၂၀၁၆ ခုနှစ်၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ (တောင်ကြီး)ကျောင်းများ ပြိုင်ပွဲ (ဂျူဒို)

ဂျူဒိုအားကစားနည်း

            အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး) အားကစားပြိုင်ပွဲကို နေပြည်တော်နှင့် ရန်ကုန်တွင် (၇. ၁.၂၀၁၆) ရက်နေ့မှ (၁၂.၁.၂၀၁၆) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ထိုပြိုင်ပွဲသို့ အုပ်ချုပ်ကွပ်ကဲသူ (၄)ဦး၊ နည်းပြ (၇၇)ဦး၊ ပြိုင်ပွဲဝင်အားကစားသမား ကျား (၃၀၁)ဦး၊ မ (၃၀၀)ဦး စုစုပေါင်း (၆၀၁)ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၏ ဆုရရှိမှုအခြေအနေမှာ ရွှေတံဆိပ် (၁၄၅)ခု၊ ငွေတံဆိပ် (၁၁၀)ခု၊ ကြေးတံဆိပ် (၁၁၃) ခု စုစုပေါင်း (၃၆၈) ခုရရှိခဲ့ပါသည်။

           ဂျူဒိုအားကစားနည်းမှ  ရွှေ (၇)၊ ငွေ (၃)၊ ကြေး (၄)၊ စုစုပေါင်း (၁၄) ခုရရှိခဲ့ပါသည်။