အား/ကာသိပ္ပံ (ရန်ကုန်)၀န်ထမ်းမိသားစု၏ စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူမင်္ဂလာပွဲ (၈.၄.၂၀၁၆ မှ ၉.၄.၂၀၁၆)

            အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်ဇနီး ဒေါ်နန်းအေးခိုင်တို့ကို အမှူးထား၍ အား/ကာသိပ္ပံ (ရန်ကုန်)၀န်ထမ်းမိသားစုမှ ရဟန်းလောင်း (၇) ပါးနှင့် ရှင်သာမဏေ (၁၀)ပါး တို့အား ပထမအကြိမ် စုပေါင်းရှင်ပြု၊ ရဟန်းခံအလှူမင်္ဂလာပွဲကို ၈.၄.၂၀၁၆ နှင့် ၉.၄.၂၀၁၆ ရက်နေ့တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဒက္ခိဏာရုံကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၈.၄.၂၀၁၆ ရက်နေ့တွင် ရှင်လောင်းလှည့်၊ ဆံချမင်္ဂလာပွဲကျင်းပပြုလုပ်ပြီး ၉.၄.၂၀၁၆ ရက်နေ့တွင် သိမ်တက်သံဃာတော်များအား သိမ်ဆင်းလောင်းလှူပြီး တရားတော်နာ၊ရေစက်ချအမျှပေးဝေ၍ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။