“ထူးချွန်အားကစားသမားများအား ဆုချီးမြှင့်ခြင်းနှင့် အထူး နေ့လည်စာစားပွဲ အခမ်းအနား” (၁၇.၁၀.၂၀၁၆)

 ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၂၀၁၆-၂၀၁၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း “ထူးချွန်အားကစားသမားများအား ဆုချီးမြှင့်ခြင်းနှင့် အထူးနေ့လည်စာစားပွဲ အခမ်းအနား” ကို (၁၇.၁၀.၂၀၁၆) ရက်နေ့ နံနက် (၁၁း၃၀)အချိန်တွင် အား/ကာသိပ္ပံ (ရန်ကုန်) ကျိုက္ကဆံကွင်း၊ ပြည်ထောင်စုခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။