ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး (၂၇.၈.၂၀၂၄)
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်း/အားကစားရုံများ အား လိုက်လံကြည့်ရှုစစ်ဆေး
ရန်ကုန် ၊ ဩဂုတ်လ ၂၇ ရက် ။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် (၇:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်း အတွင်းရှိ ဝူရှူးအားကစားရုံသို့ ရောက်ရှိပြီး (၂၄၀ပေx ၆၀ပေ)ကြမ်းခင်းအဟောင်းအားဖျက်သိမ်းပြီး (၂)ထပ် လျှာထိုး ခင်းကျင်းရန်အတွက် ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကောင်းမွန် သော သစ်အမျိုးအစား ကို အသုံးပြုပြီး စံချိန် စံညွှန်းမီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် တည်ဆောက်ရန်အတွက် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေး ခန်းမ၌တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းကျောင်း၌ တက်ရောက် နေသော ကျောင်းသား/ကျောင်းသူများသည် အားကစား၌သာမက စာပေပညာရပ်ဘက်တွင်ပါ ထူးချွန်အောင်မြင်ရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ သားသမီးများကဲ့သို့ သဘောထား၍ အဆင့်မြင့်မြင့် အောင်မြင်နိုင်ရေးအတွက် ဆရာ/ဆရာမများ၊ သက်ဆိုင်ရာတာဝန်ရှိသူတို့မှ ပူးပေါင်း၍ အလေးထား ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ Training လေ့ကျင့်ရေးပိုင်း၌ လစ်ဟာမှုမရှိစေရန်နှင့် လုံခြုံရေး သတိရှိရန်လည်း လိုအပ်ပါကြောင်း၊ မိမိကျောင်းအောင်ချက်ကောင်းမွန်အောင် အထူးကြိုးစားကြရန်၊ စာပေနှင့်အားကစား၌ ထူးချွန်သော အားကစားသမားကောင်းများ ပေါ်ထွက်လာအောင် မွေးထုတ် ပေးနိုင်ရန် လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်းသို့ ရောက်ရှိရာ အထူးတန်းပွဲကြည့်စင်၊ Synthetics ပြေးလမ်း၊ ရေစိမ့်မြောင်းနှင့်ရေဖြန်းစနစ်ပါသော ဘောလုံး ကွင်းပြင်ဆင်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီးနောက် တည်ဆောက်ဆဲဖြစ်သော တောင်ဥက္ကလာပ မြို့နယ် တိုင်းရုံးနှစ်ထပ် (၈၁ပေx ၅၇ပေ) Portico အပါ တည်ဆောက်နေမှုနှင့် ဘေးပတ်လမ်း ကွန်ကရစ်ခင်းရန် မြေနေရာတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြား ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရေကူးကန်သို့ ရောက်ရှိ၍ လှည့်လည်ကြည့်ရှုစစ်ဆေးပြီးနောက် RC-2 နှစ်ထပ်အမိုးပါ ပွဲကြည့်စင် (၁၂၀ပေx၄၀ပေ ) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများအားလိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့ကြောင်းသိရှိရသည်။