၂၀၁၅-၂၀၁၆ ပညာသင်နှစ် သင်တန်းသား/သူများ၏ ကျပန်းစကားပြောပြိုင်ပွဲ

       အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ကျပန်းစကားပြောပြိုင်ပွဲ ပထမနေ့နှင့် ဒုတိယနေ့ကို (၁.၁၀.၂၀၁၅ - ၂.၁၀.၂၀၁၅) ရက်နေ့ (၁၈း၀၀)နာရီတွင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ရုံးဟောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆက်လက်ပြီး ဗိုလ်လုပွဲကို (၆.၁၀.၂၀၁၅)ရက်နေ့တွင် ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

      ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများအား ကျောင်းအုပ်ကြီးမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆု၊ ပဥ္မမဆုနှင့် နှစ်သိမ့်ဆုများ (၇.၁၀.၂၀၁၅) ရက်နေ့တွင် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။