ဂေါက်သီး
ဂေါက်သီးအားကစားသမိုင်း
အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းကျောင်း(ရန်ကုန်)တွင် ၂၀၁၂-၂၀၁၃ ခုနှစ်မှစ၍ ဂေါက်သီးအားကစားနည်းကို ကျား(၁၀)ဦး၊ မ(၁၀)ဦးဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။
အားကစားသမားများအား ဂေါက်သီးအဖွဲ့ချုပ်မှနည်းပြများနှင့် နိုင်ငံခြားနည်းပြ(ယိုးဒယား) မြန်မာနည်းပြများဖြင့် သင်ကြားပို့ချလျှက်ရှိပါသည်။ ပြိုင်ပွဲများလည်း (၁)နှစ်ကို (၄)ပွဲနှုန်းဖြင့် ပြိုင်ပွဲ ယှဉ်ပြိုင်ရပါသည်။ လေ့ကျင့်ချိန်အနေဖြင့် နံနက်(၅း၃၀)မှ (ရး၃၀)ထိ၊ ညနေ(၂း၃၀)မှ(၅း၃၀)ထိ လေ့ကျင့်သင်ကြားပေးလျှက်ရှိပါသည်။ ၂၀၁၃ခုနှစ် ပြိုင်ပွဲရလဒ်ကြောင့် ကျား(၂)ဦး၊ မ(၂)ဦး၊ လူငယ်လေ့ကျင့်ရေး စခန်းနေပြည်တော် သို့ ရွေးချယ်ခံရပါသည်။ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ဂေါက်သီးအားကစားနည်းတွင် ကျား(၁၀)ဦး၊မ(၁၀)ဦးတို့ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဂေါက်သီးအားကစားနည်း၏တစ်နေ့တာလုပ်ဆောင်ချက်များ
ဂေါက်သီးအားကစားနည်း၏ တစ်နေ့တာလုပ်ဆောင်ချက်မှာ-
(က) နံနက်(၀၄း၃၀)နာရီအချိန် တာဝန်ကျဆရာမှ နှိုးခရာမှုတ်အိပ်ထခြင်း။
(ခ) နံနက်(၀၅း၁၅)နာရီအချိန် Training မသွားမီတန်းစီလူစစ်ဆေးခြင်းနှင့် မိမိအားကစားရုံသို့ တန်းစီထွက်ခွာခြင်း။
(ဂ) မိမိအားကစားရုံတွင် (၀၅း၃၀)နာရီမှ (၀၆း၄၅)နာရီအထိ လေ့ကျင့်မှုပြုလုပ်ပြီး စားရိပ်သာ တွင် နံနက်စာသုံးဆောင်ပြီး အိပ်ဆောင်သို့ပြန်၍ ခေတ္တအနားပေးပြီး ကျောင်းတက်ရန် ပြင်ဆင်ကြပါသည်။
(ဃ) (ဝရး၃၀)နာရီအချိန် ကျောင်းတက်ရန်လူစစ်တန်းစီခြင်းများ ပြုလုပ်ပြီး စာသင်ကြားရန် အတွက် ကျောင်းတက်ကြပါသည်။
(င) (၁၂း၃၀)နာရီအချိန်တွင် ကျောင်းလွှတ်ပြီး စားရိပ်သာတွင်နေ့လည်စာ သုံးဆောင်၍ အိပ်ဆောင်၌ ခေတ္တအနားယူခြင်း။
(စ) (၁၄းဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာမှအိပ်ယာထပ်နှိုးခရာမှုတ်၍ Training သွားရန် ပြင်ဆင်ခြင်းများပြုလုပ်ခြင်း။
(ဆ) (၁၄း၁၅)နာရီအချိန် Training မသွားမီတာဝန်ကျဆရာမှ တန်းစီလူစစ်ဆေးခြင်းများ ပြုလုပ်ပြီး မိမိအားကစားရုံကွင်းများသို့ စနစ်တကျတန်းစီသွားကြပါသည်။
(ဇ) (၁၄း၃၀)နာရီအချိန်မှ (၁၅းဝ၀)နာရီအချိန်ထိ မိမိလေ့ကျင့်ရေးရုံတွင် Mental Training များလေ့ကျင့်ဆောင်ရွက်ပေးခြင်း။
(စျ) (၁၅းဝ၀)နာရီအချိန်တွင် မိမိအားကစားနည်းအလိုက် Training plan အတိုင်း လေ့ကျင့်မှု များ ပြုလုပ်ပြီး (၁ရး၁၅)နာရီအချိန်လေ့ကျင့်မှုရပ်နားပြီး (၁၅)မိနစ်၊ ရုံပတ်ဝန်းကျင် သန့်ရှင်းရေးများပြုလုပ်ပြီး၊ ညနေစာသုံးဆောင်ရန်အတွက် ခေတ္တရပ်နားခြင်းဖြစ်ပါသည်။
(ည) ညနေစာကို (၁၈းဝ၀)နာရီအချိန်မှ (၁၉းဝ၀)နာရီအချိန်ထိ ညနေစာသုံးဆောင်၍ (၁၉းဝ၀) နာရီအချိန် ညစာကြည့်ရန်အတွက်တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်း ပြုလုပ်ပြီး (၁၉းဝ၀)နာရီမှ (၂၁းဝ၀)အချိန်ထိ ညစာကျက်၍ (၂ဝးဝ၀)နာရီအချိန်တွင် တာဝန်ကျဆရာများမှ ပြန်လည်တန်းစီလူစစ်ဆေးခြင်းပြုလုပ်ပြီး နောက်တစ်နေ့အစီအစဉ် နှင့် လိုအပ်တာများမှာကြားပြီးတစ်နေ့တာပြီးဆုံးခြင်းနှင့် ပြီးစေတန်းဖြုတ်ခြင်း၊ အိပ်စက် အနားယူရန်အတွက် ပြင်ဆင်ခြင်းနှင့် (၂ဝးဝ၀)နာရီအချိန် မီးမှိတ်ခရာမှုတ်၍ အိပ်စက် အနားယူခြင်း၊ တစ်နေ့တာပြီးဆုံးခြင်းဖြစ်ပါသည်။