အားကစားနှင့် ပညာရေး ပေါင်းစပ်သင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနား (၁.၆.၂၀၁၇)

           အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁.၆.၂၀၁၇) ရက်နေ့ ကြာသပတေးနေ့ နံနက် (၀၉းဝ၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

          အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဆန်း၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ရေး၊ ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ နည်းပြများ အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းမှ ဆရာမများ၊ သင်တန်းသား/သူ (၅၁၃)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါ ဖိတ်ကြားထားသည့် ဧည့်သည်တော်များထဲမှ စေတနာရှင်၊ အလှူရှင်များမှ လှူဒါန်းငွေကျပ် ၂၄၅၅၀၀၀၀ိ-/ (ကျပ်နှစ်ရာလေးဆယ့်ငါးသိန်းငါးသောင်းတိတိ) မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဘောလုံး (၂၀၀)လုံး၊ Enervon-C မှ ငွေကျပ် (၄၂)သိန်း တန်းဖိုးရှိ စပို့စ်ရှပ် အထည် (၇၀၀)နှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ ပိုက်နှင့် ဘောလုံး (၅)လုံး လှူဒါန်းခဲ့ပါသည်။