၂၀၁၅ခုနှစ်၊ ဖိတ်ခေါ် အမျိုးသား/ အမျိုးသမီး အလွတ်တမ်း စက်ဘီးပြိုင်ပွဲ (22.8.2015) မှ (23.8.2015) ထိ

အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် Myan Shwe Pyi Tractors Ltd တို့၏ ဖိတ်ခေါ် အမျိုးသား၊ အမျိုးသမီး အလွတ်တမ်းစက်ဘီးပြိုင်ပွဲ Freedon Bicycle Road Race & Mountain Bike Race) ပြိုင်ပွဲကို စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၌ (22.8.2015) မှ (23.8.2015) ထိ ကျင်းပပြုလုပ်ခဲ့ရာ  ကျား (၄၀)ဦး၊ မ (၁၉)ဦး၊ စုစုပေါင်း (၅၉)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ ကျား(၂)ဦး၊ မ (၂)ဦး၊ စုစုပေါင်း (၄)ဦးတို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။

အဆိုပါပြိုင်ပွဲတွင် (၁၉)နှစ်အောက် အမျိုးသမီးပြိုင်ပွဲတွင် မထက်ထက်လှိုင်သည် ဒုတိယ ငွေတံဆိပ်နှင့်  မလှလှနွယ် ပဉ္စမဆုတို့ ရရှိခဲ့ပါသည်။