ထူးချွန်အားကစား သမားများ နှစ်ပတ်လည် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား

အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ထူးချွန်အားကစားသမားများ နှစ်ပတ်လည်ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ မတ်လ (၆)ရက်၊ သောကြာနေ့တွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ကျိုက္ကဆံကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။