ဒဂုံတက္ကသိုလ်ဘာသာ ရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပခြင်း

၂၀၁၅ ခုနှစ်၊ ဒဂုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျိုက္ကဆံကွင်း၌ ၂၄.၂.၂၀၁၅ ရက်နေ့ နံနက် ၇း၀၀ နာရီမှ နေ့လည် ၁၂း၀၀ နာရီအထိ အပြေး (၆)မျိုး၊ အခုန် (၃) မျိုး၊ အပစ် (၃)မျိုး ဖြင့် ပြိုင်ပွဲကျင်းပပေးခဲ့ရာတွင် ဘာသာရပ်အလိုက် အသင်း (၁၀)သင်းမှ လူဦးရေ (၂၅၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ ကြပါသည်။

နံနက်ပိုင်းပြိုင်ပွဲများ မီတာ ၁၀၀/၁၅၀၀/ အမြင့်ခုန်၊ သံလုံးပစ်ပြိုင်ပွဲများကို ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှဌေးနှင့် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်သန့်တို့မှ ဆုရရှိသူများကို ဆုများပေးအပ်ချီးမြင့်ခဲ့ပါသည်။ ၄င်းနောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ကြရာတွင် (မ) တံခွန်စိုက်ဒိုင်းဆုအားရရှိသော သင်္ချာဌာနကို သင်္ချာဌာနမှူး ဒေါက်တာသိန်းအောင်မှလည်းကောင်း၊ (ကျား)တံခွန်စိုက်ဒိုင်းဆုအားရရှိသော သင်္ချာဌာနကို အားကစားနှင့်ကာယ ပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်မှလည်းကောင်း (ကျား+မ) တံခွန်စိုက်ဒိုင်းဆုကြီးအားရရှိခဲ့သည့် သင်္ချာဌာနကို အားကစားဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ယနေ့ ကျင်းပသည့် ဒဂုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) မှ B.Sc Sports ကျောင်းသားအများစုပါဝင်သည့် သင်္ချာဌာနမှ ၂၀၁၅ ခုနှစ်၊ ဒဂုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုကြီးကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပါသည်။