(၆၈) ကြိမ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြေးခုန်ပစ် ပြိုင်ပွဲနှင့် သုံးမျိုးစုံပြိုင်ပွဲ ကျင်းပခြင်း

(၆၈)ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် သုံးမျိုးစုံပြိုင်ပွဲကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ကြာသပတေးနေ့ တွင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ရှိ ပြေးခုန်ပစ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုပြိုင်ပွဲတွင် ပြေးခုန်ပစ်ပြိုင်ပွဲ (၁၄) မျိုးနှင့် သုံးမျိုးစုံပြိုင်ပွဲ ရေကူး မီတာ ၃၀၀၊ စက်ဘီး မီတာ ၈၀၀၀၊ တာဝေး မီတာ ၂၀၀၀ ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုကြေးငွေများကို System Engineering Co.,Ltd မှ ပံ့ပိုးကူညီပေးခဲ့ပါသည်။