နွေရာသီအေ ခြခံ အားကစား သင်တန်းဆင်းပွဲအခမ်းအနား (၂၄.၅.၂၀၁၆)

               အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)တွင် ရက် (၁၀၀) စီမံချက်အရ (၂၅.၄.၂၀၁၆ ရက်နေ့မှ ၂၃.၅.၂၀၁၆ ထိ) အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့သော ၂၀၁၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို (၂၄.၅.၂၀၁၆) ရက်နေ့ အင်္ဂါနေ့တွင်ပြုလုပ်ကျင်းပခဲ့ပါသည်။

                  ထိုအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကတက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ

ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသား/သူများမှ အားကစားနည်းအလိုက် စုပေါင်းသရုပ်ပြခြင်းနှင့် အဖွဲ့လိုက်သရုပ်ပြသခဲ့ပါသည်။