Latest News

အသက် (၁၆)နှစ်အောက် 4 TV Cup 2015 ပိုက်ကျော်ခြင်းပြိုင်ပွဲ ကို (30.3.2015 မှ 5.4.2015) ရက်နေ့အထိ သုဝဏ္ဏ(ရန်ကုန်) မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ပိုက်ကျော်ခြင်း(က)အသင်းမှ (ပထမဆု)နှင့် (ခ)အသင်းမှ တတိယဆုရရှိခဲ့ပါသည်။ ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ပိုက်ကျော်ခြင်းအသင်းအား ကျောင်းအုပ်ကြီး ဦးစိုးအောင်မှ ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ပဏာမသွေးသစ်ရွေးချယ်ရေးအတွက် (ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ရှိ) ကွယ်လွယ်ရွာ၊ တောင်ပေါ်စုရွာ၊ ပြင်ရွာနှင့် ကံကြီးရွာများသို့ ကျောင်းအုပ်ကြီး ဦးစိုးအောင် ခေါင်းဆောင်သောအဖွဲ့ သွားရောက် ကွင်းဆင်း ရွေးချယ်ရေးဆောင်ရွက်ခဲ့ပါသည်။

 

အားကစားလှုပ်ရှားမှုနယ်မြေဖြစ်သော အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျိုက္ကဆံကွင်းအတွင်း အများပြည်သူများ နေ့စဉ် နံနက်နှင့် ညနေပိုင်းများတွင် လမ်းလျှောက်ခြင်း၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများပြုလုပ်နေသူများနှင့် စည်ကားလျက်ရှိပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သွေးသစ်ရွေးချယ်ရေးအတွက် (ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်) သို့ (၃၀.၃.၂၀၁၅) ရက်နေ့တွင် ကျောင်းအုပ်ကြီး ဦးစိုးအောင် ဦးဆောင်သော အဖွဲ့ သွားရောက်ကွင်းဆင်း ရွေးချယ်ခဲ့ပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သွေးသစ်ရွေးချယ်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့) သို့ (၂၅.၃.၂၀၁၅ ရက်နေ့မှ ၂၇.၃.၂၀၁၅ ရက်နေ့အထိ) ဒုတိယအကြိမ် သွားရောက်ကွင်းဆင်း ရွေးချယ်ခဲ့ပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သွေးသစ်ရွေးချယ်ရေးအတွက် (တနင်္သာရီတိုင်းဒေသကြီး) သို့ (၁၉.၃.၂၀၁၅ ရက်နေ့မှ ၂၂.၃.၂၀၁၅ ရက်နေ့အထိ) ဒုတိယအကြိမ် သွားရောက်ကွင်းဆင်း ရွေးချယ်ခဲ့ပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)၊ ကျိုက္ကဆံကွင်း၌ နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် ပြည်သူလူထုများ စုပေါင်းကိုယ်လက်ကြံ့ခိုင်မှုလေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် လမ်းလျှောက်ခြင်းများအား နေ့စဉ် လာရောက်ပြုလုပ်လျက်ရှိပါသည်။ ထိုပြုလုပ်နေမှုများအား ရုံးအဖွဲ့မှူးး ဦးကျော်ဦးနှင့်  ကျောင်းအုပ်ကြီး ဦးစိုးအောင်တို့မှ လိုက်လံကြည့်ရှုခဲ့ကြပါသည်။

၂၀၁၅ခုနှစ်၊ မတ်လ(၁၄)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် University of Tsukuba Committee of Tsukuba International Tennis Tournament  of International Sports Volunteer  Activity (ISVA) မှ တွဲဖက်ပါမောက္ခ Mr.

အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ထူးချွန်အားကစားသမားများ နှစ်ပတ်လည်ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ မတ်လ (၆)ရက်၊ သောကြာနေ့တွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ကျိုက္ကဆံကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

(22.2.2015) ရက်နေ့တွင် အားကစားဝန်ကြီးဌာနနှင့် Mega Lifesciences Ltd. တို့ ပူးပေါင်း စီစဉ်သော Ferrovit အမျိုးသမီး စုပေါင်းလမ်းလျှောက်ပွဲ ကြီးတွင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်မှ လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးနှင့် ကျေးဇူးတင်စကား  ပြောကြားခဲ့ပါသည်။

Pages