နည်းပြဆရာများ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၆)

အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)တွင် (၂.၅.၂၀၁၆) ရက်နေ့မှ (၂၃.၅.၂၀၁၆) ရက််နေ့အထိ နည်းပြဆရာများမွမ်းမံသင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နည်းပြများ၏ အရည်အသွေးတိုးတက်မြင့်မားလာစေရန်နှင့် ခေတ်နှင့်အညီပြောင်းလဲတိုးတက်လျက်ရှိသော အားကစားနည်းစနစ်၊ လေ့ကျင့်ရေးပိုင်းဆိုင်ရာများနှင့် ပြိုင်ပွဲနည်းဥပဒေများ သိရှိနားလည်စေရန်နှင့် ခေါင်းဆောင်မှု၏ နည်းဥပဒေသနှင့် လက်တွေ့ကျသော လုပ်နည်းလုပ်ဟန်များအား စနစ်တကျအသုံးပြုခြင်းဖြင့် အောင်မြင်သောနည်းပြတစ်ဦးဖြစ်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။