ထူးချွန်အားကစားသမား များအား ဆုချီးမြှင့်ခြင်း အခမ်းအနား (၇.၁၀.၂၀၁၅)

              အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း၊ ထူးချွန်အားကစားသမားများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့ နေ့လည် (၁၃း၃၀)နာရီတွင် ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

    ထိုအခမ်းအနားတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရရှိသည့် ၀န်ထမ်းသားသမီးများနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအားဆုချီးမြှင့်ခြင်း၊ ကမ္ဘာ့ လူငယ် ၀ူရှူးပြိုင်ပွဲမှ ဆုရရှိသူအား ဆုချီးမြှင့်ခြင်း၊ Thailand Karatedo Open Championship (Junior) ပြိုင်ပွဲမှ ဆုရရှိသူအား ဆုချီးမြှင့်ခြင်း၊ (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူများအား ဆုချီးမြှင့်ခြင်း၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ် သင်တန်းမှ သြဂုတ်လတွင်ထူးချွန်သည့် အားကစား သမားများအား အသီးသီးဆုများချီးမြှင့်ခဲ့ကြပါသည်။