အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီမှ ဆုချီးမြှင့်ခြင်း

အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းကျောင်း အနေဖြင့် အားကစားနှင့်ပညာရေး လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် ၁၉၉၉ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက မြန်မာနိုင်ငံ အိုလံပစ်ကော်မတီမှတစ်ဆင့် အားကစားနှင့်ပညာရေးပေါင်းစည်းရေး ဆုတံဆိပ် (Sport and Education Trophy) ကိုချီးမြှင့်ပေးအပ်ခဲ့ပါသည်။