စားသောက်မှု (စားရိပ်သာ)

(၁)    အား/ကာသိပ္ပံ(ရန်ကုန်) စားရိပ်သာတွင် သင်တန်းသား/သင်တန်းသူ (၅၇၅)ဦး၊ အဆောင်မှူး/ဆရာ/ဆရာမ (၇၀)ဦးနှင့် B.Sc(Sport) ကျောင်းသား/သူ(၄၅)ဦး တို့အား တစ်ဦးလျှင် ဦးစီးဌာနရန်ပုံငွေမှ ၂၅၀၀ိ/-၊ အောင်နိုင်ရေးရန်ပုံငွေမှ ၅၀၀ိ/-၊ စုစုပေါင်း ၃၀၀၀ိ/-နှုန်းဖြင့် နေ့စဉ်တစ်နေ့ (၃)ကြိမ် ချက်ပြုတ်ကျွေးမွေးလျှက် ရှိပါသည်။ အခါအားလျော်စွာ နေပြည်တော်မှ လာရောက်သင်ကြားပြသသော နိုင်ငံခြားနည်းပြများကိုလည်း ကျွေးမွေးလျှက်ရှိပါသည်။

(၂)    စားရိပ်သာဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သန့်ရှင်းသပ်ရပ်သော စားရိပ်သာသုံးဝတ်စုံများဖြင့် ကျွေးမွေးဧည့်ခံခြင်းများ ဆောင်ရွက်လျှက်ရှိပြီး ပတ်ဝန်းကျင်သန့်ရှင်းရေးများ အထူးဆောင်ရွက်လျှက်ရှိပါသည်။

(၃)    အားဖြည့်အစားအသောက်အနေဖြင့် မွန်းလွဲပိုင်း၌ အအေး၊ ကိတ်မုန့်၊ ပေါင်မုန့်၊ ပြောင်းဖူး၊ ညလယ်စာအနေဖြင့် ငှက်ပျောသီး၊ ကြက်ဥ၊ နွားနို့၊ ကွေကာ၊ မိုင်လိုတို့ကို နေ့စဉ်ကျွေးမွေးလျှက်ရှိပါသည်။