University of Tsukuba Committee of Tsukuba International Tennis Tournament of International Sports Volunteer Activity (ISVA) မှ တွဲဖက်ပါမောက္ခ Mr. Daisuke MITSUHASHI အဖွဲ့မှ ISPE (Ygn) Badminton & Tennis သို့ Racket များလာရောက်လှူဒါန်းခြင်း

၂၀၁၅ခုနှစ်၊ မတ်လ(၁၄)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် University of Tsukuba Committee of Tsukuba International Tennis Tournament  of International Sports Volunteer  Activity (ISVA) မှ တွဲဖက်ပါမောက္ခ Mr. Daisuke  MITSUHASHI ဦးဆောင်သောအဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)သို့ ရောက်ရှိ၍ ဒုတိယကျောင်းအုပ်ကြီး ဦးထွန်းဖေနှင့် တာဝန်ရှိသူများ၊ နည်းပြဆရာ/ဆရာမများနှင့် တွေ့ဆုံပြီး တင်းနစ်လေ့ကျင့်ရေးကွင်းနှင့် ကြက်တောင်လေ့ကျင့်ရေးရုံသို့ သွားရောက်၍ သင်တန်းသားများ အား နည်းစနစ်ပိုင်းဆိုင်ရာများ ဟောပြောပို့ချမှုနှင့် လက်တွေ့သင်ကြားပေးခဲ့ပါသည်။(၁၂း၀၀)နာရီ အချိန်တွင် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။

ဆက်လက်၍` မွန်းလွဲ(၁၃း၀၀)နာရီအချိန်တွင် အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို အား/ကာသိပ္ပံ(ရန်ကုန်)ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ISVA မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက တင်းနစ်ရိုက်တံ(၃၀)ချောင်းနှင့် ကြက်တောင်ရိုက်တံ (၃၀)ချောင်းများကို ပေးအပ်လှူဒါန်းရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး ဦးထွန်းဖေ မှ လက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။

ISVA အဖွဲ့အား (၁၄း၃၀)နာရီတွင် ရန်ကုန်လေဆိပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး မိမိတို့အဖွဲ့အနေဖြင့် လေးနိုင်ငံသို့ လှည့်လှ၍` အားကစားလှုပ်ရှားမှုများ ဖြန့်ဝေရမည်ဖြစ်သော ကြောင့် အဆိုပါ လှူဒါန်းပစ္စည်း များအား တစ်လအတွင်း ဆက်သွယ်ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။