ဂျူဒို

ဂျူဒိုအားကစားသမိုင်း

ဂျူဒိုအားကစားနည်းသည် ဂျပန်လူမျိုးများ၏ အမျိုးသားကိုယ်ခံပညာဖြစ်တဲ့ ဂျူဂျစ်ဆု ပညာမှ တဆင့် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
သုတေသနဖော်ထုတ်ချက်အရ ခရစ်မပေါ်မီ (၂၀)ခုနှစ်၊ BC 20 ၁၁ မြောက် “ဆူအီနင်း”ဘုရင်လက်ထက်က စတင်ပေါ်ပေါက်ခဲ့တယ်လို့ မှတ်တမ်းများအရသိရှိရ၊ ခရစ်မပေါ်မီ ၇၂၀ ခုနှစ်၊ (BC 720)တွင် တရားဝင်မှတ်သားထားသော ဂျပန်ဧကရာဇ်မင်းတို့၏ မော်ကွန်းမှတ်တမ်းများအရ BC 230 လောက်က ဂျပန်ပြည်၌ ယခုခေတ် “ဆူမို”နပမ်းနှင့် ခပ်ဆင်ဆင်တူ တဲ့ “ချီကာရဘူရဘေ့” (Chikara Kurabe)ခေါ် အားကစားပြိုင်ပွဲကျင်းပရာ ၄င်းပြိုင်ပွဲများတွင် “ဂျူဂျစ်ဆု”(JuJi Tsu)အတက်ပညာပါဝင်ကြောင်း အထောက်အထားများအရ တွေ့ရှိရသည်။ သို့သော် စနစ်တကျမရှိသေးဘဲ၊ ၁၅ရာစုခုနှစ် အလယ်ပိုင်းလောက်မှ တဖြေးဖြေးစနစ်ကျခဲ့ကြောင်း သိရှိရသည်။

၁ရရာစုတွင် “ဂျူဂျစ်ဆု” ပညာများအခြေတကျ စနစ်တကျသင်ကြားပေးသော ကျောင်းများပေါ် ပေါက်လာပြီး ကျောင်းပေါင်း(၂၀)ကျော် ပေါ်ပေါက်ခဲ့သည်။ ဂျူဂျစ်ဆု ပညာသည် (၁၉)ရာစုအစပိုင်း လောက်တွင် အခြေတကျလူသိများကျော်ကြားလာခဲ့သည်။

၁၈၆၆ ခုနှစ်တွင် ဧကရာဇ်သေနာပတိ အစိုးရ “တော့ကူငါဝ” (Tokuga wa) ဆွေမျိုးစုမှ သေနာပတိ “ယော့ရိနော့ဘု” (Yorinobu)သည် မေဂျီဧကရာဇ်ဘုရင်အား နန်းပြန်အပ်၍ နန်းတက်ပြီး နောက်၊ ရှိုဂန်အုပ်ချုပ်ရေးစနစ်နှင့် ဆာမူရိုင်းခေါ် စစ်မှုထမ်းမျိုးရိုးစနစ်ဖျက်သိမ်း၍ (၁၈၆၉)ခုနှစ်တွင် ပါလီမန်စနစ်ဖြင့် တိုင်းပြည်အုပ်ချုပ်ရေးရာ ရှေးခေတ်အယူအစဓလေ့ထုံးတမ်းများ တဖြေးဖြေးစွန်းပစ် လာခဲ့ပြီး ဂျူဂျစ်ဆု ကိုယ်ခံပညာများလည်း တဖြေးဖြေးစွန့်ပယ်လာခဲ့ပြီး ဂျူဂျစ်ဆု ကိုယ်ခံပညာများ လည်း အပယ်ခံဘဝသို့ရောက်ရှိခဲ့သည်။

Jujitsu Judo ပြောင်းလဲလာပုံ

ထိုသို့ ဂျူဂျစ်ဆုပညာရပ်များ ပျောက်ကွယ်လုနီးပါးအချိန်(၁၈၇၆)ခုနှစ်တွင် ဂျူဂျစ်ဆုကျောင်းတစ် ကျောင်းဖြစ်တဲ့ “တင်ဂျင်ရှင်ယိုလ်ရူး” (TEN JI SHIN YO RYU)ကျောင်းသို့ ခေတ်ပညာတက်(၁၆)နှစ် အရွယ်ရှိ မစ္စတာ ဂျီဂိုရိုကာနို (Jigo Ro Kano)ဆိုသူ လူငယ်တစ်ဦးရောက်ရှိလာပြီး ဂျူဂျစ်ဆုပညာရပ် များ လေ့လာဆည်းပူးပြီးနောက်ပိုင်း ကီတိုရူး (Kito Ryu)ကျောင်းပြောင်းပြီး ဂျူဂျစ်ဆုပညာကိုဆက် လက် လေ့လာဆည်းပူးခဲ့ပါသည်။ မစ္စတာကာနိုသည် ခန္ဓာကိုယ်မှာ သေးကွေးပြီးသော်လည်း သူ၏ ဇွဲ၊ လုံ့လ၊ ဝိရီယ ပင်ပန်းဆင်းရဲခံပြီး ဂျူဂျစ်ဆုပညာ၏ ခက်ခဲနက်နဲသော ပညာများကို တခြားကျောင်းများ ဆက်လက်ဆည်းပူးသင်ကြားခဲ့ပါသည်။

ထိုသို့ ဆက်လက်ဆည်းပူးလေ့လာနေစဉ် တိမ်ကောပျောက်ကွယ်နီးပါးဖြစ်တဲ့ ဂျူဂျစ်ဆုပညာကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ထိခိုက်အန္တရာယ်များ၍ လူတိုင်းလေ့လာမသင်ကြားနိုင်သော ဂျူဂျစ်ဆု ပညာကို ခေတ်နှင့်အညီ ဆက်လက်သင်ကြားနိုင်တဲ့ ဂျပန်လူမျိုးများအတွက် အမျိုးသားအားကစားနည်း တစ်ခုအနေဖြင့် တီထွင်ကြံဆကာ ဂျူဂျစ်ဆုပညာမှ ကောင်းနိုးရာရာများကို ထုတ်နုတ်အခြေခံပြီး ပင်ကိုယ်အတွေးအခေါ် အကြံဉာဏ်များနှင့် ပေါင်းစပ်ကာသိပ္ပံနည်းကျ ဂျူဒိုအားကစားနည်းစနစ်ကို (၁၈၈၂)ခုနှစ်၌ အလျား(၁၈)ပေ၊ အနံ (၁၂)ပေရှိတဲ့ မျက်ဖျာ (၁၂)ချပ်ခင်းထားသော အီရှိုးဂျီဘုရား ကျောင်း(Eishogi Temple)ဝန်းရှိ အခန်းကျဉ်းထဲတွင် လူ(၉)ဦးဖြင့် စတင်သင်ကြားလေ့ကျင့်ခဲ့သည်။ ယင်းကစားနည််းကိုလည်း ကိုဒိုကန်ဂျူဒို (Kodokan Judo)သို့ သိမ်မွေ့နူးညံ့သောနည်းလမ်းကို သင်ကြားပေးသောကျောင်း (သို့) ပညာရပ်ဟုခေါ်တွင်စေခဲ့သည်။

ထိုအချိန်တွင် ဂျန်ပန်ပြည်တိုကျိုမြို့ မက်ထရိုပိုလီတန်ရဲကျောင်းမှ ရဲတပ်ဖွဲ့ဝင်များအား ဂျူဂျစ်ဆု နှင့် ကိုယ်ခံပညာကို သင်ကြားပေးလျက်ရှိသည်။ ဂျူဒိုအားကစားပညာရပ်တို့၏ ထင်ပေါ်ကျော်ကြားမှု ကြောင့် ဂျူဂျစ်ဆုနှင့် ဂျူဒိုအားကစားပညာရပ်တို့၏ အစွမ်းထက်မြက်ပုံသိရှိရန်အတွက် (၁၈၈၆)ခုနှစ်၊ နွေဦးပေါက်အချိန်တွင် မက်ထရိုပိုလီတန်ရဲကြီးမှ ကြီးမှူး၍ တိုဆုက (ToSuKa)ဂျူဂျစ်ဆုကျောင်းနှင့် ကိုဒိုတန်ဂျူဒိုကျောင်း(၂)ကျောင်းတို့ ပြိုင်ပွဲကျင်းပသော တဘက်(၁၅)ဦးစီပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ကိုဒိုတန်ကျောင်းမှ (၁၃)ပွဲအနိုင်ရရှိပြီး (၂)ပွဲသရေဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့သဖြင့် ဂျူဒိုအားကစား နည်းပညာရပ်သည် ဂျပန်တဝှမ်းလုံး ထင်ပေါ်ကျော်ကြားလာခဲ့သည်။ မက်ထရိုပိုလီတန်ရဲအဖွဲ့ကြီး ကလည်း ဂျူဂျစ်ဆုပညာအစား ဂျူဒိုကို ရဲအဖွဲ့သားများအား အစားထိုးသင်ကြားစေခဲ့သည်။

ဂျူဒိုအားကစားနည်းပညာရပ်ကို ကမ႓ာအားကစားနည်းတရပ်အဖြစ် ထင်ပေါ်လာစေရန် မစ္စတာကာနို ၄င်း၏တပည့်အရင်းများကို နိုင်ငံခြားသို့စေလွှတ်ခြင်း၊ ၄င်းကိုယ်တိုင် နိုင်ငံခြားသို့ သွားရောက်ဟောပြောပို့ချမှုပြုလုပ်ခဲ့ရာ ကမ္ဘာအနှံ့အပြားသို့ ပျံ့နှံ့လျက် အပြည်ပြည်ဆိုင်ရာအားကစား တရပ်အဖြစ်သို့ ရောက်ရှိလာခဲ့ပေသည်။

၁၉၁၁ခုနှစ်တွင် မစ္စတာ ကာနို (Kano)သည် ဂျပန်နိုင်ငံ ကာယပညာအဆင့်၏ ပထမဆုံးဥက္ကဌ အဖြစ် တင်မြောက်ခံရပြီး ထိုနှစ်ထဲမှာပင် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အိုလံပစ်ကော်မတီတွင် အဖွဲ့ဝင်ဖြစ် ခဲ့သည်။ ----ခုနှစ် ဆွီဒင်နိုင်ငံ စတော့ဟုမ်းတွင် ကျင်းပပြုလုပ်ခဲ့သော (၅)ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲသို့ မစ္စတာ ကာနိုက ဂျူဒိုသမား(၂)ဦးဖြင့် သွားရောက်ကာ ဂျူဒိုအားကစားပညာရပ်ကို ပြသခဲ့သည်။

မစ္စတာ ကာနိုသည် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီအဖွဲ့ဝင်အဖြစ် (၅)ကြိမ်မြောက် အိုလံပစ်အစည်းအဝေးမှ (၁၉၃၆)ခုနှစ် ဘာလင်မြို့တွင် ကျင်းပပြုလုပ်သော အိုလံပစ်အစည်းအဝေး အထိ မပျက်မကွက်တက်ရောက်ခဲ့ပြီး ဂျပန်ပြည်၏ အားကစားရေးရာနှင့် ဂျူဒိုပညာပျံ့ပွားရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ရာ နောက်ဆုံးတွင် (၁၉၃၈)ခုနှစ် ကိုင်ရိုမြို့ (CAIRO)တွင်ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ အိုလံပစ်အစည်းအဝေး -----သို့တက်ရောက်ပြီး ဂျူဒိုအားကစားနည်းထည့်သွင်း ကျင်းပရန် အပြည်ပြည်ဆိုင်ရာအားကစားနည်းတစ်ခုအဖြစ် အသိအမှတ်ပြုရေးကို အဆိုပြုခဲ့ပြီး ဂျပန် ပြည်သို့အပြန် (၄-၅-၁၉၃၈)အသက်(၇၈)နှစ် (S.SH.Kawa M------)သင်္ဘောပေါ်တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့လေသည်။

မစ္စတာ ကာနို အုတ်မြစ်ချခဲ့သော ဂျူဒိုအားကစားနည်းပညာကို ၄င်း၏သား ရီဆေးကာနို (Mr.Rese K------)ကအပြည်ပြည်ဆိုင်ရာ အားကစားနည်းအဆင့်အထိရောက်အောင် ကြိုးပမ်းခဲ့ရာ ၁၉၅၁ခုနှစ်၊ ဇူလိုင်လတွင် စုပေါင်း------ဂျူဒိုယူနီယံညီလာခံတွင် မစ္စတာဂျီရိုရိုကာနို၏သား မစ္စတာ ရီဆေးကာနိုအား(IJF)-----အဖြစ်ရွေးချယ်ခံခဲ့ရသည်။

မြန်မာနိုင်ငံဂျူဒိုဖြစ်စဉ်သမိုင်း

ဂျူဒိုအားကစားနည်း မြန်မာပြည်သို့ရောက်လာပုံ

ဒုတိယကမ္ဘာစစ်ဖြစ်ချိန် (၁၉၄၁)တွင် ဗိုလ်ချုပ်အောင်ဆန်းဦးစီးသော တော်လှန်ရေးရဲဘော် သုံးကျိပ်တို့ ဂျပန်ပြည်သို့ စစ်ပညာရပ်သွားရောက်သင်ကြားခဲ့ခြင်းမှစတင်၍ ဂျူဒိုပညာမြန်မာပြည်သို့ ရောက်ရှိလာခဲ့ပေသည်။ စစ်အတွင်းကာလဖြစ်၍ ထင်ထင်ရှားရှားပြန့်ပွားမှု မရှိသေးပေ။ မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် ဂျူဒိုပညာသည် ဂျပန်ပြည်မှ အိုက်ကီဒို ဂျူဒိုနည်းပြဆရာများမှ တဆင့် မန္တလေးရဲသိပ္ပံကျောင်း တပ်မတော် တပ်ကြပ်သင်ကျောင်းနှင့် အရပ်သားများထဲမှ ၀ါသနာပါ သူများကို သင်ကြားပြသရာမှ အသင်းအဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။

ဂျပန်ပြည်မှ ပထမဦးစွာ ရောက်ရှိလာခဲ့သော ဂျပန်နည်းပြဆရာများမှ ၁၉၅၃ ခုနှစ်၊ ဇွန် (၂၃)ရက်၊ မန္တလေးရဲသိပ္ပံကျောင်းအတွက် (၂)နှစ် စာချုပ်ဖြင့် ငှားရမ်းခဲ့သော အဆင့်ရှစ်ဆင့် အသက် (၅၈)နှစ်ရှိ အာကီဒို နည်းပြဆရာကြီး မစ္စတာအာရိမိုတိုမူရာရှိဂေ့ (Mr. ARIMOTO MURASHIGE) နှင့် အဆင့် (၂)ဆင့် အသက် (၃၅)နှစ်ရှိ ဂျူဒိုနည်းပြဆရာ မစ္စတာကီမီအိုခုရိုအိရှိ (Mr. KIMIO KUROISH) တို့ ဖြစ်သည်။ သင်တန်းသား (၁၅)ဦးကို တစ်နှစ်ကြာသင်တန်းပို့ချပေးရာမှတဆင့် မြန်မာပြည်တွင် ဂျူဒိုပညာရပ်များတစ်စတစ်စပြန့်ပွား လာပြီး ၁၉၅၅ တွင် မင်္ဂလာဒုံရှိ တပ်မတော်တပ်ကြပ်သင်တန်း ကျောင်းတွင် ဂျပန်ပြည်မှ နည်းပြဆရာငှားရမ်း သင်ကြားပေးခြင်း၊ ဂျပန်ပြည်သို့ ပညာသင်စေလွှတ် ပေးခြင်း၊ ဆင့်ပွားသင်တန်းများပို့ချခြင်း၊ တပ်ကြပ်သင်တန်း ကျောင်းကို မင်္ဂလာဒုံမှ ဗထူးသို့ပြောင်းရွှေ့၍ ကျပ် ၁ သိန်းကျော်တန် ဂျူဒိုခန်းမဆောင် ဆောက်လုပ် လေ့ကျင့်ခြင်း၊ ဂျပန်ပြည်ဂျူဒိုနည်းပြဆရာများမှ တဆင့် တပ်ရင်းတပ်ဖွဲ့များနှင့် အရပ်ဖက်ဝါသနာရှင် ကျောင်းသား /ကျောင်းသူ လူငယ်များသို့ လေ့ကျင့် ပို့ချပေးခြင်းဖြင့် မြန်မာပြည်တွင် ဂျူဒိုအားကစားနည်းပညာရပ်များ အမြစ်တွယ်လာခဲ့သည်။ ၁၉၅၈ ခုနှစ် တွင် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၆၅ ခုနှစ် အားကစားအဖွဲ့ချုပ် (၂၂)ခု ဖွဲ့စည်း ရာတွင် ဂျူဒိုအဖွဲ့ချုပ်တစ်ခု အပါအဝင်ဖြစ်လာခဲ့သည်။ ၁၉၆၅ ခုနှစ်၊ မေလတွင် မေဒေးနေ့အထိမ်း အမှတ် ပထမဆုံးအကြိမ်အသင်းလိုက်၊ တံခွန်စိုက်ဒိုင်းဂျူဒိုပြိုင်ပွဲ ကျင်းပခဲ့သည်။ ၁၉၆၈ ခုနှစ် ပထမဆုံး တက္ကသိုလ်ပေါင်းစုံ ကျောင်းပေါင်းစုံ ဂျူဒိုပြိုင်ပွဲ တပ်မတော် ကြည်း၊ ရေ၊ လေ ဂျူဒိုတံခွန်စိုက် ပြိုင်ပွဲ ကျင်းပခဲ့သည်။

ပြည်ပပြိုင်ပွဲအဖြစ် ၁၉၆၅ ခုနှစ် တတိယအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ်ပြိုင်ပွဲ၊ မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူသို့ ပထမဆုံးအကြိမ်သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ကြေး (၂)ခု ရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အမျိုးသမီးဂျူဒိုပြိုင်ပွဲကို ၁၉၇၆ ခုနှစ်၊ လူသစ်တန်း၊ သက်ငယ်တန်း ဂျူဒိုပြိုင်ပွဲ ထည့်သွင်းကျင်းပခဲ့သည်။

ဂျူဒိုပညာ၏ အနှစ်သာရသဘောတရား

ဂျူဒိုဖခင် Mr. JiGoro Kano သည် ဂျူဒိုပညာရပ်၏ အနှစ်သာရသဘောတရားနှင့်ပတ်သက်၍ ၁၉၃၂ ခုနှစ် အမေရိကန်တောင်ပိုင်း၊ ကယ်လီဖိုးနီးယား တက္ကသိုလ် ရှင်းလင်းပြောကြားရာတွင် လူတစ်ဦး၏စွမ်းအားကို ယူနစ်အဖြစ်ခံထား၍ (A)ဆိုသော ပုဂ္ဂိုလ်သည် (၁၀)ယူနစ်ရှိပြီး (B)ဆိုသော ပုဂ္ဂိုလ်သည် (၇)ယူနစ်ရှိသည်ဟု သတ်မှတ်လျှင် ပထမဆုံးဂျူဒိုပြိုင်ပွဲကို ၁၉၅၆ ခုနှစ်၊ မေလတွင် ဂျပန် နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း (၂၁)နိုင်ငံမှ အားကစားသမား (၃၉)ယောက် ပါဝင် ယှဉ်ပြိုင်ခဲ့ပါသည်။

ဂျူဒိုအားကစားနည်းကို တရားဝင်အားကစားနည်းအဖြစ် ၁၉၆၀ ခုနှစ်၊ သြဂုတ်လတွင် အီတလီနိုင်ငံ၊ ရောမ (Rome)မြို့တွင် ကျင်းပခဲ့ရာ (၅၇)ကြိမ်မြောက် အိုလံပစ်ကော်မတီ (IOC) အစည်း အဝေးမှ တရားဝင် အတည်ပြု ဆုံးဖြတ်ခဲ့ပါသည်။

ကမ္ဘာ့အိုလံပစ်အားကစားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဂျူဒိုအားကစားပြိုင်ပွဲကို ၁၉၆၄ ခုနှစ်၊ ဂျပန် နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၈)ကြိမ်မြောက်၊ ကမ္ဘာ့အိုလံပစ်အားကစား ပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပရန် ကိုယ်အလေးချိန်တန်း (၃)တန်း (-68 kg) (-80 kg) (+80 kg) တန်းများနှင့် အလွတ်တန်းတစ်တန်း သတ်မှတ်ယှဉ်ပြိုင်ခဲ့ပါသည်။ အလွတ်တန်းတွင် ဒိန်းမတ်နိုင်ငံသား အန်တွန်ဂီဆင်း (GEESINK ANTON)က ပထမရရှိသွားသည်။ နောင်တွင် ကိုယ်အလေးချိန် (၅)တန်း သတ်မှတ်ခဲ့သည်။ ကိုယ်အလေးချိန် (၇)တန်းနှင့် အလွတ်တန်း (၁)တန်း သတ်မှတ်ခဲ့သည်။

ယခုအခါ ကိုယ်အလေးချိန် ကျား (8 + kata) မ (8 + kata)တန်းများ သတ်မှတ်ခဲ့သည်။ ပထမဆုံးအကြိမ် အမျိုးသမီးဂျူဒိုပြိုင်ပွဲများကို ၁၉၈၀ ခုနှစ်၊ (၂၄)ကြိမ်မြောက် ဆိုးလ်အိုလံပစ် (SEOUL) တောင်ကိုရီးယားတွင် မိတ်ဆက်သရုပ်ပြအဖြစ် ထည့်သွင်းကျင်းပပြုလုပ်ခဲ့ပြီး ၁၉၉၂ ခုနှစ်၊ စပိန်နိုင်ငံ၊ ဘာဆီလိုနာ (BARCELONA) အိုလံပစ် (၂၅)ကြိမ်မြောက်တွင် အမျိုးသမီး ဂျူဒိုပြိုင်ပွဲများကို တရားဝင် ကျင်းပပြု လုပ်ပါသည်။ (မြန်မာပြည်မှ မဖြူဖြူသန့် -57 kg)တန်း သွားရောက်ယှဉ်ပြိုင်ခဲ့သည်။

ဂျူဒိုအားကစားနည်းကို ၁၉၉ရခုနှစ်မှ စတင်လေ့ကျင့်သင်ကြားပေးခဲ့သည်။ ယခုဆိုရင်နှစ်ပေါင်း (၁၈)နှစ်ကာလအတွင်း လက်ရွေးစင်အမျိုးသား(    )ဦး၊ အမျိုးသမီး(   )ဦး၊ စုစုပေါင်း(   )မွေးထုတ်ပေး ခဲ့ပါသည်။ ယခုလက်ရှိနည်းပြ(၃)ဦးဖြင့် ကျား(၁၂)ဦး၊ မ(၁၁)ဦး၊ စုစုပေါင်း(၂၃)ဦး လေ့ကျင့်သင်ကြား ပေးလျက်ရှိပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ မွေးထုတ်သင်ကြားပေးသော ဂျူဒိုအားကစားသမား များအား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်သို့သော်လည်းကောင်း၊ ဝန်ကြီးဌာနများသို့သော်လည်းကောင်း၊ အားကစားဝန်ကြီးဌာနမှ နည်းပြဆရာများ အဖြစ်သို့လည်းကောင်းရောက်ရှိကာ တာဝန်များကိုလည်း ထမ်းဆောင်လျက်ရှိနေပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ မွေးထုတ်ပေးခဲ့သော ထူးချွန်ဂျူဒိုအားကစားသမား များမျာ မခင်မိုးသူ(လက်ရွေးစင်)၊ မခင်ခင်စု(လက်ရွေးစင်)၊ မောင်ချစ်မင်းမင်းကို၊ မောင်ဖြိုးကိုကို နိုင်ငံ့ ဂုဏ်ဆောင်အားကစားသမားအဖြစ်လည်းကောင်း၊ မနွယ်နီပွင့်လှိုင်၊ မဖြိုးရွှေစင်ကျော်၊ မနန်းချမ်းချမ်းမြေ့ တို့သည်လည်း ပဏာမလက်ရွေးစင်အဖြစ် ရွေးချယ်ခံရပါသည်။ လူငယ်လက်ရွေးစင် အဖြစ်(၂၂)ဦး ရွေးချယ်ခံရပြီး ဂျပန်နိုင်ငံတိုကျိုမြို့သို့ လူငယ်လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ခဲ့ပါသည်။အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဂျူဒိုအားကစားနည်းတွင် ကျား( )ဦး၊ မ( )ဦး တို့ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဂျူဒိုအားကစားနည်း၏တစ်နေ့တာလုပ်ဆောင်ချက်များ

ဂျူဒိုအားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်မှာ-

(က) နံနက်(၀၄း၃၀)နာရီအချိန် တာဝန်ကျဆရာမှ နှိုးခရာမှုတ်အိပ်ထခြင်း။

(ခ) နံနက်(၀၅း၁၅)နာရီအချိန် Training မသွားမီတန်းစီလူစစ်ဆေးခြင်းနှင့် မိမိအားကစားရုံသို့ တန်းစီထွက်ခွာခြင်း။

(ဂ) မိမိအားကစားရုံတွင် (၀၅း၃၀)နာရီမှ (၀၆း၄၅)နာရီအထိ လေ့ကျင့်မှုပြုလုပ်ပြီး စားရိပ်သာ တွင် နံနက်စာသုံးဆောင်ပြီး အိပ်ဆောင်သို့ပြန်၍ ခေတ္တအနားပေးပြီး ကျောင်းတက်ရန် ပြင်ဆင်ကြပါသည်။

(ဃ)(ဝရး၃၀)နာရီအချိန် ကျောင်းတက်ရန်လူစစ်တန်းစီခြင်းများ ပြုလုပ်ပြီး စာသင်ကြားရန် အတွက် ကျောင်းတက်ကြပါသည်။

(င) (၁၂း၃၀)နာရီအချိန်တွင် ကျောင်းလွှတ်ပြီး စားရိပ်သာတွင်နေ့လည်စာ သုံးဆောင်၍ အိပ်ဆောင်၌ ခေတ္တအနားယူခြင်း။

(စ) (၁၄းဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာမှအိပ်ယာထပ်နှိုးခရာမှုတ်၍ Training သွားရန် ပြင်ဆင်ခြင်းများပြုလုပ်ခြင်း။

(ဆ)(၁၄း၁၅)နာရီအချိန် Training မသွားမီတာဝန်ကျဆရာမှ တန်းစီလူစစ်ဆေးခြင်းများ ပြုလုပ်ပြီး မိမိအားကစားရုံကွင်းများသို့ စနစ်တကျတန်းစီသွားကြပါသည်။

(ဇ)(၁၄း၃၀)နာရီအချိန်မှ (၁၅းဝ၀)နာရီအချိန်ထိ မိမိလေ့ကျင့်ရေးရုံတွင် Mental Training များ လေ့ကျင့်ဆောင်ရွက်ပေးခြင်း။

(စျ)(၁၅းဝ၀)နာရီအချိန်တွင် မိမိအားကစားနည်းအလိုက် Training plan အတိုင်း လေ့ကျင့်မှု များ ပြုလုပ်ပြီး (၁ရး၁၅)နာရီအချိန်လေ့ကျင့်မှုရပ်နားပြီး (၁၅)မိနစ်၊ ရုံပတ်ဝန်းကျင် သန့်ရှင်းရေး များပြုလုပ်ပြီး၊ ညနေစာသုံးဆောင်ရန်အတွက် ခေတ္တရပ်နားခြင်းဖြစ်ပါသည်။

(ည)ညနေစာကို (၁၈းဝ၀)နာရီအချိန်မှ (၁၉းဝ၀)နာရီအချိန်ထိ ညနေစာသုံးဆောင်၍ (၁၉းဝ၀) နာရီအချိန် ညစာကြည့်ရန်အတွက်တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်း ပြုလုပ်ပြီး (၁၉းဝ၀)နာရီမှ (၂၁းဝ၀)အချိန်ထိ ညစာကျက်၍ (၂ဝးဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်းပြုလုပ်ပြီး နောက်တစ်နေ့အစီအစဉ် နှင့် လိုအပ်တာများမှာကြားပြီးတစ်နေ့တာပြီးဆုံးခြင်းနှင့် ပြီးစေတန်းဖြုတ်ခြင်း၊ အိပ်စက် အနားယူရန်အတွက် ပြင်ဆင်ခြင်းနှင့် (၂ဝးဝ၀)နာရီအချိန် မီးမှိတ်ခရာမှုတ်၍ အိပ်စက် အနားယူခြင်း၊ တစ်နေ့တာပြီးဆုံးခြင်းဖြစ်ပါသည်။

လေ့ကျင့်သင်ကြားမှု: