ဖူဆယ်

ဖူဆယ်အားကစားသမိုင်းအကျဉ်း

ဖူဆယ်အားကစားနည်းကို ၁၉၃ဝပြည့်နှစ်က ပေါ်တူကီနိုင်ငံသား ကျောင်းဆရာတစ်ဦးမှ နိုင်ငံတွင်းကစားပွဲများကို ကစားခဲ့ပြီး စတင်ပေါ်ပေါက်လာခဲ့သည်။
(Hall – Foot Ball) ဟု ခေါ်ဝေါ်ပြီး ရုံတွင်းအားကစားပြိုင်ပွဲဟု အပျော်တမ်းပြိုင်ပွဲများ စတင်ကျင်းပခဲ့ပါသည်။ ဥရောပနိုင်ငံ များနှင့် ဘရာဇီးနိုင်ငံတို့မှ အပျော်တမ်းပြိုင်ပွဲနှင့် ဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် နယ်သာလန်နိုင်ငံတွင် ဖူဆယ်ကမ္ဘာ့ဖလားစတင်ကျင်းပခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံရှိခဲ့ပါသည်။ အာရှဇုန်မှ ၂ နို်င်ငံသာ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ် ကမ္ဘာ့ဖလားဖူဆယ်ပြိုင်ပွဲအား ပြိုင်ပွဲဝင်အသင်း (၂၄)သင်းဖြင့် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့ပါသည်။ ချန်ပီယံဘရာဇီးနိုင်ငံရရှိပြီး စပိန်နှင့် အီတလီအသင်းတို့ အစဉ်အလိုက် ရရှိခဲ့ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ဖူဆယ်အားကစားပြိုင်ပွဲအား ၂၀၁၁ ခုနှစ်တွင် ပြည်တွင်းဖူဆယ်လိဂ် ပြိုင်ပွဲစတင်ကျင်းပခဲ့ပါသည်။ ၂၀၀၅ ခုနှစ်တွင် AFC မှ ကြီးမှူး၍ မြန်မာနိုင်ငံတွင် ဖူဆယ်နည်းပြနှင့် ဒိုင်သင်တန်းများ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ ၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံမှ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် ဖူဆယ်အားကစားနည်းကို ၂၀၁၁-၂၀၁၂ ခုနှစ်မှ ယခုအချိန်အထိ ကစားသမား ကျား (၁၂)ဦး၊ မ (၁၂)ဦး၊ နည်းပြ ကျား(၁)ဦး စုစုပေါင်း (၂၅)ဦးဖြင့် သင်ကြားလျှက်ရှိပါသည်။အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဖူဆယ်အားကစားနည်းတွင် ကျား(၁၂)ဦး၊ မ(၁၂)ဦးတို့ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဖူဆယ်အားကစားနည်း၏တစ်နေ့တာလုပ်ဆောင်ချက်များ

ဖူဆယ်အားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်မှာ-

(က) နံနက်(၀၄း၃၀)နာရီအချိန် တာဝန်ကျဆရာမှ နှိုးခရာမှုတ်အိပ်ထခြင်း။

(ခ) နံနက်(၀၅း၁၅)နာရီအချိန် Training မသွားမီတန်းစီလူစစ်ဆေးခြင်းနှင့် မိမိအားကစားရုံသို့ တန်းစီထွက်ခွာခြင်း။

(ဂ) မိမိအားကစားရုံတွင် (၀၅း၃၀)နာရီမှ (၀၆း၄၅)နာရီအထိ လေ့ကျင့်မှုပြုလုပ်ပြီး စားရိပ်သာ တွင် နံနက်စာသုံးဆောင်ပြီး အိပ်ဆောင်သို့ပြန်၍ ခေတ္တအနားပေးပြီး ကျောင်းတက်ရန် ပြင်ဆင်ကြပါသည်။

(ဃ) (ဝရး၃၀)နာရီအချိန် ကျောင်းတက်ရန်လူစစ်တန်းစီခြင်းများ ပြုလုပ်ပြီး စာသင်ကြားရန် အတွက် ကျောင်းတက်ကြပါသည်။

(င) (၁၂း၃၀)နာရီအချိန်တွင် ကျောင်းလွှတ်ပြီး စားရိပ်သာတွင်နေ့လည်စာ သုံးဆောင်၍ အိပ်ဆောင်၌ ခေတ္တအနားယူခြင်း။

(စ) (၁၄းဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာမှအိပ်ယာထပ်နှိုးခရာမှုတ်၍ Training သွားရန် ပြင်ဆင်ခြင်းများပြုလုပ်ခြင်း။

(ဆ) (၁၄း၁၅)နာရီအချိန် Training မသွားမီတာဝန်ကျဆရာမှ တန်းစီလူစစ်ဆေးခြင်းများ ပြုလုပ်ပြီး မိမိအားကစားရုံကွင်းများသို့ စနစ်တကျတန်းစီသွားကြပါသည်။

(ဇ) (၁၄း၃၀)နာရီအချိန်မှ (၁၅းဝ၀)နာရီအချိန်ထိ မိမိလေ့ကျင့်ရေးရုံတွင် Mental Training များလေ့ကျင့်ဆောင်ရွက်ပေးခြင်း။

(စျ) (၁၅းဝ၀)နာရီအချိန်တွင် မိမိအားကစားနည်းအလိုက် Training plan အတိုင်း လေ့ကျင့်မှု များ ပြုလုပ်ပြီး (၁ရး၁၅)နာရီအချိန်လေ့ကျင့်မှုရပ်နားပြီး (၁၅)မိနစ်၊ ရုံပတ်ဝန်းကျင် သန့်ရှင်းရေးများပြုလုပ်ပြီး၊ ညနေစာသုံးဆောင်ရန်အတွက် ခေတ္တရပ်နားခြင်းဖြစ်ပါသည်။

(ည) ညနေစာကို (၁၈းဝ၀)နာရီအချိန်မှ (၁၉းဝ၀)နာရီအချိန်ထိ ညနေစာသုံးဆောင်၍ (၁၉းဝ၀) နာရီအချိန် ညစာကြည့်ရန်အတွက်တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်း ပြုလုပ်ပြီး (၁၉းဝ၀)နာရီမှ (၂၁းဝ၀)အချိန်ထိ ညစာကျက်၍ (၂ဝးဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်းပြုလုပ်ပြီး နောက်တစ်နေ့အစီအစဉ် နှင့် လိုအပ်တာများမှာကြားပြီးတစ်နေ့တာပြီးဆုံးခြင်းနှင့် ပြီးစေတန်းဖြုတ်ခြင်း၊ အိပ်စက် အနားယူရန်အတွက် ပြင်ဆင်ခြင်းနှင့် (၂ဝးဝ၀)နာရီအချိန် မီးမှိတ်ခရာမှုတ်၍ အိပ်စက် အနားယူခြင်း၊ တစ်နေ့တာပြီးဆုံးခြင်းဖြစ်ပါသည်။

လေ့ကျင့်သင်ကြားမှု: