Latest News

LG Co.,Ltd မှ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)တွင် သင်တန်းသား/သူအိပ်ဆောင်ရှိ ရေချိုးခန်း (၂)ခန်းအား ပြန်လည်ပြုပြင်ပေးခြင်း၊

အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၏ 2015 - 2016 ပညာသင်နှစ် သင်တန်းသား/သူများအပြီးသတ်ရွေးချယ်ရေးအတွက် အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာမြလေးစိန်မှ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ရှိ နည်းပြဆရာ/မများအား (2.5.2015) ရက်နေ့တွင် ဆေးပညာဆိုင်ရာ ကျန်းမာရေးစီမံချက်များကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၏ 2015 - 2016 ပညာသင်နှစ်အတွက် အပြီးသတ်ရွေးချယ်နေသော သင်တန်းသား/သူများ၏ ပညာရေးအဆင့်ဥာဏ်ရည်စစ်ဆေးခြင်းအား အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 2.5.2015 (စနေနေ့)

အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၏ 2015 - 2016 ပညာသင်နှစ်အတွက် အပြီးသတ်ရွေးချယ်နေသော သင်တန်းသား/သူများ၏ ကြံခိုင်စွမ်းရည်စစ်ဆေးနေမှုများနှင့် ဆေးစစ်ဆေးနေမှုများအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုကြပ်မတ်စစ်ဆေးခဲ့ပါသည်။ ရွေးချယ်နေမှုများကို (29.4.2015) ရက်နေ့မှစတင်ရွေးချယ်နေပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်း၏ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ကျောင်းမဖွင့်မှီ ပြင်ဆင်ထားရှိမှုအခြေအနေများအား ရုံးအဖွဲ့မှူး ဦးကျော်ဦးမှ (၂၇.၄.၂၀၁၅) ရက်နေ့တွင် လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) တွင် တာဝန်ထမ်းဆောင်နေကြသော တာဝန်ခံများနှင့် နည်းပြဆရာ/မများအား ပြည်ထောင်စုဝန်ကြီးမှ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ အစည်းအဝေးခန်းမ၌ (၂၅.၄.၂၀၁၅) ရက်နေ့တွင် တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။

ကျောင်းအုပ်ကြီးနှင့် ၀န်ထမ်းများတွေ့ဆုံပွဲကို (7.4.2015) ရက်နေ့တွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ကျိုက္ကဆံကွင်းရှိ ပြည်ထောင်စုခန်းမတွင် နေ့လည် (၁း၀၀ နာရီမှ ၃း၀၀နာရီထိ)ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုတွေ့ဆုံပွဲတွင် ကျောင်းအုပ်ကြီးမှ ၀န်ထမ်းများအား ကံစမ်းများဖောက်ပေးခဲ့ပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ပဏာမသွေးသစ်ရွေးချယ်ရေးအတွက် (ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့) သို့ (၃.၄.၂၀၁၅) ရက်နေ့မှ (၅.၄.၂၀၁၅) ရက်နေ့အထိ သွားရောက်ကွင်းဆင်း ပဏာမရွေးချယ်ခဲ့ပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ပဏာမသွေးသစ်ရွေးချယ်ရေးအတွက် (ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ စစ်တွေမြို့) များသို့ (၃၀.၃.၂၀၁၅) ရက်နေ့မှ (၅.၄.၂၀၁၅) ရက်နေ့အထိ သွားရောက်ကွင်းဆင်း ပဏာမရွေးချယ်ခဲ့ပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ပဏာမသွေးသစ်ရွေးချယ်ရေးအတွက် (ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ စစ်တွေမြို့) များသို့ (၃၀.၃.၂၀၁၅) ရက်နေ့မှ (၅.၄.၂၀၁၅) ရက်နေ့အထိ သွားရောက်ကွင်းဆင်း ပဏာမရွေးချယ်ခဲ့ပါသည်။

Pages