Education
အ.ထ.က(အား/ပညာ) လုပ်ငန်းဆောင်ရွက်ချက်များ
၁။ ၂၀၂၄-၂၀၂၄ ပညာသင်နှစ်တွင် Grade-9 မှ Grade-12 အထိ စာသင်ခန်း(၉)ခန်းဖြင့် သင်ကြားပေး လျက်ရှိပါသည်။
၂။ တစ်နှစ်တာကာလအတွင်း ကျောင်းတွင်းစစ်စာမေးပွဲများ (၄)ကြိမ်ဖြေဆိုစေရန် သင်ကြားသင်ယူမှု တတ်မြောက်စေရန် ဆောင်ရွက်လျက်ရှိပါသည်။
၃။ ဆရာ/ဆရာမများသည် စနစ်သစ်သင်တန်းများ တက်ရောက်လျက်ရှိပါသည်။
၄။ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် စာမေးပွဲရလဒ်ဖြင့် တန်းခွဲ Grade-12(A), Grade-12(B) ခွဲ၍ သင်ကြားပေးလျက်ရှိပါသည်။
၅။ Grade-9, Grade-12 ကျောင်းစာသင်ချိန်အပြင် နေ့အချိန်ပို၊ ညအချိန်ပိုသင်ကြား၍ ဖြည့်ဆည်းသင်ကြားလျက်ရှိပါသည်။
၆။ (၃)နာရီမေးခွန်းများကို ဖြေဆိုစေပြီး ဆန်းစစ်မှုများ ဆောင်ရွက်ပါသည်။
၇။ ဘက်စုံပညာအတွက် ကျောင်းသင်ခန်းစာအပြင် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲများ၊ ပန်းချီပြိုင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ လူရည်ချွန်စာမေးပွဲများ ပါဝင်ဖြေဆိုစေပါသည်။
၂၀၂၃-၂၀၂၄ပညာသင်နှစ် ဆရာ၊ ဆရာမအင်အား
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဆရာ၊ ဆရာမ အင်အားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ကျား | + | မ | = | ပေါင်း | |
(၁) ကျောင်းအုပ်ကြီး | - | + | ၁ | = | ၁ |
(၂) အထက်တန်းပြဆရာ | ၁ | + | ၁၀ | = | ၁၁ |
(၃) အလယ်တန်းပြဆရာ | - | + | ၄ | = | ၄ |
စုစုပေါင်း | ၁ | + | ၁၅ | = | ၁၆ |
၂၀၂၃-၂၀၂၄ ပညာသင်နှစ်သင်တန်းသား/သင်တန်းသူစုစုပေါင်း
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သင်တန်းသား/သူ စုစုပေါင်းမှာအောက်ပါအတိုင်းဖြစ်ပါသည်။
Grade-6 | ကျား | + | မ | = | ပေါင်း |
Grade-8 | ၄ | + | ၅ | = | ၉ |
Grade-9(A) | ၉ | + | ၂၁ | = | ၃၀ |
Grade-9(B) | ၃၀ | + | ၂၂ | = | ၅၂ |
Grade-10(A) | ၃၁ | + | ၁၈ | = | ၄၉ |
Grade-10(B) | ၂၄ | + | ၁၅ | = | ၃၉ |
Grade-11 | ၂၄ | + | ၁၇ | = | ၄၁ |
Grade-12(A) | ၁၂ | + | ၇ | = | ၁၉ |
Grade-12(B) | ၁၁ | + | ၁၉ | = | ၃၀ |
စုစုပေါင်း | ၁၅၆ | + | ၁၃၀ | = | ၂၈၆ |