အားကစားနှင့်ကာပညာသိပ္ပံ (ရန်ကုန်) နှစ်ပတ်လည်နေ့ အခမ်းအနား (၁.၈.၂၀၁၆)

အားကစားနှင့်ကာပညာသိပ္ပံ (ရန်ကုန်)၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်းကျောင်း နှစ်ပတ်လည်နေ့အခမ်းအနားကို (၁.၈.၂၀၁၆) ရက်နေ့ နံနက် (၁ဝးဝ၀) နာရီတွင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ပြည်ထောင်စုခန်းမ၌ပြုလုပ်ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားပြီး နိုင်ငံတကာပြိုင်ပွဲများတွင်ဆုရရှိခဲ့သည့် သင်တန်းသား/သူများနှင့် နည်းပြများ၊ ပြည်တွင်း/ပြည်ပပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိသည့် သင်တန်းသား/သူများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခြင်း၊ နည်းပြဆရာ/ဆရာမများအား အားကစားဝတ်စုံနှင့် Walking Shoe များပေးအပ်ခြင်း၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ ဂုဏ်ထူးရကျောင်းသား/သူများနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား ဆုချီးမြှင့်ခြင်း၊ ဂုဏ်ထူးရရှိအောင်သင်ကြားပေးသောဆရာမများနှင့် ကျောင်းတက်ရက်မှန်ပျက်ကွက်မရှိပညာသင်ကြားပေးသော ဆရာမ (၁၁)ဦးအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ အား/ကာသိပ္ပံ (ရန်ကုန်) ဝန်ထမ်းများအား ဝန်ထမ်းဝတ်စုံများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် အား/ကာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သူများက “နေ့သစ်ဆီသို့” နှင့် “ဒို့ချစ်တဲ့သိပ္ပံ” သီချင်းဖြင့် သီဆိုဂုဏ်ပြုဖျော်ဖြေခဲ့ကြပါသည်။

ဆက်လက်ပြီး အားကစားနှင့်ကာပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးမှ သင်တန်းသား/သူများနှင့် နည်းပြများ၊ ရုံးဝန်ထမ်းများအား ငွေသားကံစမ်းမဲများဖောက်ပေးခဲ့ပါသည်။