Latest News

ဘတ်စကက်ဘောအားကစားနည်း

            အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး) အားကစားပြိုင်ပွဲကို နေပြည်တော်နှင့် ရန်ကုန်တွင် (၇. ၁.၂၀၁၆) ရက်နေ့မှ (၁၂.၁.၂၀၁၆) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ကြက်တောင်အားကစားနည်း

            အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး) အားကစားပြိုင်ပွဲကို နေပြည်တော်နှင့် ရန်ကုန်တွင် (၇. ၁.၂၀၁၆) ရက်နေ့မှ (၁၂.၁.၂၀၁၆) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြေးခုန်ပစ်အားကစားနည်း


            အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်ဇနီး ဒေါ်နန်းအေးခိုင်တို့ကို အမှူးထား၍ အား/ကာသိပ္ပံ (ရန်ကုန်)၀န်ထမ်းမိသားစုမှ ရဟန်းလောင်း (၇) ပါးနှင့် ရှင်သာမဏေ (၁၀)ပါး တို့အား ပထမအကြိမ် စုပေါင်းရှင်ပြု၊ ရဟန်းခံအလှူမင်္ဂလာပွဲကို ၈.၄.၂၀၁၆ နှင့် ၉.၄.၂၀၁၆ ရက်နေ့တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဒက္ခိဏာရုံကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းကျောင်း၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်နှင့် အား/ကာသိပ္ပံ (ရန်ကုန်) ၀န်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက် ဗုဒ္ဓဟူးနေ့တွင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ ရုံးဟောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

            ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလူထု အားကစားလလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲသို့ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီးနှင့် သင်တန်းသား/သူများ (၅.၁၁.၂၀၁၅) ပထမအပတ်၊ (၁၂.၁၁.၂၀၁၅) ဒုတိယအပတ်၊ (၁၉.၁၁.၂၀၁၅) တတိယအပတ်၊ (၂၉.၁၁.၂၀၁၅) နောက်ဆုံးအပတ် ပါဝင်စုပေါင်းလမ်းလျှောက်ခဲ့ကြပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် Sports Administration Yunnan Province မှ Vice Chairman Mr. Xiang Yong ဦးဆောင်သောအဖွဲ့သည် (၂၈.၁၁.၂၀၁၅) ရက်နေ့တွင် အားကစားနှင်ကာယပညာသိပ္ပံ (ရန်ကုန်)သို့ လေ့လာရေးလာရောက်၍ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများအားတွေ့ဆုံပြီး အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)၊ တပ်မတော်(ရေ)၊ တပ်မတော်(လေ) လေးပွင့်ဆိုင်ချစ်ကြည်ရေးဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲကို (၂၇.၁၁.၂၀၁၅ ရက်နေ့မှ ၂၈.၁၁.၂၀၁၅) ရက်နေ့အထိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ပြေးခုန်ပစ်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း၊ ထူးချွန်အားကစားသမားများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့တွင် ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages