပြီး မိမိအားကစားရုံကွင်းများသို့ စနစ်တကျတန်းစီသွားကြပါသည်။

(ဇ) (၁၄း၃၀)နာရီအချိန်မှ (၁၅းဝ၀)နာရီအချိန်ထိ မိမိလေ့ကျင့်ရေးရုံတွင် Mental Training များလေ့ကျင့်ဆောင်ရွက်ပေးခြင်း။

(စျ) (၁၅းဝ၀)နာရီအချိန်တွင် မိမိအားကစားနည်းအလိုက် Training plan အတိုင်း လေ့ကျင့်မှု များ ပြုလုပ်ပြီး (၁ရး၁၅)နာရီအချိန်လေ့ကျင့်မှုရပ်နားပြီး (၁၅)မိနစ်၊ ရုံပတ်ဝန်းကျင် သန့်ရှင်းရေးများပြုလုပ်ပြီး၊ ညနေစာသုံးဆောင်ရန်အတွက် ခေတ္တရပ်နားခြင်းဖြစ်ပါသည်။

(ည) ညနေစာကို (၁၈းဝ၀)နာရီအချိန်မှ (၁၉းဝ၀)နာရီအချိန်ထိ ညနေစာသုံးဆောင်၍ (၁၉းဝ၀) နာရီအချိန် ညစာကြည့်ရန်အတွက်တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်း ပြုလုပ်ပြီး (၁၉းဝ၀)နာရီမှ (၂၁းဝ၀)အချိန်ထိ ညစာကျက်၍ (၂ဝးဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်းပြုလုပ်ပြီး နောက်တစ်နေ့အစီအစဉ် နှင့် လိုအပ်တာများမှာကြားပြီးတစ်နေ့တာပြီးဆုံးခြင်းနှင့် ပြီးစေတန်းဖြုတ်ခြင်း၊ အိပ်စက် အနားယူရန်အတွက် ပြင်ဆင်ခြင်းနှင့် (၂ဝးဝ၀)နာရီအချိန် မီးမှိတ်ခရာမှုတ်၍ အိပ်စက် အနားယူခြင်း၊ တစ်နေ့တာပြီးဆုံးခြင်းဖြစ်ပါသည်။

လေ့ကျင့်သင်ကြားမှု: