History
အား/ကာဦးစီးဌာန အား/ကာသိပ္ပံ(ရန်ကုန်)ကို ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်း၌ ၁၉၉၀ခုနှစ်သြဂုတ်လ (၂၃) ရက်တွင်စတင်ခဲ့ပြီး ၂၇.၇.၁၉၉၂ မှစတင်၍နိုင်ငံတော်အကြီးအကဲများမှစတင်ဖွင့်လှစ်ခဲ့ပါသည်။
စတင်ဖွင့်လှစ်သည့်အချိန်တွင် အား/ကာသိပ္ပံ(ရန်ကုန်)အောက်ရှိ မူလဖွဲ့စည်းပုံအင်အား အရာထမ်း(၂၀)ဦးနှင့် အမှုထမ်း(၉၅)ဦး၊ ၄င်းမူလဖွဲ့စည်းပုံအပြင် အိုးအိမ်ဦးစီးဌာနမှ အား/ကာဦးစီးဌာနသို့လွှဲပြောင်းပေးသည့် အရာထမ်း(၁)ဦး၊ အမှုထမ်း(၅၃)ဦးကို အား/ကာသိပ္ပံတွင် တာဝန်ချထားသဖြင့် စုစုပေါင်းအရာထမ်း(၂၁)ဦး၊ အမှုထမ်း(၁၄၈)ဦးဖြင့် ဖွဲ့စည်းပုံစုစုပေါင်းအင်အား(၁၆၉)ဦးရှိခဲ့ပြီး ကျောင်းအုပ်ကြီးတာဝန်ကို ညွှန်ကြားရေးမှူး ဦးစောရွှေမှ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ အား/ကာသိပ္ပံဌာနခွဲတွင် အုပ်ချုပ်ရေးဌာနစု၊ သင်တန်းဌာနစုနှင့် ပြင်/ထိန်းဌာနစု စသဖြင့် ဌာနစု(၃)ခုဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်အရ ၂၀၁၂ခုနှစ်တွင် အား/ကာဦးစီးဌာနမှ အား/ကာသိပ္ပံ(ရန်ကုန်)သို့ ဖွဲ့စည်းပုံအသစ်တွင် ဦးရေအရာထမ်း(၃၀)ဦး၊ အမှုထမ်း(၂၄၀)ဦး၊ စုစုပေါင်း (၂၇၀)ဦးဖြင့် တိုးချဲ့ခွင့်ပြုခဲ့ပါသည်။ တိုးချဲ့ခွင့်ပြုဖွဲ့စည်းပုံအရ အား/ကာသိပ္ပံ(ရန်ကုန်) ဌာနခွဲတွင် စီမံခန့်ခွဲရေးဌာနစု၊ လေ့ကျင့်ရေးဌာနစု၊ ပြုပြင်ထိန်းသိမ်းရေးဌာနစုနှင့် ပညာရေးဌာနစုဟူ၍ ဌာနစု(၄)စုဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်လျှက်ရှိပါသည်။ ၃၀.၆.၂၀၁၄ ရက်နေ့ရှိ ဖွဲ့စည်းပုံအရ ၀န်ထမ်းအင်အားအခြေအနေမှာ ခွင့်ပြု (၂၇၀)ဦး၊ ခန့်အပ် (၁၄၅)ဦး၊ လစ်လပ် (၁၂၇)ဦး ဖြစ်ပါသည်။
အား/ကာဦးစီးဌာန အား/ကာသိပ္ပံ (ရန်ကုန်)တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကျောင်းအုပ်ကြီးများ၏အမည်နှင့် တာဝန်ထမ်းဆောင်ခဲ့သည့်ကာလ
စဉ် | အမည် | ရာထူး | တာဝန်ထမ်းဆောင်သည့်ကာလ |
၁။ | ဦးစောရွှေ |
ညွှန်ကြားရေးမှူး (ကျောင်းအုပ်ကြီး) |
၁၉၉၀-၁၉၉၆ |
၂။ | ဦးကျော်စိုးမြင့် | ။ | ၁.၄.၁၉၉၆ မှ ၅.၂.၂၀၀၂ |
၃။ | ဦးမောင်ဝင်း | ။ | ၅.၂.၂၀၀၂ မှ ၂၀.၉.၂၀၀၆ |
၄။ | ဦးကျော်ဆန်း | ။ | ၂၁.၉.၂၀၀၆ မှ ၂၇.၄.၂၀၀၇ |
၅။ | ဦးခင်မောင်ကျော် | ။ | ၂၇.၄.၂၀၀၇ မှ ၂၉.၁၀.၂၀၀၈ |
၆။ | ဦးတင်ဝင်း | ။ | ၃၁.၁၀.၂၀၀၈ မှ ၂၉.၁၀.၂၀၁၂ |
၇။ | ဦးကျော်ဆန်းဦး | ။ | ၃၁.၁၀.၂၀၁၂ မှ ၅.၁၂.၂၀၁၄ |
၈။ | ဦးစိုးအောင် | ။ | ၁.၈.၂၀၁၄ မှ ၃၁.၇.၂၀၂၀ |
၉။ | ဦးကျော်စိုးမိုး | ။ | ၁၈.၅.၂၀၂၀ မှ ၁၁.၈.၂၀၂၁ |
၁၀။ | ဦးအောင်နိုင်ဆွေ | ။ | ၁၁.၈.၂၀၂၁ မှ ၂၈.၁၁.၂၀၂၃ |
၁၁။ | ဦးထွန်းထွန်းဦး | ။ | ၂၈.၁၁.၂၀၂၃ မှ ယနေ့ထိ |